ရန်ကုန်မြို့ မြို့ပြမွန်းကျပ်မှုများဖြေလျှော့နိုင်ရန် နေရာလွတ်များ၊ လျှောက်လှမ်းသွားလာရ လွယ်ကူသည့် နေရာများ ဖန်တီးပေးရန်လိုကြောင်း မြို့ပြပညာရှင်များ တောင်းဆို

ရန်ကုန်မြို့ မြို့ပြမွန်းကျပ်မှုများဖြေလျှော့နိုင်ရန် နေရာလွတ်များ၊ လျှောက်လှမ်းသွားလာရ လွယ်ကူသည့် နေရာများ ဖန်တီးပေးရန်လိုကြောင်း မြို့ပြပညာရှင်များ တောင်းဆို - Property News in Myanmar from iMyanmarHouse.com
21 Jan 2015 9:27 am တွင် တင်ခဲ့သည်
893 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့နေ လူထု၏ မြို့ပြမွန်းကျပ်မှုများကို ဖြေလျှော့နိုင်ရန်နှင့် လူနေမှုဘဝ အရည်အသွေးကို မြှင့်တင်နိုင်ရန် နေရာလွတ်များ၊ လျှောက်လှမ်းသွားလာရ လွယ်ကူသည့် နေရာများ ဖန်တီးပေးရန်လိုကြောင်း မြို့ပြပညာရှင်များက ရန်ကုန်မြို့ပြ ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်းခြင်းဆိုင်ရာ ဆွေးနွေးပွဲတွင် တောင်းဆိုလိုက်သည်။

“ရန်ကုန်မြို့ထဲမှာ ၁၉ လမ်း၊ လမ်း ၂ဝ တွေက လမ်းကျဉ်းတွေ၊ စဥ့်အိုးတန်းလမ်းက လမ်းလတ်၊ လသာလမ်းက လမ်းကျယ်တွေ ဖြစ်တယ်။ အဲဒီလမ်းတွေက အင်္ဂလိပ်တွေ တည်ဆောက်ခဲ့စဉ်က နှစ်ထပ်တိုက် အဆောက်အအုံတွေအတွက် ရည်ရွယ်ခဲ့တဲ့လမ်းတွေ ဖြစ်တယ်။ အခုက ခြောက်ထပ်၊ ခုနစ်ထပ် ကန်ထရိုက်တိုက်တွေ ဖြစ်နေပြီး လူနေသိပ်သည်းမှုက တအား တိုးလာခဲ့တယ်။ အဲဒီ အဆောက်အအုံတွေကလည်း နေမယ့်သူတွေအတွက် လူနေမှု အဆင်ပြေအောင် ထည့်တွက်မှု အရမ်းအားနည်းနေပါတယ်” ဟု ရန်ကုန်မြို့တွင်းရှိ လူနေအဆောက်အအုံများ၏ အခြေအနေကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြစီမံကိန်း ရေးဆွဲရေးပညာရှင် ဒေါ်လှိုင်မော်ဦးက ပြောကြားသည်။

အဆိုပါ ကန်ထရိုက်တိုက် အဆောက်အအုံများမှာ အလင်းရောင် လုံးဝမဝင်ခြင်း၊ လေဝင်လေထွက် မကောင်းခြင်း၊ ကျဉ်းမြောင်းလွန်းနေခြင်း စသည့်အခြေအနေများကြောင့် မြို့နေလူထု၏ လူနေမှု အရည်အသွေး မြင့်မားလာစေရန် မြို့တွင်းအခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးလာစေရန် လုပ်ဆောင်သင့်ကြောင်း မြို့ပြပညာရှင်များက အကြံပြုခဲ့ကြသည်။

