အိမ်ခြံမြေ အပိုင်ပေးချင်လျှင်

အိမ်ခြံမြေ အပိုင်ပေးချင်လျှင် - Property Knowledge in Myanmar from iMyanmarHouse.com
26 Jun 2015 10:30 am တွင် တင်ခဲ့သည်
2591 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

အထူးသဖြင့် ကျွန်တော်သိချင်တာတစ်ခုက အခုလောလောဆယ်မှာ ကျွန်တော်အလုပ်လဲလုပ်နိုင်တယ်။ နေလဲကောင်းပါတယ်။ ဒါပေမဲ့ အသက်ကကြီးလာပြီလေဆရာရဲ.။ ဒီတော့ကျွန်တော်ပိုင်တဲ့ အိမ်ခြံမြေတွေ.ပေါ့။

ဆရာပြောတဲ့ “မရွေ.ပြောင်းနိုင်တဲ့” အဲဒီပစ္စည်းတွေကိုမိဘတွေဖြစ်တဲ့ကျွန်တော်တို. မရှိကြတဲ့အခါမှာ ဘယ်လိုယူကြပါ။ ရနိုင်ကြပါဆိုတာကို သေတမ်းစာ လိုမျိုး ခို်င်ခိုင်မာမာစီစဉ်ခဲ့ချင်ပါတယ်။ ရနိုင်တယ်မဟုတ်လားဆရာ။ ရှေ.နေခေါ်ပါဆိုလဲခေါ်မယ်လေ။ ကျွန်တော်တို. လူကြီးနှစ်ယောက် မရှိတဲ့အခါ အစီအစဉ်ကိုပြောတာပါ။

ဟုတ်ပါပြီး။ ဦးသန်းအေး ကျွန်တော်အတွေ.အကြုံနဲ. ဖတ်ဖူးသမျှစာအုပ်တွေထဲမှာတော့ “မရွေ.ပြောင်းနိုင်သောပစ္စည်း” တွေအတွက်သေတမ်းစာသဘောမျိုးရေးလို. မရဘူးလို.လဲ ကျွန်တော် သိထားတယ်ဗျ။

ကဲဦးသန်းအေး ရယ် စိတ်ထိန်းပါ၊ လာပြန်ပြီကော “ကင်းဝန်မင်းကြီးဦးကောင်း” နောက်တစ်ယောက်လို.ပဲ ကျွန်တော်ကခင်ဗျာကို ပြောလိုက်တော့မယ်။

“အိမ်ခြံမြေပိုင်ဆိုင်မှုတွေနဲ. သေးတမ်းစာကိစ္စ” ကို ကြီးကြီးကျယ်ကျယ်ပြောရမယ်ဆိုရင် ကျွန်တော်တို. မြန်မာနိုင်ငံရဲ. နောက်ဆုံးမင်းဆက် သီပေါမင်းတရားကြီးပါတော်မူသွားတဲ့ ၁၈၈၅ ရဲ.နောက် လေးနှစ်အကြာမှာ “အိမ်ခြံမြေပိုင်ဆိုင်မှုတွေနဲ. သေးတမ်းစာကိစ္စ” ကိုမြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန်.ပြန်. စုံစမ်းခြင်းကိုပြုလုပ်ခဲ့
ကြတယ်။

အဲဒီအချိန်အခါတုန်းက (လွန်ခဲ့တဲ့နှစ် ၁၀၀ ကျော်က) ကင်းဝန်မင်းကြီးဦးကောင်းကလဲ “သေတမ်းစာ”
ခြောက်စောင်တင်ပြပြီး ဆိုခဲ့ကြပါသေးတယ်။ ဒါကြောင့် ကျွန်တော်က ဦးသန်းအေးကို ဒုတိယ “ဦးကောင်း” လို.ပြောချင်တာပါ။

အမျိုးမျိုးသုံးသပ်၊ စဉ်းစား၊ စုံးစမ်းကြပြီးတဲ့နောက်မှာတော့ ၁၈၈၀ခုနှစ်မှာ စီရင်ခဲ့တဲ့ “မဘွင့် နဲ. မရင်အမှု” အတိုင်းပဲ မြန်မာဗုဒ္ဓများသည် “သေတမ်းစာ” ဖြင့် အိမ်ခြံမြေပိုင်ဆိုင်မှုများကို စီစဉ်ပိုင်ခွင့်မရှိလို. အတည်ပြုချက်ထပ်မံပြီး ပေါ်လာခဲ့ပါတယ်၊ ဒီနေ.အထိမှာလည်း မြန်မာဗုဒ္ဓဘာသာဝင်များဟာ “သေတမ်းစာ” ရေးသားခွင့်မရှိလို.ဆိုသော ဥပဒေမှာ အတည် ဖြစ်လျက်ပါပဲ။

ကဲ…. ဦးသန်းအေး ကျွန်တော်တို.တစ်တွေနဲ. “သေတမ်းစာ” ဘာကြောင့်မဆီလျော်ရသလဲဆိုတာ ကျွန်တော်လေ့လာ ထားတာတွေကို ပြောပြမယ်။

