အိမ်ရောင်းသူများနဲ့အိမ်အပေါင်ခံသူများ( အသိတရားနဲ့ သတိထားနိုင်ကြပါစေ )

အိမ်ရောင်းသူများနဲ့အိမ်အပေါင်ခံသူများ( အသိတရားနဲ့ သတိထားနိုင်ကြပါစေ ) - Property Knowledge in Myanmar from iMyanmarHouse.com
26 Jan 2015 10:35 am တွင် တင်ခဲ့သည်
9686 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

ရာသီစက်ရဟတ်ကြီးက၊ ‘‘နွေ’’ မှမိုး၊ ‘‘ မိုး’’မှ ဆောင်း၊ ရာသီတွေအလီလီပြောင်းလဲလာခဲ့ပြီ… ပြောင်းလဲလာသည့် ရာသီတွေနစ်တွေကို ပြန်ပြောင်းကြည့်လိုက်တော့၊ တစ်နှစ် နဲ့တစ်နှစ် ပြောင်းလဲပုံတွေကလည်း၊ တစ်နှစ်နဲ့တစ်နှစ် မတူညီတာတွေကိုတွေ့မြင်နေရပါတယ်။

(၁)၂၀၁၀၊ ၂၀၁၁ နဲ့ ၂၀၁၂ ခုနှစ်မတူသလို၊ ၂၀၁၃ နဲ့ ၂၀၁၄ မှာအိမ်ခြံမြေအရောင်းအဝယ် တွေလည်း ကွာခြားတာ ကိုလေ့လာကြည့်ရင်တွေ့ မြင်နိုင်ပါတယ်။ ၂၀၁၀ ခုနှစ်မှ ၂၀၁၄ ခုနှစ်ထိ၊ အိမ်ခြံမြေ အရောင်းအဝယ် လှိုင်းဂယက်တွေကြားမှာအပျော်ကြီးပျော်ခဲ့ကြတဲ့ ၊ ပွဲစား ၊ ကုန်သည်၊ ဝယ်ရောင်း ၊ လုပ်ငန်းရှင်တွေ အားလုံး ၂၀၁၄ ရဲ့  နှစ်ကုန်ခါနီးအထိအေးစက်တည်ငြိမ်နေတဲ့ အိမ်ခြံမြေအရောင်းအဝယ် လောကကိုအားမလိုအားမရ ဖြစ်နေကြပါတယ် ။

ငွေအရင်းအနှီးရှိသူတွေ ဝယ်ယူထားပြီးစုဆောင်းထားနိုင်ပေမယ့်၊ ငွေအရင်းအနှီးလိုအပ်နေသူ၊ စီးပွားရေးလုပ်ငန်းတိုးချဲ့ုလုပ်ကိုင်လိုသူ၊ အိမ်ပိုင်ရှိသူတွေကတော့ မြေနှင့်အိမ် ရှိပေမယ့် ‘‘ ငွေမရှိ ’’တာကြောင့် ၊ ငွေရဖို့ အိမ်ရောင်းကြတယ် ။ မြေရောင်းကြတယ်။ဒါပေမယ့် အရင်ကလိုမြေဝယ်လိုသူ ၊ အိမ်ဝယ်လိုသူတွေက ကြိုက်ဈေးမပေးတော့ဘူး ။ ‘‘အောက်ဈေး’’ ပဲပေးကြတယ်။

ဒီတော့ ရောင်းသူက ‘‘အောက်ဈေး ’’နဲ့ မရောင်းနိုင်ဘူးဆိုတော့ ပွဲပျက်တာပေါ့…. ပွဲပျက်လည်းဘာအရေးလည်း‘‘ငကန်းသေရင် ငဆွေလာမှာဘဲ’’ လို့၊ မိမိရဲ့  မာနကိုမချချင်ကြဘူး။ အပေါ်စီးကပြောလွန်းအားကြီးတော့.. ဝယ်မယ့် သူတွေက၊ အဲဒီအိမ်ရောင်းဖို့ ပွဲစားအပ်ထားတယ် ဆိုပေမယ့် သူတို့ရဲ့  ဆက်ဆံရေးကြောင့်၊ ရှောင်လွှဲသွားတာမျိုးတွေလည်း ကြုံရဘူးတယ်။

