တိုက်ခန်းကျဉ်းလေးထဲမှာ ကျယ်ကျယ်နေကြစို့

တိုက်ခန်းကျဉ်းလေးထဲမှာ ကျယ်ကျယ်နေကြစို့ - Property Knowledge in Myanmar from iMyanmarHouse.com
8 Apr 2015 1:02 pm တွင် တင်ခဲ့သည်
843 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

ယနေ့ခေတ်ဟာ နည်းပညာခေတ်လို့ပြောရလောက်အောင် နည်းပညာတွေဟာ နယ်ပယ်ကဏ္ဍ အသီးသီးမှာ တိုးတက်မြင့်မား နေတာကိုတွေ့ရှိရပါတယ်။

နည်းပညာတွေရဲ့ ကျေးဇူးကြောင့် အချိန်တွေ၊ လုပ်အားတွေ၊ အရင်းအနှီးတွေကို ချွေတာကာ လုပ်ငန်းစဉ်တွေ တိုးတက်မြင့်မားလာတာတွေ့လာရပါတယ်။

အိမ်ခြံမြေနဲ့ ဆောက်လုပ်ရေးကဏ္ဍများတွေမှာလည်း နည်းပညာရဲ့အသီးအပွင့်တွေ ရရှိခံစားရတဲ့ သာဓကများစွာရှိခဲ့ပါတယ်။

အဲဒီထဲကမှ အချို့သော နည်းလမ်းတွေဟာ ခက်ခက်ခဲခဲမဟုတ်ဘဲ မိမိအိမ်၏ ကြမ်းခင်းဧရိယာကို ပြင်ဆင်ပေးရုံမျှနဲ့ စိတ်ချမ်းသာမှု ပေးနိုင်တာကိုတွေ့ရှိရမှာ ဖြစ်ပါတယ်။

(၁) ဘေးတိုက်တံခါးနှင့် ဘေးတိုက်ပွင့်ပြတင်းပေါက်များ တပ်ဆင်ခြင်း

သာမရိုးကျတံခါးတွေနဲ့ ပြတင်းပေါက်တွေဟာ တွန်းဖွင့်၊ တွန်းပိတ်ရတဲ့အတွက် နေထိုင်မှုဧရိယာအချို့ကို မလွဲမသွေသုံးစွဲရမှာဖြစ်ပါတယ်။ အခုလိုဘေးတိုက်ဖွင့်တံခါးနဲ့ ဘေးတိုက်ဖွင့်ပြုတင်းပေါက်တွေ တပ်ဆင်အသုံးပြုမယ်ဆိုရင် အခန်းဧရိယာရဲ့ (၂၀) ရာခိုင်နှုန်းကနေ (၃၀) ရာခိုင်နှုန်းလောက်အထိ ကိုယ့်အိမ်နေရာကို ပိုကျယ်လာမှာဖြစ်ပါတယ်။

(၂) နံရံကပ်ခေါက်စားပွဲများ တပ်ဆင်အသုံးပြုခြင်း

ထမင်းစားပွဲတွေ၊ စာကြည့်စားပွဲတွေကို တစ်ဖက်မှာ နံရံကို အသေတပ်ဆင်ထားပြီး အခြားတစ်ဖက်မှာ ဒေါက်တိုင်တွေနဲ့ တပ်ဆင်ထားရပါမယ်။
ဒါဆိုရင် ထမင်းစားပွဲ၊ စာကြည့်စားပွဲတွေအတွက် သီးခြားနေရာ ပေးစရာမလိုတော့တဲ့အတွက် အိမ်နေရာ ပိုကျယ်လာစေမှာပါ။ တကယ်လို့ အသုံးပြုဖို့ လိုအပ်ရင် မတင် ဒေါက်ထောက်အသုံးပြုပြီး မလိုအပ်ဘူး ဆိုရင် အောက်ချဘေးကပ်ထားလိုက်ရုံနဲ့ နေရာအလွတ်တွေထွက် ပေါ်လာမှာပါပဲ။