သေတမ်းစာဆိုတာက “တရားဝင်ကြေငြာစာတမ်း” တစ်ခုတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ “အမွေရှင်” သေဆုံးတဲ့အခါမှာ ဘယ်ပစ္စည်း၊ ဘယ်မြေကွက်တွေကို ဘယ်သူတွေယူကြပါလို. အမွေရှင်တစ်ဦးတည်းရဲ.ဆန္ဒနဲ.
ပြုလုပ်ခဲ့တာမျိုးပါ။

ဒီတော့ သေးတမ်းစာပြုလုပ်ခဲ့ခြင်းအားဖြင့် သားသမီးနဲ.အမွေဆိုင်တွေက “ဒီလိုခွဲဝေပေးခဲ့မူကို” ကျေနပ်နိုင်
ကြမှာမဟုတ်လို. အမွေရှင်သေလွန်တဲ့အခါမှာ အမွေအမှုအခင်းဖြစ်ဖို.သေချာတော့တာပေါ့။ “ငါသေပြီးရင် မင်းတို.မိသားစုရန်ဖြစ်ကြတော့” လို. အမှာစာရေးခဲ့တာမျိုးဖြစ်နေတယ်လေဗျာ။

“ဒီလိုဆိုရင် ကျွန်တော်တို.က ဘာလုပ်ရတော့မှာလဲဆရာ” လို. ဦးသန်းအေးက ထပ်လဲဝင်ပြီးမေးရော…

“ကပ္ဗတိန် သင်တန်းသားဦးတိုး” က ကဲကိုသန်းအေး ဒီကိစ္စက ကျွန်တော်တို.သဘောင်္ထွက်ခါနီး “project” ရေးခဲ့သလို ကိစ္စမျိုးမဟုတ်ဘူးလေဗျာ။ နားဆက်ထောင်ကြရအောင်လို.လဲ ဝင်ပြီးနောက်လိုက်တာနဲ.

ကျွန်တော်က ဟုတ်ပါတယ်၊ အိမ်ခြံမြေပိုင်ဆိုင်မှုတွေကို ခွဲတဲ့အခါမှာ သေးတမ်းစာထက်လဲပိုပြီးခိုင်မာတယ်။ ဥပဒေကလဲပိုပြီး ခိုင်မာတယ်။ ဥပဒေကလဲခွင့်ပြုတယ်။ ခွင့်ပြုရုံမဟုတ်ဘူးရှိစေချင် လုပ်စေချင်တာ တစ်ခုရှိတယ် အဲဒါက “မိသားစုစီမံမှု” တဲ့ဗျာ။

“မိသားစုစီမံမှု” ဆိုတာက အခြားမဟုတ်ပါဘူး၊ အမွေရှင်(ပစ္စည်းရှင်)ကွယ်လွန်တဲ့အခါမှာ အမွေပစ္စည်းတွေ (အဓိကကတော့ မရွေ.မပြောင်းနိုင်တဲ့ပစ္စည်းတွေကို ဘယ်လိုခွဲဝေယူကြမယ်ဆိုတဲ့ မိသားစုတစ်စုလုံး
သဘောတူပြီးလက်မှတ်ရေးထိုး အတည်ပြုခဲ့တဲ့ စီမံမှုတစ်ခုပါပဲဗျာ။ စာချုပ်တစ်ခုလုပ်ကြရတယ်ပေါ့ဗျာ။ အဲဒီလိုစာချုပ်ကို “ကြေညာစာတမ်း” လို.ခေါ်ရင်လည်းရပါတယ်။

“မိသားစုစီမံမှု” က “သေတမ်းစာ” နဲ. ကွားခြားတာကတော့ နည်းနည်းလေးပါ။ ဒါပေမဲ့ အကျိုးသက်ရောက်မှုမှာတော့ အလွန်တစ်ရာကွာသွားပါတယ်။

“မိသာစုစီမံမှု” တစ်ခုကို ပြုလုပ်ရင် “အမွေရှင်” သေးဆုံးတဲ့အခါ ဘယ်ပစ္စည်း၊ ဘယ်မြေကွက်တွေကို ဘယ်သူယူကြဆိုတာ တော့ပါရတာပါပဲ၊ ဒါပေမဲ့ အမွေရှင်လည်းလက်မှတ်ရေးထိုးရသလို သားသမီးနဲ.အမွေစားအမွေခံအားလုံး လက်မှတ်ရေးထိုးရပါတယ်။

အဲဒီလို သားသမီးနဲ. အမွေဆိုင်တွေအားလုံးက ကိုယ်ရတာကိုပဲကျေနပ်တယ်။ ကျန်အမွေဆိုင်တွေကိုပေးတာကိုလည်း ကျေနပ်ပါတယ်ဆိုတဲ့အချက်ကတော့ အရေးကြီးပါဗျာ။ ဒါကလဲလွယ်လွယ်လေးပါ။

