လုံခြုံစိတ်ချရသည့်ရွာများတွင် နိုင်ငံခြားသားများနေထိုင်ရန် ရိုးရာအိမ်ရာ တည်ဆောက်ခွင့်ပြုမည်ဟုဒုဝန်ကြီးပြော

လုံခြုံစိတ်ချရသည့်ရွာများတွင် နိုင်ငံခြားသားများနေထိုင်ရန် ရိုးရာအိမ်ရာ တည်ဆောက်ခွင့်ပြုမည်ဟုဒုဝန်ကြီးပြော - Property News in Myanmar from iMyanmarHouse.com
21 Jan 2015 9:33 am တွင် တင်ခဲ့သည်
856 ကြိမ် ကြည့်ရှု့ပြီး
လုံခြုံစိတ်ချရသောကျေး ရွာများတွင် နိုင်ငံခြားသားများနေ ထိုင်ရန် တိုင်းရင်းသားဓလေ့ရိုးရာ အိမ်များ ဆောက်လုပ်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

ထို့အတွက် ကျေးရွာများမှ စုပေါင်း၍ ရိုးရာဓလေ့ထုံးစံနှင့် အညီ အိမ်များသီးသန့် တည် ဆောက်ရမည်ဖြစ်ပြီး ရရှိသော ငွေကြေးများကို ကျေးရွာဖွံ့ဖြိုး ရေးအတွက် အသုံးပြုသွားမည် ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွား လာရေးလုပ်ငန်း ဝန်ကြီးဌာနဒုဝန်ကြီး ဒေါက်တာစိုင်းကျော်အုန်း ကပြောသည်။

‘‘ဟိုတယ်တွေမရှိတဲ့ နေရာ တွေမှာ နိုင်ငံခြားသားတွေက အိမ်တွေမှာတည်းတာ၊ ဘုန်းကြီး ကျောင်းတွေမှာတည်းတာတွေ အဆင်မပြေဖြစ်နေလို့ သီးသန့် အိမ်လုံးချင်းလေးတွေဆောက်ဖို့ စဉ်းစားနေတာပါ။ ဒါတွေကရှိ သင့်တယ်’’ဟု ဒုဝန်ကြီးကပြော သည်။

နိုင်ငံခြားသားများအတွက် ယခုကဲ့သို့ အိမ်ရာများဆောက် လုပ်၍ နေထိုင်ခွင့်ပြုပါက တိုင်း ရင်းသား ဓလေ့ထုံးစံများ ထိ ခိုက်မည်ကိုစိုးရိမ်ပြီး တိုင်းရင်း သားလူငယ်များနိုင်ငံခြားယဉ် ကျေးမှုများအတုခိုးမည်ကိုစိုးရိမ် သောကြောင့် အလောတကြီးခွင့် မပြုခဲ့ခြင်းဖြစ်သည်ဟု ဒေါက်တာ စိုင်းကျော်အုန်းက ပြောသည်။ ယခု တိုင်းဒေသကြီးနှင့် ပြည်နယ် များအားလုံးတွင် ခွင့်ပြုရန်စီစဉ် ထားကြောင်း ၎င်းကဆက်လက် ပြောသည်။

နိုင်ငံခြားများသည်လည်း တိုင်းရင်းသားဓလေ့ထုံးစံများကို အချိန်ပေးလေ့လာရန် ယင်းကဲ့သို့ အိမ်ရာများကိုသဘောကျကြောင်းနှင့် အိမ်လုံးချင်းများမှာ နိုင်ငံခြား သားနေထိုင်ရန် ရေ၊ မိလ္လာအဆင့် မီရန်လိုအပ်ကြောင်း ၎င်းကဆက် လက်ပြောသည်။

ယခု ဝန်ကြီးဌာနကပြုလုပ် မည့် အိမ်ရာများမှာ home stay ပုံစံဖြစ်သည်။ home stay ဆို သည်မှာ နိုင်ငံခြားသားများကို ဒေသခံနိုင်ငံ၏ မိသားစုတစ်ခုကို အနီးကပ်လေ့လာနိုင်ရန် မိသားစု နှင့်အတူတကွနေထိုင်နိုင်သော ဝန်ဆောင်မှုဖြစ်သည်။ ယခု သီး သန့် တည်ဆောက်မည်ဆိုပါက home stay မဖြစ်သင့်ကြောင်း ခရီးသွားလုပ်ငန်းရှင်များအသင်း အထွေထွေ အတွင်းရေးမှူး ဦးနောင်းနောင်းဟန်ကပြောသည်။home stay သည် ဟိုတယ်များ ကဲ့သို့ ဝန်ဆောင်မှုမကောင်းသော် လည်း ဈေးကွက်တစ်ခု ရှိနေ ကြောင်း ၎င်းကပြောသည်။

သို့သော် ဟိုတယ်မရှိသည့် နေရာများတွင် ယခုတည်ဆောက် မည့်လုံးချင်းအိမ်ရာများသည် ခရီးသွားလုပ်ငန်းကို အထောက် အကူပြုမည်ဟု ၎င်းကဆိုသည်။

တည်ဆောက်မည့်လုံးချင်း အိမ်များသည် တည်ဆောက်ချိန် မကြာသဖြင့် ဟိုတယ်ကြီး တည်ဆောက်နေစဉ်ကာလတွင်လည်း လိုအပ်နေကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် ရှမ်းပြည်နယ် နှင့် အချို့မြို့များ၌ home stay တည်းခိုမှုများရှိနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ သတင်းရရှိသည်။

၂၀၁၄ အတွင်း မြန်မာနိုင်ငံ သို့ နိုင်ငံခြားခရီးသွား သုံးသန်း ကျော်ဝင်ရောက်ခဲ့ပြီး ယခုနှစ်၌ ငါးသန်းကျော်ဝင်မည်ဟု ယင်းဝန်ကြီးဌာနကခန့်မှန်းထားသည်။

မြန်မာနိုင်ငံသည် ခရီးသွားလုပ်ငန်း တိုးတက်မှုအမြန်ဆုံးနိုင်ငံ (၁၀) နိုင်ငံစာရင်းတွင်ပါဝင်ရန် ကမ္ဘာ့ခရီးသွားလာရေးနှင့် ခရီးသွားလုပ်ငန်းကောင်စီ (WTTC)က မျှော်မှန်းထားသည်။

Credit: 7 day daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
Emerald Bay Condo
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service