အရေးကြီးတဲ့ စရန်စာချုပ်

အရေးကြီးတဲ့ စရန်စာချုပ် - Property Knowledge in Myanmar from iMyanmarHouse.com
16 Mar 2015 11:25 am တွင် တင်ခဲ့သည်
5084 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ပြီးခဲ့တဲ့လထဲမှာ မြေကွက်တစ်ကွက် အရောင်းအဝယ် ဖြစ်ပါတယ်။ သေသေချာချာ စရန် ချကြတာပါပဲ။ ပြီးတော့ ပျက်တယ်။ ပထမတော့ အေးအေးဆေးဆေး ရှင်းကြတယ်။ နောက်တော့ အနိုင်လု ပြောကြ ဆိုကြကနေ စကားများကြရတယ်။ ကျွန်မအထင်တော့ နှစ်ဖက်ပွဲစားတွေမှာ တိကျတဲ့ အသိတွေ ရှိကြပုံ မရပါဘူး ဆရာ။

စရန်စာချုပ်ကို ဘယ်လို ချုပ်သင့်တယ် ဆိုတာရယ်၊စရန် ပျက်ခဲ့ကြရင် ဘယ်လို လုပ်ကြရမယ် ဆိုတာလေးကို ရှင်းပြပါလား ဆရာ။

ဒါ အမြဲ ဖြစ်တတ်တဲ့ ပြဿနာပါပဲ။ မြေကွက်၊ တိုက်တွေကို လိုက်ကြည့်ရင်း ကြိုက်တာတွေ.တယ်။ အကြောင်းကြောင်းကြောင့် မြန်မြန် စရန်ချကြတယ်။ ဒါကြောင့် ရှေ.နေကြီးတွေ မပါဖြစ်တာကလည်း များပါတယ်။ ရှေ.နေကြီးတွေ မပါတဲ့ စရန်ပွဲတွေမှာ အိမ်ခြံအကျိုးဆောင်တွေကပဲ ဦးဆောင်ရမှာပါ။

တချို့အကျိုးဆောင်ကြီးများနဲ့ ရောင်းသူ၊ ဝယ်သူတို့က စရန်စာချုပ်ကို လွယ်လွယ်ပဲ ရေးချင်ကြတယ်။ အဲဒီလိုအခါမျိုးမှာ အကျိုးဆောင်တွေကလည်း ကိုယ့်ဘက်က လျှာရှည်ရာ ရောက်မှာ စိုးတာရယ်၊ စရန်ချမှ ပွဲခ ရမှာရယ်ကြောင့် စရန်စာချုပ်ကို လွယ်လွယ် ချုပ်ကြ၊ ရေးကြနဲ့ စပြီး မှားစရာတွေ ဖြစ်ကုန်တာပေါ့။

စရန်စာချုပ် ဆိုတာ ပြောတော့သာ စရန်စာချုပ်၊ တကယ်တော့အဓိက အကျဆုံး စာချုပ်ပါ။ ရောင်းဝယ်ခြင်း ပြီးဆုံး ဇာတ်သိမ်းတဲ့အထိ ပါသွားမယ့် စာချုပ်ပါ။

ဒါကြောင့် လွယ်လွယ်ဝယ်လို့ရတဲ့ စာချုပ်ပုံစံထဲမှာ ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ရောင်းသူ၊ ဝယ်သူတို့ရဲ့ ဖြစ်ချင်တဲ့ ဆန္ဒတွေကို နှစ်ဦးနှစ်ဖက် သဘောတူအောင် ညှိပြီး စုံစုံလင်လင်ကို ရေးကြရမှာပါ။ စာချုပ် နည်းနည်းပါးပါး ရှည်ချင်လည်း ရှည်ပါစေ၊ ပြည့်စုံဖို့က အဓိကပါ။

ပြီးတော့ စရန်စာချုပ်မှာ လက်မှတ်ထိုးကြတဲ့ အသိသက်သေ နှစ်ဦးကိုလည်း နာမည်၊ မှတ်ပုံတင်၊ နေရပ်၊ ဖုန်းနံပါတ်က စလို့ စုံစုံလင်လင် ရယူထားရပါမယ်။ စာချုပ် ချုပ်တဲ့အခါမှာလည်း မူရင်း နှစ်စောင် ရေးကြရပါမယ်။ ဝယ်သူ တစ်စောင်၊ ရောင်းသူ တစ်စောင် ယူထားကြရပါမယ်။ ဖြစ်နိုင်ရင် ကော်ပီ ကူးပြီး အကျိုးဆောင်ကြီးများလည်း တစ်စောင်စီ ယူထားကြပါ။ ဒါဆို ပြည့်စုံပါတယ်။

ရှေ့နေကြီးတွေ မပါတဲ့အခါ ဒီလိုပဲ နွှဲကြပါ။ ရှေ့နေကြီးတွေ ပါလာရင်တော့ သူတို့ကို ဆရာတင်ပါ။ ကိုယ်က အလိုက်သင့် နေပေါ့။

