အိမ်ခြံမြေ ပူဖောင်း ပေါက်ကွဲဖို့ စလာပြီလား

အိမ်ခြံမြေ ပူဖောင်း ပေါက်ကွဲဖို့ စလာပြီလား - Property Knowledge in Myanmar from iMyanmarHouse.com
8 May 2015 11:33 am တွင် တင်ခဲ့သည်
5552 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

၂၀၁၄ ခုနှစ် နှစ်လယ်လောက်ကတည်းက အရောင်းအ၀ယ်တွေ အေးစက်လာခဲ့တဲ့ အိမ်၊ခြံ၊မြေ ဈေးကွက်က ၂၀၁၅ နှစ်လယ်ပိုင်းမှာ အရောင်းအ၀ယ်တွေပိုမိုအေးစက်လာတဲ့အပြင်
ဈေးနှုန်းလျှော့ ရောင်းချတာမျိုးတွေ ပေါ်ပေါက် လာတဲ့ အတွက် မြန်မာ့အိမ်ခြံမြေပူဖောင်း ပေါက်ကွဲဖို့အစပျိုးလာပြီလားလို့ ဝေဖန်ပြောဆို မေးခွန်းထုတ်မှုတွေ ရှိလာပါပြီ။

အိမ်ခြံမြေဈေးကွက် ပူဖောင်းပေါက်ဖို့ လမ်းစကို စတင် သိသာ ခံစားနေရတဲ့ ဈေးကွက်ကတော့ ကြိုပွိုင့် ရောင်းချတဲ့ ဈေးကွက် ဖြစ်ပြီး ၀ယ်ယူနိုင်စွမ်း အထူးကျဆင်းလာတာမို့အရင်းအနှီးငွေကြေးကြိုတင်
ရယူတည်ဆောက်နေကြတဲ့
ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေမှာ ကြိုပွိင့် ၀ယ်ယူသူမရှိတဲ့အခြေအနေကို ကြုံတွေ့ရပြီး တည်ဆောက်နေဆဲ ဆောက်လုပ် ရေး လုပ်ငန်းခွင်တွေကို ရပ်ဆိုင်းထားရတာတွေ ရှိလာပါတယ်။

ဒီလို ဆောက်လုပ်ရေးလုပ်ငန်းခွင်တွေ ရပ်ဆိုင်းလာမှုနဲ့အတူ ဈေးကွက်ထဲမှာလည်း အိမ်ခြံမြေ အရောင်းအ၀ယ်တွေရပ်ဆိုင်းနေပြီး ငွေလိုတဲ့သူတွေအနေနဲ့ ဈေးလျှော့ ရောင်းချတာမျိုးတွေ လုပ်လာကြပါပြီ။

အိမ်ခြံမြေဈေးကွက်မှာ အရောင်းအ၀ယ်တွေ ရပ်ဆိုင်းနေတာကြောင့် အိမ်ခြံမြေအကျိုးဆောင် အလုပ်မဖြစ်တော့ဘဲညည်းညူနေကြသလို ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေလည်း အတော်ကို စိတ်မသက်မသာဖြစ်နေရပါပြီ။ ဒီလို အခြေ အနေမှာအားလုံးစိတ်ဝင်တစား တွေးတော မေးနေကြတဲ့
မေးခွန်းတခုကတော့ အိမ်ခြံမြေ လောကကို ပူဖောင်း ပေါက် တော့မှာလားဆိုတဲ့ မေးခွန်းပါပဲ။

ဒီမေးခွန်းကို သုံးသပ်ရှုမြင်ပုံချင်း မတူညီကြပေမယ့် အိမ်ခြံမြေနဲ့ ပတ်သက် ဆက်နွယ်သူအားလုံးကတော့ အိမ်ခြံမြေ ပူဖောင်း မပေါက်သေးဘဲ အစပျိုးလာပြီဆိုတဲ့ အမြင်ကို သဘောတူညီကြပါတယ်။

အေ၀မ်းဆောက်လုပ်ရေးအုပ်စု ဥက္ကဋ္ဌ ဦးရန်ဝင်းက “လက်ရှိအနေအထားမှာတော့ ဒီလိုတန့်သလို ဖြစ်သွားတဲ့အချိန်မှာ ဆက်မလုပ်နိုင်တဲ့ လုပ်ငန်းရှင်တွေလည်း ရှိပါတယ်။ ဒါပေမယ့် ဒီလောကမှာ သိပ်ဆိုးဆိုးရွားရွားကြီး ဖြစ်သေး တာ မဟုတ်သေးဘူး။ ဖြစ်မယ့်အလားအလာကို ပြနေတယ်။
မိတ်ဆွေတွေကြားမှာ ကြားနေရတာက ကြိုပွိုင့် နဲ့ရောင်းတဲ့ အချိန်မှာ ရောင်းအားက ထင်သလောက် မလာဘူး။ ဒါကြီးတခုလုံး ပြီးအောင်ဆောက်ဖို့ ဆိုတာ မဖြစ်နိုင်ဘူး။
ဘဏ်စနစ် အကူအညီကလည်း မရဘူး။ အဲတော့ အခက်အခဲတွေ တွေ့နေတယ်” လို့ ပြောပါတယ်။