ရန်ကုန်မြို့သည် လူနေသိပ်သည်းမှု အဆမတန် တိုးပွားလာသည့်နည်းတူ မြို့တွင်းဧရိယာများတွင် လူအများ သက်သောင့်သက်သာ လျှောက်လှမ်းသွားလာနိုင်သည့် အနေအထား မရှိတော့သလို စိတ်ကျဉ်းကျပ်မှုကို သက်သာစေမည့် နေရာလွတ်များလည်း မရှိတော့သည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်သည်။

ထို့ကြောင့် ရန်ကုန်မြို့နေ လူထု၏ လူနေမှုဘဝ အရည်အသွေး မြှင့်တင်နိုင်ရန် အဆိုပါကိစ္စများကို ဖြေရှင်းပေးရန် မြို့ပြပညာရှင်များက တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ထို့အတူ ရန်ကုန်မြို့ရှိ မြစ်ရှုခင်း ဆိပ်ကမ်းဧရိယာများသည် အများပြည်သူအတွက် အသုံးချမှု နည်းပါးပြီး အစိုးရ အဖွဲ့အစည်းများကသာ ထိန်းချုပ်နေကြကြောင်း၊ ထို့အတွက် အများပြည်သူ အပန်းဖြေနိုင်သည့် မြစ်ကမ်းရှုခင်း ဧရိယာများ ဖန်တီးပေးသင့်ကြောင်း မြို့ပြပညာရှင်များက ထောက်ပြထားသည်။

ထိုသို့ ရန်ကုန်မြို့၏ ဆိပ်ကမ်းဧရိယာများတွင် မြစ်ရှုခင်းကို ကြည့်ရှုခံစားနိုင်စေရန်၊ အပန်းဖြေနိုင်စေရန် နောင်တွင် အကောင်အထည်ဖော်မည့် စီမံကိန်းများကို မြစ်ကမ်းဘေးနှင့် ၂၅ ပေခွာပြီး လုပ်ကိုင်ခွင့်ပြုရန်လည်း မြို့ပြပညာရှင်များက အကြံပြုထားသည်။

ရန်ကုန်မြစ်ကမ်းနံဘေးတွင် အများပြည်သူ အပန်းဖြေနိုင်သည့်နေရာမှာ ဗိုလ်တထောင်ဆိပ်ကမ်း အနီးတစ်ဝိုက် နေရာအနည်းငယ်သာရှိပြီး ထိုနေရာကိုပင် ရေပေါ်ဟိုတယ် ဆောက်လုပ်ကာ နေရာကန့်သတ်လိုက်သဖြင့် အများပြည်သူ အပန်းဖြေနိုင်သည့် ဧရိယာမှာ ပိုမိုကျဉ်းမြောင်းသွားကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ “လက်ရှိရန်ကုန်မြို့၏ ဆိပ်ကမ်းဧရိယာတွေမှာ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်က ဂိုဒေါင်တွေနဲ့ ဖြစ်နေတယ်။ ဒါကြောင့် နောက်ပိုင်းမှာ အဲဒီနေရာတွေမှာ ဘာလုပ်မယ်ဆိုတာ Long Time Plan ရှိဖို့ လိုပါတယ်။ ဆိုလိုတာက အဲဒီနေရာတွေမှာ နောက်ပိုင်း ဘာလုပ်မယ်ဆိုတာ အစိုးရဌာန သဘောတူညီချက်ရော အများပြည်သူကို ချပြီးသား သဘောတူညီချက်တွေ လိုပါတယ်။ အခု ပုသိမ်မှာဆိုရင် ကမ်းနားမှာ ညနေဈေးလးတွေ၊ လမ်းလျှောက်လို့ရတဲ့ နေရာလေးတွေ လုပ်ပေးထားတယ်။ ဆိုလိုတာက ရန်ကုန်မှာလည်း အဲဒီလို လုပ်လို့ရနိုင်တယ်” ဟု ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့မှ ဒါရိုက်တာ ဒေါ်မို့မို့လွင်က သုံးသပ်သည်။

Credit: eleven media group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service