တက်သည် ဆက်၍တက်သည် ထပ်၍တက်ဦးမည် စိတ်ဓာတ်မှလွဲ၍.. အခြားကျရန် မရှိ…

တက်သည် ဆက်၍တက်သည် ထပ်၍တက်ဦးမည် စိတ်ဓာတ်မှလွဲ၍.. အခြားကျရန် မရှိ… - Property News in Myanmar from iMyanmarHouse.com
17 Jan 2015 1:22 pm တွင် တင်ခဲ့သည်
2082 ကြိမ် ကြည့်ရှု့ပြီး
အကျိုးဆောင်ရှိရာအခန်းမှ ဆင်း လာသည့် သူ့ခြေလှမ်းတွေသည် လေး ကန်၍နေသည်။ လက်ထဲတွင် ကျစ်ကျစ် ပါအောင် ကိုင်ထားသည့်ပိုက်ဆံအိတ် အတွင်း ပါလာ သည့် ငွေကျပ်ခြောက် သိန်းခွဲက သူ့သောကတွေကို မနှစ်သိမ့် နိုင်ပါဟု မနွယ်နီက ဆိုပါသည်။

မျှော်လင့်ချက်တစ်ခုဖြင့် လပေါင်း များစွာ ခြိုးခြံချွေတာပြီး စုဆောင်းခဲ့ရ သည့် ငွေကြေးသည် ဒီကျောတစ်နေရာ စာ အတွက် စိတ်ကျေနပ်မှုကို မဖြည့် ဆည်းပေးနိုင်ခဲ့။ ”ပြီးခဲ့တဲ့ လကတောင် ဒီအခန်း အတွက် ဈေးကတစ်သိန်း၊ လကုန်ရင် လက်ရှိ အငှားဆင်းမယ်။

ခြောက်လ လည်း လက်ခံတယ်ဆိုလို့ စုထားတဲ့ ပိုက်ဆံနဲ့လည်း လုံေ လာက်ပြီ ဆိုပြီး ဝမ်းသာနေခဲ့ရတာ” ဟု ဆိုသည့် မနွယ် နီက မျှော်လင့်ချက်တွေ ပျောက်ဆုံးနေ သည့် မျက်ဝန်းတစ်စုံဖြင့် အဝေးတစ်နေ ရာကို လှမ်းငေးရင်း ညည်းည ပြောပြ လိုက်သည်မှာ ဘေးကလူတွေကိုပင် အပူသောကများ ကူးစက်လာစေပါ သည်။

မနွယ်နီသည် ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီးရှိ ကုမ္ပဏီတစ်ခုတွင် အတန်ငယ် ရာထူးရှိသည့် ဝန်ထမ်း တစ်ဦးဖြစ်သည်။ သူသည် သူ၏ အနာ ဂတ်ရှေ့ရေးအတွက် ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ ရှားခဲမြို့လေးမှ မိဘ ညီအစ်ကို မောင်နှမများကို စွန့် ကာ ရန်ကုန်ဆိုသည့် မြို့ကြီးသို့ စွန့်စား လာရောက်နေထိုင်သူတစ်ဦး ဖြစ်သည်။

ရန်ကုန်ရောက်တော့ အလုပ် ရှာ လို့ ကောင်းသည့်နေရာတစ်ခုလည်း ဖြစ် မိမိအိမ်မှပါလာသော ငွေနှင့်လည်း ကိုက်ညီသည့် နေရာတစ်ခုကို ပထမဦး စွာ ရွေးချယ် လိုက်သည်။ ထိုနေရာသည် အဆောင်ဟု ဆို သည့် ပေ ၁၂ပေခွဲ x ပေ၆ဝ ကျယ်သည့် အခန်းတစ်ခုအတွင်း လူ ၁၅ ယောက် စုပေါင်းနေထိုင်ရသည့် နေရာတစ်ခု ဖြစ်သည်။

ထိုအကျယ်အဝန်းကို အပေါ် ထပ်တွင် ထပ်ခိုးလုပ်၍ ၄ ဦးနေရသည်။ အောက်ထပ်တွင်တော့ ၁၁ ဦးနေထိုင် သည်။ လူတစ်ဦးလျှင် ၄ပေx၆ပေ ကျယ်သည့် နေရာတစ်ခုစီ အပိုင်စား ပေးထားပြီး မီးဖိုချောင် ရေချိုးခန်း၊ အိမ် သာ တို့ကို ‘ဘုံ’အဖြစ် အသုံးပြုရသည်။ လူတစ်ဦးလျှင် ကျပ်တစ်သောင်း ရှစ်ထောင် သတ်မှတ်ပေးရသော ထိုနေ ရာသည် ‘အဆောင်’ ဆိုသည့် ထုံးစံ အတိုင်း စရိုက်တော့ အတော်စုံပါသည်။

