တရားမ၀င် အဆောက်အအုံ ဒဏ်ကြေးလျှော့ပေးရန် မရှိ

တရားမ၀င် အဆောက်အအုံ ဒဏ်ကြေးလျှော့ပေးရန် မရှိ - Property News in Myanmar from iMyanmarHouse.com
20 Aug 2015 10:25 am တွင် တင်ခဲ့သည်
816 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တွင် တရားမ၀င် အဆောက်အအုံများ လျော့နည်းခြင်း မရှိ၍ ဒဏ်ကြေး ကောက်ခံမှုကို လျှော့ပေါ့ပေးမည် မဟုတ်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောသည်။

“ပြည်သူတွေ ထိခိုက်မှုမရှိအောင် တရားမ၀င် အဆောက်အအုံတွေကို ဖြိုမယ့် အစား၊ ဒဏ်ကြေး ပေးဆောင်စေပြီးတော့ ဖြေလျှော့မှုတွေ ပေးထားပြီး ဖြစ်တဲ့အတွက် ဒဏ်ကြေးလျှော့ပေးဖို့ အစီအစဉ်မရှိပါဘူး”ဟု ၎င်းကပြောသည်။

ရန်ကုန်မြို့တွင် တရားမ၀င် အဆောက်အအုံများ လျော့နည်း ပပျောက်စေရန် ၂၀၁၂ ခုနှစ်မှစ၍ စီမံချက်များ ရေးဆွဲကာ အသိပညာပေး ဟောပြောပွဲများ၊ ရပ်ကွက်များ အတွင်း အသံချဲ့စက်နှင့် နှိုးဆော်ခြင်း၊ သတိပေး တားမြစ်စာ ပေးပို့ခြင်း စသည့် နည်းလမ်းများဖြင့် ဆောင်ရွက်ခဲ့ကြောင်း မြို့တော်ဝန်က ဆိုသည်။

သို့သော် ယနေ့အချိန်ထိ တရားမ၀င် အဆောက်အအုံများ လျော့နည်းသွားခြင်း မရှိဘဲ တရားမ၀င် (၂၂၄၉)လုံးကို တရားစွဲဆိုကာ ဒဏ်ကြေး ပေးဆောင်စေကြောင်း သိရသည်။

“အခုဒဏ်ကြေးက များတော့ မြေရှင်က မဆောင်နိုင်တဲ့အပြင် ကန်ထရိုက်ကလည်း ရှောင်နေတာ ရှိနေတဲ့အတွက် အားလုံး အဆင်ပြေစေဖို့ ဒဏ်ကြေးကို လျှော့ဖို့ မေးမြန်းရခြင်း ဖြစ်တယ်”ဟု အဆိုရှင်ဖြစ်သူ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန်းစန်းမြင့်က ပြောသည်။

ယခုလက်ရှိ ရန်ကုန်မြို့တွင် တရားမ၀င် ဆောက်လုပ်မှုများကို တစ်စတုရန်း ပေလျှင် (၂၅၀၀)ကျပ်နှင့် အလွန်အကျွံ ဆောက်လုပ်သူများကို တစ်စတုရန်းပေလျှင် (၁၅၀၀၀) ကျပ် ဒဏ်ကြေး ကောက်ခံနေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

Credit: messenger

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...

ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်

အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...

တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service