အရင်က တိုက်တာတခု စဆောက်ပြီဆိုတာနဲ့ ၅၀ရာခိုင်နှုန်းအထက် ကြိုပွိုင့် ရောင်းချပြီး အရင်းအနှီး ရနိုင်ခဲ့ပေမယ့် အခုတော့ ကြိုပွိုင့် ၂၅ရာခိုင်နှုန်းလောက်ရောင်းချနိုင်ဖို့ကိုတောင် အတော်လုပ်နေရတာမို့အရင်းအနှီးမရှိတဲ့ ပြဿနာကို ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ရင်ဆိုင်လာကြရပါတယ်။

အရင်းအနှီးမြန်မြန်ရနိုင်ဖို့ ဈေးကွက်ပေါက်ဈေးထက် လျှော့ပြီး ကြိုပွိုင့်ရောင်းတာတွေ လုပ်လာကြပါတယ်။

ဦးရန်ဝင်းက “အခုဆိုရင် တကယ်တန်း ဈေးနှုန်းတွေက ဈေးကွက်မှာတော့ ခေါ်ထားတာတော့ ခေါ်ထားတာပေါ့။ တကယ်လက် တွေ့ တေ့တေ့ဆိုင်ဆိုင် ၀ယ်မယ်ဆိုရင် အများကြီးလျှော့ရောင်းနေရတာ။ ဆောက်လုပ်ရေး လုပ်ငန်းတွေ တော် တော် လေး ကို ကျပ်လာတဲ့သဘောပါ” လို့ ပြောဆိုပါတယ်။

မြန်မာ့အိမ်ခြံမြေဈေးကွက်ကို လေးလံနှေးကွေးသွားစေတဲ့ အကြောင်းအရာတွေများစွာ ရှိပြီး အထူးသဖြင့် ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေးအဖွဲ့က အိမ်ခြံမြေ အရောင်းအ၀ယ်တွေမှာ ငွေကြေးခ၀ါချမှု မရှိစေရန် ဆောင်ရွက် အရေးယူလာမှု၊ အစိုးရရဲ့ အိမ်ခြံမြေ ဈေးနှုန်းတွေ တရားဝင်သတ်မှတ် အခွန်ဆောင်ခိုင်းလာမှု၊ အိမ်နီးချင်း တရုတ်နိုင်ငံက ငွေကြေး စီးထွက်မှုကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်လာတွေနဲ့ ၂၀၁၅ ရွေးကောက်ပွဲအပြီး ဖြစ်ပေါ်လာမယ့် မြန်မာ့နိုင်ငံရေး အခြေအနေကို စောင့်ကြည့်နေကြတာတွေကြောင့်လို့ အိမ်ခြံမြေအကျိုးဆောင်တွေက သုံးသပ်ပါတယ်။

မဏ္ဏိုင်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းရဲ့ အကြီးအကဲ ဦးသန်းဦးက “အရင်က သတ်မှတ်အခွန်နှုန်းထား ၀င်ငွေရလမ်း မဖော်ပြလည်း ပေးဆောင်လိုက်လို့ရင် တရားဝင်ငွေဖြူဖြစ်တဲ့သဘောရှိတယ်။ ဒါပေမယ့် ငွေကြေးခ၀ါချမှု တိုက်ဖျက်ရေး အဖွဲ့ ပေါ်လာတဲ့အခါမှာသတ်မှတ်အခွန်နှုန်းထားပေးဆောင်ယုံနဲ့ ၀င်ငွေရလမ်းဖော်ပြမှု သက်ဆိုင်ခြင်းမရှိစေရ ဆိုတဲ့ အချက်ရှိလာတယ်။ဒါကြောင့်အခွန်ဆောင်တာ ဆောင်တာပဲ။

ဝင်ငွေရလမ်းမဖော်ပြနိုင်ရင် ဒီငွေသည် ဖြူခြင်း၊ မဲခြင်းက မဆိုင်ဘူး။ဒီတော့လူတွေက၀ယ်ဖို့ ခြမ်းဖို့ကိစ္စ
တော်တော်လေး စဉ်းစားလာတယ်” လို့ ဆိုပါတယ်။