ကိုယ်ရေးနေတဲ့ “မိသားစုစီမံမှု”လို.ပြောတဲ့ “စာချုပ်” ထဲမှာ စာတစ်ကြောင်းထည့်ရေးလိုက်လျှင် ရပါတယ်။ တကယ့် အရေးကြီးတာက တကယ်သဘောတူကြဖို.ပါပဲ။ အကြောင်းမညီညွတ်လို. သားသမီးအကုန်မဆုံနိုင်ဘူးဆိုရင်လည်း အဝေးကနေသဘောတူကြောင်းဆန္ဒပြုပြီး ကိုယ်စားတစ်ဦးဦးက လက်မှတ်ရေးထိုးလို.ရပါတယ်။

ကဲဦးသန်းအေးခင်ဗျားနားရှုတ်သေးတယ်ဆိုရင်လည်း ပြောပါ။ လိုတဲ့အခါ ကျွန်တော်ကိုယ်တိုင် လာပြီး
စီစဉ်ပေးပါ့မယ်ဗျာ။

ဦးတိုးတိုးက ဆရာအဲဒီလို “မိသာစုစီမံမှု”ပြုလုပ်ထားရင် ဘယ်လောက်အထိ ခိုင်မာပါသလဲဆရာ။

ခိုင်မာတာပေါ့ဦးတိုးတိုးရယ်။ ခိုင်မာလွန်းပါသည်လို. ပြောရင်တောင်ရပါတယ်။ မိသာစုစီမံမှု ဆိုတာကတကယ်တော့အမွေကို ကြိုခွဲကြတာလေ။ မိသားစုအတွင်းမှာ (ဥပမာ) အငယ်ကောင်းက လောဘကြီးလို. ပိုတောင်းတယ်။ အကြီးနဲ.အလတ်ကောင်တွေက သဘောကောင်းပြီးလျော့ပေးတယ်။ ဒါကို သူတို.ကလဲအဘောကျတယ်။ အဲဒီလိုခွဲလိုက်ကြရင် ရမယ့်အမွေက ဘယ်မှာမျှတတော့မှာလဲဗျာ။

အဲဒီလိုမမျှမတနဲ. ဥပဒေအရခွဲသလို အနည်းအများမညီးမညာဖြစ်နေမယ်ဆိုရင်လည်း မိသားစုစီမံမှုကပျက်ပြယ်မသွားဘူးဗျ။

မိသားစုတစ်စုဆိုတာ သဘာဝအရ တစ်ယောက်တစ်မျိုးတောင်းဆို.လေ့ရှိတယ်တဲ့။ အဲဒီလိုအခက်အခဲမျိုးကို အေးချမ်းစွာ သဘောတူ စီမံမှုပြုတယ်။အားလုံးသဘောတူပြီးသားလည်းဖြစ်ကြတဲ့အတွက် “ခွဲဝေမှုမှာအတိအကျဖြစ်မနေလဲ” မပျက်ပြယ်ဘူးတဲ့ဗျာ။ (ဦးမြတ်ဖြူနှင့် ဒေါ်စောရှင်၊ ၁၉၄၉ မတစ၊ လွှတ်တော် ၄၉၂ ၊ စီရင်ထုံးတွင် အတိအလင်းဖော်ပြထားပါတယ်)

နောက်တစ်ချက်က အမွေပေးမယ့်(အမွေရှင်)မသေဆုံးခင်မှာ သားသမီးတစ်ယောက်ယောက်ကကြိုတင်တရားစွဲ တောင်းဆိုခွင့်လည်းမရှိပါဘူး။ ဖောက်ဖျက်ခွင့်လည်းမရှိပါဘူး။ ငြင်းဆိုခွင့်လည်းမရှိပါဘူးလို.(မပန်းစီနဲ. မလှရင်၊ ၁၉၆၃၊ မတစ၊ ၈၀၀(၈၀၈)အမှုမှာ စီရင်ခဲ့ဖူးပါတယ်)

အဲဒီတော့ အမွေရှင်မိဘနှစ်ပါးဆုံးပါးသွားရင်းလည်း အမွေအမှုအခင်းမဖြစ်နိုင်တော့ဘူးပေါ့ဗျာ။ မိသာစုစီမံမှု တစ်ခုကို သေချာသာ စနစ်တကျလုပ်ထားရင် အမှားအယွင်းဖြစ်နိုင်စရာအကြောင်းလုံးဝမရှိပါဘူး။ ဒါပေမဲ့လည်း ဒါရဲ. အားသာမှုကို အဆိုးမြင်ပြီး အတုပြုလုပ်မယ်။ အမျှမတဖြစ်အောင် တမင်ပြုလုပ်မယ်၊ လိမ်လည်
ပြီးပြုလုပ်မယ်၊ ခြိမ်းခြောက်ပြီး ပြုလုပ်ကြမယ်ဆိုရင်တော့ တရားရုံးတော်က လက်ခံမှာမဟုတ်ပါဘူး
လို.လည်းသေချာရှင်းပြလိုက်တော့

ကျွန်တော့်မိသားစုမှာ ဘယ်လိုစီမံရမယ်ဆိုတာ ကျွန်တော်သိသွားပါပြီ ဆရာလို.ဦးသန်းအေးက ဖွင့်ပြောလာပါတော့တယ်။

Credit: ဦးကြည်စိုး

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service