အဲဒီလိုလာဝယ် တဲ့သူအပေါ်မှာဆက်ဆံရေး မပြေပြစ်တာမျိုးရှိရင်လည်း ဝယ်သူတွေကလန့်သွားတက်ကြတယ်။တခါ အိမ်ခြံမြေအရောင်းအဝယ်လုပ်ကြတဲ့ သူမှန်သမျှ ပွဲစားမပါလျှင် အရောင်းအဝယ် ပွဲဖြစ်တာနည်းသွားတက်ကြသည်။ ဒါကြောင့် အရောင်းအဝယ် မှန်လျှင် ပွဲစား ၂% ပေးရတာထုံးစံလိုဖြစ်နေပါပြီ။ပွဲစား ကဝယ်သူခေါ်လာမယ်။

အရောင်းအဝယ် ပွဲဖြစ်ရင် ပွဲစားခ ၂% ပေးရမယ်ပြောတဲ့အခါ မပေးနိုင်ဘူး။ ရောင်းသူထံက ‘‘တင်ရိုက်လို့ ရရင်ယူ’’ ဆိုပြီး ပြောဆိုလွှတ်တတ်ကြတယ်။ ရောင်းဈေးကမြင့်နေတော့ ပွဲတင်ရိုက်ဖို့ ဆိုတာကလည်းမဖြစ်နိုင်ရင် ပွဲစားကလည်း ၊ ဒီအိမ်နဲ့ပတ်သက်လို့ ဝယ်သူနဲ့ ဆက်သွယ်မပေးချင်တာ မျိုးတွေလည်းတွေ့ရတက်တယ်။

ဒီထက်ဆိုးတာကရောင်းမယ့် အိမ်ကလူသေဘူးတယ်။ သရဲခြောက်ဘူးတယ်။ အိမ်မသန့်ဘူး..စသည်ဖြင့် သတင်းဆိုး ထွက်သွားရင် အဲဒီအိမ်မျိုးကဝယ်မယ့်သူတွေ နောက်ဆုတ်ပြန်သွားကြတယ်။ အိမ်ရောင်းမည် ဆိုပြီးဝယ်သူမလာတော့ ငွေရအောင် ဘယ်လိုရှာမလဲဆိုတော့ ၊ နောက်ဆုံးအရပ်ထဲက အပေါင်ဆိုင်ကိုရောက်တော့တာဘဲ။

အပေါင်ခံသူတွေကလည်း၊အိမ်တန်ဖိုးရဲ့  (၄)ပုံ(၁)ပုံ လောက်ဘဲငွေချေးပြီး..အတိုးအရင်းနဲ့ အိမ်အပိုင်သိမ်းဖို့ ကြံစည်တက်ကြတယ်။အိမ်အပေါင်ခံတဲ့ သူများကလည်း၊ သတိကြီးစွာထားပြီး၊ အပေါင်ခံသင့်တယ်။

အိမ်နဲ့မြေအပေါင်ခံတယ်ဆိုရင် ဂရန်အတုအစစ်၊ ပါမစ်အတုအစစ်၊ မှတ်ပုံတင်အရောင်းအဝယ် စာချုပ်အတုအစစ်၊ မြေပုံမြေရာဇဝင် အတုအစစ်တွေကိုခွဲခြားသိဖို့တော့ လိုပါတယ် ။ အင်မတန် တိုးတက်နေတဲ့ ခေတ်ကြီးမှာ ကွန်ပြူတာကိုသုံးပြီး အတုကိုအစစ်လုပ်ဖို့ ဆိုတာအလွယ်လေးလို့ ပြောကြတယ်။

စာရေးသူ မြို့  တော်ခန်းမအဝင်မှာ ခဏခဏ ကြုံဖူးတာကတော့ မှတ်ပုံတင်ကို Scan ဖတ်ပြီးအတု ပြုလုပ်ထားတာကို အဝင်ဝ ကလုံခြုံ ရေးတွေကကတ်ပြားကိုလက်နဲ့ ပွတ်ကြည့်တာနဲ့တင် သိနေကြတယ်လေ။ ဒါလည်းသူတို့ရဲ့  အတွေ့အကြုံပဲလေ။ လေးစားပါတယ်။မှတ်ပုံတင်ကဒ်ပြားထက် ဂရန်တို့စာချုပ်စာတမ်းတို့ ၊မြေပုံမြေရာဇဝင် တို့ဆိုတာကိုလည်း အတုအပပြုလုပ်ပြီး ပေါင်နုံလာ ကြတာကိုလည်းတွေ့ဘူးတယ်။ တစ်ခါကတောင်ဥက္ကလာပ မြို့ နယ်ကအမျိုးသားနဲ့ အမျိုးသမီးနှစ်ဦး မှာစာရေးသူတို့လိုဘဲအရောင်းအဝယ်စာချုပ်ချုပ်ဆိုလို့ မြေပုံ/မြေရာဇဝင် လာလျှောက် ကြတယ်။