ဝယ်လိုအားနဲ့ ရောင်းလိုအား မမျှတတဲ့ ပြဿနာကလည်း အိမ်ခြံမြေဈေးကွက် နှေးကွေးစေတဲ့အဓိက အချက်တခု အဖြစ်ပါဝင်နေပါတယ်။ ဆောက်လုပ်တဲ့ လုပ်ငန်းရှင်တွေများလာပြီး ဈေးနှုန်းတွေကလည်း မြင့်မားလာပေမယ့် ၀ယ်ယူနိုင်စွမ်းအားက တက်မလာပါဘူး။ တဦးချင်းဝင်ငွေ အရမ်းနိမ့်ကြတဲ့ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ခန်း၊ ကွန်ဒို၊ မြေဈေးတွေဟာ အနိမ့်ဆုံးလူတန်းစားသာမက အလယ်အလတ်လူတန်းစားတွေပါ ၀ယ်ယူနိုင်ဖို့ ခက်ခဲနေတဲ့ အနေအထားပါ။

ဆောက်လုပ်ရေးလုပ်ငန်းတွေအရှိန်ပြန်ရလာဖို့၊ ပြည်သူတွေ ၀ယ်ယူနိုင်စွမ်းအားရှိလာနိုင်ဖို့ဆိုရင် ကာလရှည်ချေးငွေနဲ့ ၀ယ်ယူလို့ရတဲ့ အရစ်ကျစနစ်တွေရှိရမှာ ဖြစ်သလို လုပ်ငန်းရှင်တွေအတွက်လည်းကာလရှည်ချေးငွေထုတ်
ယူနိုင်တဲ့ ဘဏ်စနစ်တွေ ရှိဖို့လိုအပ်တယ်လို့ အိမ်ခြံမြေ လောကသားတွေက ဆိုကြပါတယ်။

မြန်မာနိုင်ငံမှာလက်ရှိ ကာလအကြာဆုံးချေးငွေဟာ၃နှစ် ၄နှစ်သာ ဖြစ်ပြီး အတိုးနှုန်းကလည်း အမြင့်ဖြစ်ပြီး ၁၃ ရာခိုင်နှုန်း ရှိပါတယ်။ဝယ်ယူသူတွေကလည်း ဒီလိုနှစ်ကာလ တိုတိုလေးအတွင်းမှာ ချေးငွေကိုတလုံးတည်း ပြန်မဆပ် နိုင်တာကြောင့် မ၀ယ်ယူနိုင်၊ ဆောက်လုပ်သူတွေကလည်း ကြိုပွိုင့်ခေတ်ပျက်လုနီးပါးအချိန်မှာ ဘဏ်ချေးငွေ စနစ် မကောင်းတာကြောင့် လုပ်ငန်း ရှေ့ဆက်ဖို့ ခက်နေပါတယ်။

ဒီအခြေအနေမှာ ၀ယ်ယူနိုင်စွမ်းအား မရှိပေမယ့် ၀ယ်ယူလိုမှုလိုအပ်ချက်ကတော့ မြင့်မားလာနေတယ်လို့
ပြောရမှာပါ။ ပညာရှင် တွေ ခန့်မှန်းချက်အရ ရန်ကုန်မြို့ရဲ့ အိမ်ရာ လိုအပ်ချက်ဟာ တနှစ်မှာ အခန်းပေါင်း ၂၅၀၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

ဒါပေမယ့် လက်ရှိ အစိုးရက အကောင်အထည်ဖော်နေတဲ့ တန်ဖိုးနည်း၊တန်ဖိုးသင့်အထွေထွေအိမ်ရာ တွေအားလုံး
ပေါင်းရင်တောင်မှ တနှစ်လိုအပ်ချက်ကို မဖြည့်ဆည်းနိုင်သေးပါဘူးလို့ အိမ်ခြံမြေအကျိုးဆောင် ဦးသန်းဦး ကပြောပါတယ်။

“ဒါတွေပြီးရင်တောင်မှ တနှစ်လိုအပ်ချက်ကို မပြည့်မီဘူး။ တကယ်တန်းသာ ပြည်သူအတွက် အိမ်ရာတွေကို လိုအပ်တဲ့ နေရာဖန်တီးဖော်ထုတ်မယ်ဆိုရင် နှစ်ရှည်ချေးငွေ ထုတ်ပေးနိုင်တဲ့ ဘဏ်တွေ၊ အိမ်ရာအတွက် ချေးနိုင်တဲ့ ဘဏ်တွေ အများစုလိုတယ်။ ပြည်သူတွေအတွက် အစိုရက ၀င်ရောက်ဆောင်ရွက်ပေးမှသာလျှင် အိမ်ရာ ပိုင်ဆိုင်မှုက ရှိလာမယ်မဟုတ်ရင်အိပ်မက်တွေ ဝေးသထက်
ဝေးလာမယ် လို့" ပြောပါတယ်။

