ဝါရှင်တန်ရဲ့ အပူဒဏ်နဲ့ စိုစွတ်ထိုင်းမှိုင်းတဲ့ ရာသီဥတုဒဏ်ကနေ ထွက်ပြေးလွတ်မြောက်ဖို့တော့ လိုနေပါပြီ။ ဒါပေမဲ့ သွားစရာနေရာက မရှိပြန်ဘူး။ သို့သော်ငြားလည်း အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၅ သန်းလောက်ရှိရင်တော့ ၂၀၁၃ ခုနှစ် သြဂုတ်တုန်းက အမေရိကန်သမ္မတအိုဘားမားလာရောက်အပန်းဖြေအနားယူခဲ့တဲ့ မက်ဆာချူးဆက်ရှိ Martha’s Vineyard ကျွန်းပေါ်က အိမ်ကိုတောင် သင့်အနေနဲ့ ပိုင်ဆိုင်နိုင်ပါတယ်။
လွန်ခဲ့တဲ့နှစ်နှစ်က အမေရိကန်သမ္မတ အိုဘားမားနဲ့ သူ့မိသားစုဟာ အထက်မှာဆိုခဲ့သလိုပဲ ဒီအိမ်ကို လာရောအပန်းဖြေခဲ့ကြပါတယ်။ အိုဘားမားမိသားစုဟာ စုစုပေါင်း ၈ ရက်နေခဲ့ကြတယ်လို့ သိရပါတယ်။
ဒီအိမ်ကို ဒေးဗစ်ရှုဆိုသူက ၂၀၀၀ ပြည့်နှစ်မှာ အမေရိကန်ဒေါ်လာ ၃ သန်းနဲ့ ၀ယ်ယူခဲ့တာဖြစ်ပါတယ်။ ဆီယက်တယ်လ်ဗိသုကာပညာရှင် ရစ်ခ်ဆန်းဘာ့ဂ် ဒီဇိုင်းထွင်ထားတဲ့ နေအိမ်ဖြစ်ပြီး အင်ဒရူးဖလိတ်ခ်က ၂၀၀၆ ခုနှစ်မှာ တည်ဆောက်ခဲ့တာပါ။
စတုရန်းပေ ၆၉၆၇ ပေ ကျယ်ဝန်းတဲ့ ပင်မအိမ်ကြီးမှာ အိပ်ခန်းခြောက်ခန်း၊ ရေချိုးခန်းခုနစ်ခန်းနဲ့ မီးလင်းဖိုသုံးခုတို့ ပါရှိပါတယ်။
ကြမ်းခင်းကနေ မျက်နှာကြက်ထိ သွယ်တန်းဖောက်လုပ်ထားတဲ့ ပြတင်းတွေကလည်း ချီလ်းမာ့က်ရေကန်နဲ့အတ္တလန္တိတ်သမုဒ္ဒရာတို့ကို မြင်တွေ့
ရစေပါတယ်။ ၁၀ ဧကနီးပါးရှိ အဲ့ဒီခြံထဲမှာ အိပ်ခန်းနှစ်ခန်းပါတဲ့ ဧည့်သည်ဆောာင်တစ်ဆောင်လည်း ပါရှိပါသေးတယ်။
ဒါ့အပြင် ရေကန်ကို ဆိုက်မယ့် သီးသန့်လှေဆိပ်တစ်ခု၊ သဲသောင်ပြင်စွန်းသုံးဖက်၊ဘတ်စ်ကတ်ဘောကွင်းတစ်ကွင်း၊ အိမ်တွင်းအားကစားလေ့ကျင့်ရာနေရာတစ်ခုနဲ့ အပူပေးထားတဲ့ ရေကူးကန်တစ်ခုတို့လည်း ပါဝင်တယ်လို့ သိရပါတယ်။
Tom Wallace of Wallace & Co. Sotheby’s InternationalRealtyအိမ်ခြံမြေရောင်းဝယ်ငှားလေလံ
တင်အေးဂျင့်က ဈေးနှုန်းသတ်မှတ်တဲ့အနက် ဒီအိမ်ကတော့ ဒီကျွန်းမှာ ခေါ်ဈေးအမြင့်ဆုံးအိမ်ပါပဲ။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team ဘာသာပြန်သည်။)