(၃) ရေချိုးခန်းနှင့် အိမ်သာပူးတွဲထားရှိခြင်း

ရေချိုးခန်းတို့ အိမ်သာတို့ဆိုတာ အသုံးပြုချိန်ဟာ တနေကုန်မှာ များစွာကြာမှာမဟုတ်ပါဘူး။ လူတစ်ယောက်အတွက် ရေချိုးချိန်တစ်ရက် ၂ ကြိမ်နဲ့ အိမ်သာဝင်ချိန်တွေဟာ တစ်နေ့လုံးမှာမှ ၁ နာရီလောက်ဘဲ ရှိတာဖြစ်ပါတယ်။
ဒါကြောင့် အချိန်ပိုင်းသာ အသုံးပြုမယ့် ရေချိုးခန်းနဲ့ အိမ်သာကို ၂ ခန်း အစား၊ ၁ ခန်းထဲ အသုံးပြုတဲ့အတွက် နေရာအကျယ်အ၀န်းကို များစွာချွေတာနိုင်မှာ ဖြစ်ပါတယ်။

(၃) လှေကားအောက်ဖက်ကို အသုံးချကြပါ

အောက်ထပ်မှ အပေါ်ထပ်ကို လှေကားနဲ့ တက်ကြရမှာဖြစ်ပါတယ်။ လှေကားခွင် အောက်ဖက်တခုလုံးကို အမျိုးမျိုးအသုံးချပြီး နေရာလွတ်လပ်မှုမရှိအောင် စီမံဖန်တီးအသုံးချရမှာပါ။
လှေကားခွင် အမြင့်ပိုင်းတွေဟာ ဘီရိုတွေထားရှိပြီး အနိမ့်ပိုင်းတွေမှာ ဖိနပ်စင်လိုမျိုးတွေကို ထားလိုက်ရင် နေရာလွတ်ထွက်လာမှာသေချာပါတယ်။

(၄) ၂ ထပ် အိပ်စင် ၃ ထပ်အိပ်စင်တွေ တပ်ဆင်ခြင်း

ဖြုတ်နိုင်တပ်နိုင်တဲ့ ၂ ထပ်အိပ်စင်တွေ၊ ၃ ထပ်အိပ်စင်တွေဟာလည်း အခန်းဧရိယာကို ချွေတာတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။
အိပ်စင်တွေကို နံရံတစ်ဖက်မှာ အသေတပ်ထားပြီး အဆင်းအတက်လှေကားတွေ၊ ဘေးကာတန်းတွေတပ်ပြီး ထားလိုက်မယ်ဆိုရင် အခန်းနေရာလွတ်တွေ ထွက်လာပြီပေါ့။

(၅) ဘီရိုပေါ်မှာ ဘုရားစင်ထားလိုက်ရင်

ဘုရားစင်ပူဇော်ဖို့ နေရာသီးသန့်မလိုဘဲ၊ ဘီရိုနဲ့တွဲလျက်ဘုရားစင်တွေကို တပ်ဆင်အသုံးပြုမယ်ဆိုရင် ဧရိယာများစွာ သက်သာစေမယ့် နည်းလမ်းဘဲဖြစ်ပါတယ်။
အခြားသော အခန်းဧရိယာ ချွေတာစေမယ့် နည်းလမ်းတွေရှိသေးပေမယ့် ကျွန်တော်တို့နိုင်ငံနဲ့ ကိုက်ညီတဲ့ နည်းလမ်း ၅ ခုကို အသုံးပြုမယ်ဆိုရင် ကျွန်တော်တို့ဆီမှာ အများဆုံးရှိတဲ့ စတုရန်းပေ ၆၀၀ အခန်းလေးတွေမှာ နည်းနည်းတော့အသက်ရှူ မွန်းကြပ်မှုသက်သာနိုင်စေမယ်လို့ ထင်မိပါတယ်။

Credit: Myanmar Property News

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service