စာချုပ်ပါအချက်တစ်ချို့ အမှားပြင်ဆင်ခြင်း သတိပြုဖွယ်

စာချုပ်ပါအချက်တစ်ချို့ အမှားပြင်ဆင်ခြင်း သတိပြုဖွယ် - Property Knowledge in Myanmar from iMyanmarHouse.com
24 Mar 2015 10:15 am တွင် တင်ခဲ့သည်
1652 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

အိမ်ခြံမြေတွေကို အကျိုးဆောင်မပါဘဲ စာချုပ်ချုပ်ဆိုရောင်းဝယ်ကြမယ်ဆိုရင် စာချုပ်ပါ အကြောင်းအရာတွေကို သေသေချာချာ စစ်ဆေးသင့်တယ်လို့ သိရပါတယ်။ “သေချာစွာမစစ်ဆေးဘဲ ဝယ်ယူတာတွေကြောင့် စလစ်အတု၊ ပါမစ်အတု တွေ ဝယ်မိတယ်ဆိုတဲ့ ပြဿနာတွေ ဖြစ်ပေါ်နေရတာပါ။ သေချာစစ်ဆေးမယ်ဆိုရင်တော့ ဒီပြဿနာတွေ မဖြစ်နိုင်ပါဘူး။”

အိမ်၊ ခြံ ၊ မြေ ဆိုင်ရာ စာချုပ်ချုပ်ဆိုတဲ့အခါမှာ သတိထားရမယ့် အချက်တွေနဲ့ အရေးကြီးအချက်တွေကို ရော်ငးဝယ်သူတချို့ အမှတ်တမဲ့ ထားရှိတက်ပါတယ်။ မြေ အမျိုးအစားအလိုက် ပိုင်ဆိုင်မှု အထောက်အထားတွေကို နားလည် တက်ကျွမ်းသူတွေနဲ့ စစ်ဆေးသင့်ပါတယ်။ ဝယ်ရောင်း တစ်ချို့က စာရွက်စာတမ်းတွေကို အပေါ်ယံလောက်ပဲ ကြည့်ရှုစစ်ဆေးတက်ကြတာကြောင့် သေချာစစ်ဆေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ယခုနောက်ပိုင်းမှာ ဂရန်၊ စလစ်မြေ၊ ပါမစ်မြေ တွေရဲ့ စာရွက်စာတမ်း အတုတွေ ထွက်နေတဲ့အတွက် သေချာစစ်ဆေးသင့်တာဖြစ်တယ်လို့သိရပါတယ်။
စာချုပ်စာတမ်းပါ အချက်အလက်တွေကိုလည်း သေချာစွာဖတ်ရှုသင့်ပါတယ်။

ငွေကြေးဆိုင်ရာ ကိန်းဂဏန်းတွေ၊ ရက်စွဲတွေ၊ စာချုပ်ပါ စကားလုံးတွေကို တစ်လုံးချင်းစီ သေသေချာချာ စစ်ဆေးမှ သာ စာချုပ်ပါ အချက်အလက်နဲ့ ကွဲပြားမှုတွေကို သိရှိနိုင်မှာပါ။ ဒါ့အပြင် မှတ်ပုံတင်ပါ အချက်အလက်တွေ၊ တိုက်ခန်းမြေကွက် တည်နေရာတွေကိုလည်း စာချုပ်စာတမ်းနဲ့ ကိုက်ညီမှု ရှိ၊ မရှိ တိုက်ဆိုင်စစ်ဆေးသင့်တယ်လို့ သိရပါတယ်။
နောက်တစ်ခု သတိထားရမှာကတော့ စာချုပ်ပါ အချက်တချို့ကို အမှားပြင်ဆင်ချက်နဲ့ အမှားပြင်ဆင်တာတွေဖြစ်ပါတယ်။ စာချုပ်ထဲမှာ အမှားတစ်စုံတစ်ရာရှိပါက ပြင်ဆင်ချက်ကို သေချာစွာ စစ်ဆေးရပါမယ်။

စာချုပ်တွေကို စစ်ဆေးတဲ့အခါ အမှားတွေ့ရင် Correction Pen ကို မသုံးဖို့ကလည်း သတိပြုစရာတစ်ခုဖြစ်တယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ Correction Pen အသုံးပြုမိပြီး အမှား ပြင်ဆင်ချက်ကို Initial Sign (လက်မှတ်အတိုကောက်) ထိုးထားပေမယ့် မသမာသူတွေက Correction Pen ကို အသုံးပြုပြီး ထပ်ပြီး အမှားပြင်ဆင်နိုင်တာကြောင့် ဖြစ်ပါတယ်။
လက်မှတ်အတိုကောက်ထိုး စာချုပ်မှာ အမှားတွေ့ရှိမယ်ဆိုရင် လုပ်ဆောင်ရမယ့် အကောင်းဆုံးအချက်ကတော့ အမှားစကားလုံးပေါ်မှာ Cross မျဉ်းတစ်ကြောင်းသာ ခြစ်ပြီး အပေါ်မှာ အမှားပြင်ဆင်ချက်ရေးကာ initial sign (လက်မှတ်အတိုကောက်) ထိုးပေးခြင်းပဲ ဖြစ်ပါတယ်။

“ကိုယ်ဝယ်တဲ့အချိန်မှာ ဒီလိုအမှားမျိုးကို ရပါတယ်လို့ သဘောထားလိုက်ပေမယ့် ပြန်ရောင်းတဲ့အခါကျတော့ အခက်တွေ့ရော၊ အဲဒီလို အမှားပြင်ဆင်ချက်က သို့လော သို့လော ဖြစ်စေပါတယ်။”
အခုလို အမှားမျိုးတွေ စာချုပ်မှာ တွေ့ရှိလာတယ်ဆိုရင် အရောင်းအဝယ်ပိုင်းမှာ အခက်အခဲ တစ်ချို့ ရှိလာပြီး ပြဿနာ တတ်နိုင်တာကြောင့် ရောင်းသူနဲ့ ဝယ်သူကြားမှာ နှစ်ဦးသဘောတူ စာချုပ်အသစ် တစ်ခု ထပ်မံ ချုပ်ဆိုလို့ရတယ်လို့ သိရပါတယ်။

ဝယ်ယူသူအနေနဲ့ သံသယ ရှိတယ်ဆိုရင် ရောင်းသူကို မူရင်း ပထမပိုင်ရှင်နဲ့ တိုက်ရိုက် စာချုပ်ချုပ်ဆိုခွင့် တောင်းဆိုလို့ရသလို ချုပ်ဆိုခွင့်လည်း ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် သက်သေထည့်သွင်းတဲ့နေရာမှာလည်း နားလည်သူတွေကိုသာ သက်သေ အဖြစ် ထည့်သွင်းသင့်တယ်လို့ သိရပါတယ်။ “အသိမိတ်ဆွေမို့လို့၊ လမ်းကြုံလို့ စတာတွေကို သက်သေထိုးခိုင်းတာကလဲ ပြဿနာတစ်စုံတစ်ရာ ဖြစ်လာရင် သူတို့က စာချုပ်ပါ အကြောင်းအရာကို မသိတော့ အခက်တွေ့ရပါတယ်။ ဒါကြောင့် သူတို့ကို သက်သေ လုပ်ခိုင်းမယ်ဆိုရင် သေချာသိအောင် အရင်ပြောထားသင့်ပါတယ်။”

Credit: Myanmar Property News

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service