မြန်မာနိုင်ငံမှာ အိမ်ခြံမြေဈေးကွက် ပြန်လည် အသက်ဝင်လာစေနိုင်တဲ့ ဘဏ်ချေးငွေစနစ် ဖြစ်ထွန်းလာဖို့တာကလည်း အခက် အခဲများစွာ ရှိနေတယ်လို့ ဘဏ်လုပ်ငန်းကျွမ်းကျင်သူ ပညာရှင်တွေက ဆိုပါတယ်။

ကမ္ဘောဇဘဏ်ရဲ့ အကြံပေး ဦးသန်းလွင်က “ဒီမှာ ဘဏ်တွေ deposit အပ်ငွေက ရေတိုဗျ။ ကြိုက်တဲ့အချိန် ပြန်ထုတ် ကြမယ်ပေါ့။ ဒီတော့ အပ်ငွေကိုချေးရတဲ့အတွက် ရေရှည် မချေးနိုင်ဘူး။

နိုင်ငံခြားမှာ အစိုးရဘဏ်နဲ့ ဘဏ်တွေကို ပြန်ချေး ပေးပြီး အဲ့ဒီဘဏ်တွေကနေမှ တဆင့် ပြည်သူ့ကို ချေးတာ။ ဥပမာ ဂျပန်မှာဆို long term credit Bank of bank ဆိုရင် ဒါအစိုးရဘဏ်တွေ။ အဲဒီကနေ တဆင့် ချေးပေးတာ။ ဘဏ်မှာရှိတဲ့ နှစ်ရှည်အပ်ငွေနဲ့ အစိုးရဆီက loan နဲ့ ပေါင်းပြီးမှအိမ်ခြံမြေတွေကို ချေးလို့ရတာပေါ့။ဘဏ်အနေနဲ့
ရေတိုအပ်ငွေနဲ့ ချေးပေးလို့မရဘူး။ အစိုးရနောက်ခံမပါဘဲ လုပ်လို့ မရဘူး။

ဒါမျိုးဆိုတာ အစိုးရဦးဆောင် လုပ်ရမှာ အထူးသဖြင့် ဗဟိုဘဏ်ပေါ့ဗျာ”လို့ ဆိုပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအလွန်မှာတော့ အိမ်ခြံမြေဈေးကွက် ပြန်လည်ကောင်းမွန်လာဖို့ မျှော်လင့်သူတွေရှိနေသလို အိမ်ခြံမြေပူဖောင်းပေါက်မယ့် အခြေအနေတွေကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်သူတွေလည်း ရှိနေပါတယ်။

စီးပွားရေးပညာရှင် ဒေါက်တာ အောင်ကိုကိုကတော့ “ကျနော့် အမြင်ကတော့ လက်ရှိ အိမ်ခြံမြေဈေးကွက်က ပူဖောင်း ပေါက်တဲ့ အဆင့်တော့မဟုတ်သေးဘူး။ ဒါပေမယ့်လည်း အားယူနေတဲ့ သဘောရှိတယ်။ ဘာဖြစ်လို့ဆိုရင် အခြား ၂၀၁၅ ရွေးကောက်ပွဲ ရလဒ်တွေကို ကြည့်ပြီးတော့ Capital mobilization ပေါ့။အရင်းအနှီးတွေ ရွှေ့ပြောင်းနေတာပေါ့။ အဲ့ဒီမှာ အရင်းအနှီး တွေ တုံ့ဆိုင်းသွားတဲ့ သဘောပဲ ရှိတယ်။ပူဖောင်းပေါက်တယ်ဆိုတာ ပေါက်ပြီးရင်
ပြန်မဖောင်း လာတော့ ဘူး။

ဂျပန် မှာဆို စီးပွားရေးဟာ ၁၉၈၀ ခုနှစ်တွေမှာ စီးပွားရေးအကောင်းဆုံးဖြစ်လာတယ်။ ၁၉၉၀ ခုနှစ်နောက်ပိုင်း ပူဖောင်း ပေါက်တယ်ပေါ့။ အခုဆို ပြန်မတက်တော့ဘူး” လို့ ပြောပါတယ်။

Credit: irrawaddy News

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service