အဲဒီလို စရန်စာချုပ်ကို ရောင်းတာပဲ ဖြစ်ဖြစ် ၊ ဌါးတာပဲ ဖြစ်ဖြစ် ပြည့်ပြည့်စုံစုံ ရေးထားရင် ပျက်ဖို့ ခဲယဉ်းပါတယ်။ မတော်တဆ ပျက်ကြရင်လည်း ဖြေရှင်းရတာ လွယ်တာပေါ့။ စရန်စာချုပ်ထဲမှာ ပြည့်ပြည့်စုံစုံ ရေးသား ချုပ်ဆိုထားကြတော့ အဲဒီလမ်းကြောင်းတွေအတိုင်း လိုက်သွားရုံပါပဲ။

ရောင်းချမည့် ကတိကို ပိုင်ရှင်ဘက်မှလည်း ပျက်တတ်ပါသည်စရန် ယူပြီးမှ ထိုအိမ်ခြံမြေအား အဆမတန် ဈေးပေး၍ ဝယ်ယူမည့်သူပေါ်ပေါက်ခဲ့ရင် ရောင်းချသူဟာ စရန်ကို နှစ်ဆ လျော်ရရင်လည်း လျော်ပါမယ် ဆိုတဲ့အကြံ ပေါ်တတ်ပါတယ်။ စရန် ယူပြီးနောက်မှ ဖုံးအုပ်ထားတဲ့ ပြဿနာ တစ်စုံတစ်ရာ ပေါ်လာတတ်ပါတယ်။

တစ်ဦး တစ်ယောက်ကို ပေးကမ်းထားခြင်း၊ ရောင်းချရန် စရန်ယူထားပြီး ဖြစ်ခြင်း၊ပေါင်နှံထားခြင်း၊ လှူဒါန်းထားခြင်း စတဲ့အကြောင်းကြောင်းများ ပေါ်လာခဲ့ရင်လည်း ရောင်းချသူ ကတိပျက်ရာ ရောက်တတ်ပါတယ်။

အဲဒီလို ရောင်းချမယ့်သူက စရန်စာချုပ်ပါအတိုင်း ဆက်လက်မဆောင်ရွက်နိုင်ရင် စရန်ငွေရဲ့နှစ်ဆကို ပေးလျော်ကြရပါတယ်။ သို့သော် စရန်စာချုပ် ချုပ်ဆိုစဉ် နှစ်ဆပေးလျော်ပါမယ်လို့ ထည့်သွင်းရေးသားခြင်း မပြုမိတာ၊ ဘာစည်းကမ်းကိုမျှ မဖော်ပြဘဲ အာမခံသဘော ငွေပေးသွင်းရာ ရောက်စေတဲ့ စရန်စာချုပ် ဖြစ်နေတာတို.ဟာ စရန်နဲ. လျော်ကြေးတို.ကို မရစေနိုင်တဲ့ အကြောင်းကိစ္စများ ဖြစ်နေပါတယ်။ ( ဒါကြောင့် စရန်စာချုပ်ဟာ အလွန်အရေးကြီးပါတယ်လို့ ဆရာ ပြောခဲ့တာ ဖြစ်ပါတယ်။)

ဝယ်သူဘက်မှလည်း ပျက်ကွက်တတ်ပါသည်စရန်ချထားစဉ် ကာလအတွင်း အဲဒီ အိမ်ခြံမြေထက် အနေအထားသာပြီး ဈေးသက်သာတဲ့ အမှန်အကန်ပစ္စည်း တစ်စုံတစ်ခုကို ထပ်မံတွေ့ရှိခဲ့ရင်လည်း ဝယ်သူက စရန် အဆုံးခံတတ်ကြပါတယ်။

တစ်ခါတစ်ရံမှာ စရန်ချထားပြီးတဲ့ အိမ်ခြံမြေကို ဆက်လက် ဝယ်ယူဖို့ဆန္ဒမရှိ ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံ ငွေကြေး အကျပ်အတည်းကြောင့် အခြေအနေ မပေးတော့ဘဲ ဆက်လက် မဝယ်ယူနိုင်ခြင်းလည်း ဖြစ်တတ်ပါတယ်။

ဘယ်လိုအကြောင်းကြောင့် ဖြစ်စေ ဆက်လက်ဝယ်ယူခြင်း မပြုနိုင်ရင် စရန် ဆုံးရတာကို လူတိုင်း နာလည်းထားပြီးသာပါ။ သို့ပေမဲ့ စရန်စာချုပ်ထဲ ဆက်လက်မဝယ်ဖြစ်ရင် စရန် ဆုံးပါမယ်ဆိုတဲ့ သဘောတူညီချက်ကို ထည့်သွင်းဖို့ မမေ့ကြပါနဲ.။

သီးခြားပုံစံတစ်မျိုး အနေနဲ့ စရန်စာချုပ်ကို ခြွင်းချက် ရေးသား ချုပ်ဆိုရင်တော့ စရန်စာချုပ် ပျက်ပြယ်ကြရမယ့် အခါမျိုးမှာ ရောင်းသူ၊ ဝယ်သူ နှစ်ဦးရဲ့ ကတိစကား (စာချုပ်ပါအတိုင်း) တို့က သာလျှင် အတည်ဖြစ်ပါတယ်။

Credit : U Kyi Soe

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service