သူတို့ အလှည့်ရောက်လို့ ဂရန်နဲ့ စာချုပ်အဆက်အစပ် တွေပြခိုင်းတဲ့အခါ အမျိုးသားလုပ်သူ ကဂရန်မူရင်း ကိုထုတ်ပြပါတယ်။ ဌာနစုမှူးကဂရန်ကိုမြင်ကတည်းကမသင်္ကာလို့ ထင်ပါရဲ့ ။ အပြန်ပြန် အလှန်လှန် စစ်ကြည့်ပါတယ်။

ဂရန်နဲ့ပူးတွဲပါတဲ့ သက်သေခံမြေပုံ တွေစစ်ဆေးကြည့်ပါတယ် ။မြေတိုင်းဌာနခွဲမှူး….စတဲ့လက်မှတ်တွေ အားလုံးတူညီနေတာတွေ့ရပါတယ်။ ဒါနဲ့ အတုအစစ်သေချာအောင် တာဝန်ခံ (၂) ယောက်(၃) ယောက် အမျိုးမျိုးစစ်တော့မှ ကွန်ပြူတာစနစ်နဲ့ Scan ဖတ်ထားတာကိုတွေ့ ရတော့တယ်။ ဒီဂရန်ကြီးဟာအတုကြီးဖြစ်နေတယ် ပြောတော့မှ ပိုင်ရှင်ဟာမှတ်မိမျက်နှာပျက်နေပါတယ်။

ပိုင်ရှင်ဟာ ရိုးသားသူဖြစ်တာကြောင့် ဂရန်သာမကဘဲသူ့လက်ဝယ်တွင် ပါလာသည့် မှတ်ပုံတင် အရောင်းအဝယ် စာချုပ်နဲ့ ဘဏ်ငွေချေးရန် မြေပုံကူးစာရွက် တွေပါပြတယ်။ အားလုံးအတုတွေ ဖြစ်နေတယ်။ဒီတော့မှ အလွန်စိတ်ပျက်သွားတဲ့ အမူအယာနဲ့ ‘‘ ဘယ်လိုမှတော့ မထင်ပါနဲ့ ဆရာတို့ရယ်၊ ကျွန်တော်လည်းမသင်္ကာလို့ သိချင်တာနဲ့ အခုလိုမြေပုံကူးလာလျှောက်ကြည့်တာပါ။ အခုတော့ သိန်း(၁၅၀၀) ဆုံးပါပြီဆိုပြီး စာရွတ်စာတမ်း များကိုပြန်လည်သိမ်းယူပြီးခေါင်းငိုက်ဆိုက် မြို့ တော်ခန်းမကနေ ပြန်လည် ထွက်သွားပါတော့တယ်။

ဒါကြောင့် အိမ်အပေါင်ခံသူများ၊ မြေကွက် အပေါင်ခံစားသူများသို့ မှာကြားလိုက်ပါရစေ။ အိမ်/မြေပတ်သတ်တဲ့ စာရွတ်စာတမ်းတွေလည်းအတုတွေ ပေါ်လာတာကြောင့် အပေါင်ခံရင်တောင် အတုအစစ် ခွဲခြားစိစစ်ပြီးသေချာမှ ငွေထုတ်ချေးသင့်ပါကြောင်း နှစ်သစ်အကြို သတင်းကောင်းပါလိုက်ရပါတယ်။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အိမ် ၊ ကျောင်း ဆောက်ရာ ရက်လရွေးနည်းများနှင့် မသုံးအပ်သော သစ် (၈) မျိုး အကြောင်း
အုတ်စီနည်း အုတ်တွက်နည်း
အုတ်စီနည်း အုတ်တွက်နည်း
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
လေ့လာစရာ တိုက်ခန်းအမည်ပြောင်းလျှောက်ထားတဲ့အခါ ...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
တကယ့်ဘဝထဲက Rapunzel မင်းသမီးလေးအလား အရှည် 8 ပေ 5 လက်မနဲ့ ကမ္ဘာ့အရှည်ဆုံးဆံပင်ရှည်ကိုပိုင်ဆိုင်ထားသူ ယူကရိန်နိုင်ငံသူ Aliia Nasyrova...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
အမွေဆက်ခံခွင့်လက်မှတ်‌ လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇန
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service