ရန်ကုန်မြို့တော်၏ ဒုတိယစီးပွားရေးဇုန်ကို နောက်ငါးနှစ်အတွင်း အကောင်အထည်ပေါ်အောင် အပြီးသတ်လုပ်ဆောင်မည်

ရန်ကုန်မြို့တော်၏ ဒုတိယစီးပွားရေးဇုန်ကို နောက်ငါးနှစ်အတွင်း အကောင်အထည်ပေါ်အောင် အပြီးသတ်လုပ်ဆောင်မည် - Property News in Myanmar from iMyanmarHouse.com
18 Aug 2015 10:28 am တွင် တင်ခဲ့သည်
1929 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်း ကုန်းမြို့နယ်၌ တည်ဆောက်မည့် ဒုတိယ စီးပွားရေးဇုံအား ငါးနှစ် အတွင်း အပြီးသတ်လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ သိရ သည်။

အဆိုပါ ဒုတိယစီးပွားရေးဇုန် စီမံကိန်းအား ၂ဝ၁၃ ခုနှစ်မှ စတင် ကာ ဆောင်ရွက်ရန် စီစဉ်ခဲ့ကြပြီး ၂ဝ၁၄ ခုနှစ်အတွင်း တင်ဒါခေါ်ယူခဲ့ ရာ ၂ဝ၁၄ ခုနှစ်၊ သြဂုတ်လအတွင်း ၌ ကုမ္ပဏီတစ်ခု တင်ဒါအောင်မြင်ခဲ့ ကြောင်း သိရသည်။

”တင်ဒါအောင်မြင်တာက ပြီးခဲ့ တဲ့ နှစ်ကတည်းက။ အခုတော့ မြေစမ်းနေပြီ။ အဆင့်ဆင့် လုပ် ဆောင်မှုတွေ ရှိနေတဲ့အပြင် ကုမ္ပဏီ တစ်ခုတည်းလည်း ဖြစ်တာကြောင့် နည်းနည်းကြာနေတာပါ” ဟု ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော် မတီ၊ အင်ဂျင်နီယာ (အဆောက် အအုံ) ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒုတိယစီးပွားရေးဇုန် စီမံကိန်း အား ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊မင်းဓမ္မလမ်းနှင့် တော်ဝင်လမ်းထောင့်ရှိ
မြေ ၃၈ ဧက ပေါ်တွင် ဖော်ဆောင်သွားမည်ဖြစ်ပြီး လုပ်ဆောင်ခွင့် ရရှိသည့် တင်ဒါ အောင်မြင်ပြီးသား ကုမ္ပဏီမှာ Myanmar V-PileGroupofCo.,Ltd ဖြစ်ကာယင်းကုမ္ပဏီသည် ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခု ဖြစ် ကြောင်း သိရသည်။

ယခုစီမံကိန်းသည် ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ နှင့် Myanmar V-Pile Group of Co., Ltd တို့ အကျိုးတူ ပူးပေါင်း လုပ်ကိုင်မည့်လုပ်ငန်းဖြစ်ပြီး လက်ရှိ တွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (Myanmar Investment Commission-MIC) ထံ ရင်းနှီးမြှုပ်နှံ ခွင့် တင်ထားပြီးဖြစ်ကာ မြေသား စမ်းသပ်မှုများ လုပ်ကိုင်လျက်ရှိပြီး အဆိုပါ စီမံကိန်းကို ငါးနှစ်အတွင်း အပြီးသတ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ဒုတိယစီးပွားရေးဇုံစီမံကိန်းအတွင်းစီးပွားရေးအဆောက်အအုံ များအပြင် လူနေကွန်ဒိုများ၊ ဆေးရုံ၊ ဈေးဝယ်စင်တာ၊ ရုံးခန်းများ၊ ဟိုတယ်များ အစရှိသည်တို့ ပါဝင်နေ မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တင်ဒါအောင်မြင် ထားသည့် Myanmar V-Pile Group of Co.,Ltd အနေဖြင့် ၁၂ ထပ်အမြင့် ရှိသည့် စီးပွားရေးအဆောက်အအုံ နှစ်လုံး၊ငါးထပ်အမြင့်ရှိသည့် ဈေး ဝယ်စင်တာတစ်လုံး၊ ၁၂ ထပ် အမြင့် ရှိသည့် ကုမ္ပဏီရုံးခန်းများသာ ပါဝင် သော အဆောက်အအုံတစ်လုံး၊ ငါးထပ်အမြင့် ရှိသည့် Conversation Center အစရှိသည့် အဆောက် အအုံများကို ထည့်သွင်းတည်ဆောက် သွားမည်ဖြစ်ကြောင်းရန်ကုန်မြို့ တော်စည်ပင်သာယာရေး
ကော်မတီ၊ အင်ဂျင်နီယာ (အဆောက်အအုံ) ဌာန မှ သိရသည်။


”ဒီစီးပွားရေးဇုန် ပြီးသွားရင် တော့ မြို့လယ်ကောင်မှာ ဖြစ်နေတဲ့ ယာဉ်ကြောကျပ်တာတွေ၊ လူနေ သိပ်သည်းတာတွေ၊ မြို့လယ်တစ်ခု တည်း ဖွံ့ဖြိုးတိုးတက်နေတာတွေ မဟုတ်တော့ဘဲ ရန်ကုန်မြို့နေရာ အနှံ့ ဖွံ့ဖြိုးတိုးတက်လာနိုင်မှာ ဖြစ် တယ်”ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ မြို့ပြစီမံ ကိန်း ညွှန်ကြားရေးမှူး ဦးတိုးအောင် က ပြောသည်။

အဆိုပါဒုတိယ စီးပွားရေးဇုန် စီမံကိန်းသည် JICA နှင့် မြို့တော် စည်ပင် ပူးပေါင်းရေးဆွဲခဲ့သည့် ရန်ကုန်မြို့တော် ၂ဝ၄ဝ City Plan အတွင်းပါရှိကြောင်း သိရသည်။

ဒုတိယစီးပွားရေး ဇုန်အဖြစ် အကောင်အထည်ဖော်ရန် အဆိုပါ နေရာကို ရွေးချယ်ခဲ့ရခြင်းမှာလည်း ယင်းနေရာသည် လူအသွားအလာ ကျဲပါးခြင်း၊ ခရီးသည် တင်ယာဉ်လိုင်း များ ဖြတ်သန်းသွားမှု မရှိခြင်းနှင့် လက်ရှိ အဆိုပါ တည်နေရာသည် စီးပွားရေးဇုန်အဖြစ် အကောင် အထည်ဖော်လုပ်ကိုင်ရန်အထူး ကောင်းမွန်သည့်နေရာ
ဖြစ်နေခြင်း စသည့် အချက်များကြောင့် ရွေးချယ် ခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။


”စီးပွားရေးဇုန်လို့ စခဲ့တဲ့ အချိန် ကတည်းက မြေဈေးနှုန်းတွေ အဆ မတန် မြင့်တက်လာခဲ့တာလေ။ အဓိကက မင်းဓမ္မလမ်း အနီးတစ် ဝိုက်၊ တောင်ဥက္ကလာ ပါရမီလမ်း တစ်လျှောက်၊ ဝေဇယန္တာလမ်းတစ် လျှောက် ဈေးတွေ နှစ်ဆ၊ သုံးဆ နီးပါး မြင့်တက်ခဲ့တယ်။ အခုလည်း ဈေး တွေကတော့ အမြင့်ဈေးမှာ ရှိနေပြီး အရောင်းအဝယ်တွေကတော့ ရပ်နေ တယ်” ဟု Lucky Star အိမ်ခြံမြေ ဝန်ဆောင်မှု လုပ်ငန်းမှ ဦးညီညီက ပြောသည်။

အဆိုပါ စီးပွားရေးဇုန် စီမံကိန်း ကြောင့် ဖွံ့ဖြိုးတိုးတက်ရန်နှောင့်နှေး နေသည့် မြို့နယ်အများစု ဖွံ့ဖြိုး တိုးတက်လာနိုင်မည် ဖြစ်ကြောင်း၊ စီမံကိန်းကြောင့် ဖွံ့ဖြိုးတိုးတက်လာ နိုင်သည့် မြို့နယ်များမှာ တောင် ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ်အရှေ့ ပိုင်း၊မြောက်ပိုင်း၊ မရမ်းကုန်းမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ မြို့သစ်၊ မင်္ဂလာဒုံမြို့နယ်အစရှိသည့် မြို့နယ်များ ဖြစ်ကြောင်း၊ ယင်း မြို့နယ်များ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်လာနိုင်ပြီး စီးပွားရေးဖွံ့ဖြိုးမှု နှင့်အတူ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူနေမှု အဆင့်အတန်း များ စသည်တို့လည်း ပိုမိုတိုးတက် လာနိုင်မည် ဖြစ်ကြောင်း သိရ သည်။

Credit: The Trade Times

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
အမေရိကန်ပြည်၊ မင်နီယာပိုလစ်မြို့မှာ ပေ ၂၀ ရှည်တဲ့ ခဲတံကြီးကို နှစ်တိုင်း ချွန်ပေးနေရတဲ့ အကြောင်းရင်း...
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
အမျိုးသားတစ်ဦးက ညစဉ် live လွှင့် ကပြကာ ကင်ဆာရောဂါဖြစ်ပွားနေသော ဇနီးနှင့် သမီးအတွက် ဆေးဖိုးငွေရှာ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
တရုတ်ပြည်တွင် လူငယ်တစ်ဦးမှာ ချစ်သူမိန်းကလေးဟောင်းကို မေ့နိုင်ရန်အတွက် တောင်တန်းများဆီသို့ ထွက်သွားရာ ရဲတပ်ဖွဲ့ဝင် ၁၀၀ ဦး၊ ခွေးများ၊ ဒရုန်းများ ၊ အသံလှိုင်းဖြင့် ခြေရာခံသည့် စက်များဖြင့် ရှာဖွေခဲ့ရ...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော မွေးစားသမီးအား တရားရုံးက ထောင်ဒဏ် ၁၈ နှစ်ချမှတ်...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက် တုန်လှုပ်ခြောက်ခြားနေ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်ကြီးနေ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ်ထွက်ကာ်လှိုဏ်ဂူတစ်ခုထဲတွင် နေထိုင်လျက်ရှိပုံ...
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service