အတူနေသူများ သည် Car Show Room တွင် လုပ်သူBeauty Salon တွင် လုပ်သူ၊ ငွေကိုင်လုပ်သူ စသည် ဖြင့် အလုပ်အကိုင်တော့ ကိုယ်စီရှိကြ ပါသည်။ ထို ၁၅ ဦးပေါင်း နေရသည့် အဆောင်တွင် နှစ်ဦးမှာ အတော်စရိုက် ဆိုးသည် ။အပြောကြမ်းသည်။ ပတ်ဝန်း ကျင်ကို အမြဲတစေ ရန်လုပ်တတ်သည်။ သို့သော် သူတို့အချင်းချင်းတော့ တစ်ဦး ကိုတစ်ဦး မြှောက်ပင့်ပေးရင်း ရိုင်းပင်း ကြပါသည်။

သို့သော် မနှစ်သက်သော စရိုက်ရှိသူအချို့နှင့် နေရသည့်အတွက် သည်းခံခြင်းကတော့ မပြတ်လက်ကိုင် ထားရသည်ဟု သူ ကပြောသည်။ သို့အတွက် မနွယ်နီသည် အလုပ် နေရာကောင်းလေး တစ်ခုရသောအခါ အစစခြိုးခြံပြီး ကိုယ်ပိုင်အခန်းငှားရန် အတွက် လပေါင်းများစွာ ပိုက်ဆံကို ကျစ်ကျစ်ပါအောင် စုခဲ့သည်ဟု ဆို သည်။ လှည်းတန်း ခြောက်လွှာအခန်း လေးကို တစ်သိန်းနှင့် ခြောက်လငှား ရန် ပြီးခဲ့သည့် လကပင် အကျိုးဆောင် တစ်ခုနှင့် သွားကြည့်ခဲ့သည်။

ထိုနေရာ သည် သင်တန်းများစွာလည်း ရှိသော ကြောင့် သူသင်တန်းတွေလည်း တက် ဦးမည်ဟု ဒီအခန်းဈေးနှုန်း အပြောင်း အလဲကို မသိရသေးခင် လွန်ခဲ့သည့် နာရီပိုင်းလေး အထိ ဖြစ်ပေါ်နေခဲ့သေး သည့် သူ့စိတ်ကူးအိပ်မက်တွေကို ရင်ဖွင့်ပါသည်။ ”ရန်ကုန်က ဒီလိုပဲနှစ်အလိုက်မှ မဟုတ်ဘူး။ တစ်လတစ်ခါ နီးပါး နှစ် သောင်းဈေးတက်နေတယ်” ဟု အိမ်၊ ခြံ၊ မြေ အကျိုးဆောင်မှ တာဝန် ရှိသူတစ်ဦးကလည်း ရန်ကုန်၏ တစ်လ တစ်ခါ အိမ်ငှားဈေးနှုန်း မြင့်တက်လာ မှုကို ထောက်ခံပါသည်။

ယင်းကပင် ဆက်လက်၍ ”ဥပမာ အခန်းတစ်ခန်းကို ဧည့်သည်လေးငါးဦး လောက် လာကြည့်သွားပြီဆို အဲ့ဒီအိမ် ရှင်က နောက်ထပ်ရောက်လာပြီး ကြည့် မယ့်သူကျရင် ကျိန်းသေ နှစ်သောင်း လောက်တော့ ဈေးတင်လိုက်ပြီ။ သူက ဒီလိုဈေးတင်လိုက်တာနဲ့ ဘေးအခန်း တွေကလည်း ဒီလိုဈေးလိုက်မြင့်လာကြ ရော။ ဒီလိုနဲ့ အခန်း A က လည်း ဈေး မြင့်လာ၊ အခန်းB ကလည်း ဈေးမြင့် လာနဲ့ ဈေးတွေက အမြဲတက်နေတာ ပေါ့” ဟု ဆိုသည်။

မြန်မာနိုင်ငံ အိမ်၊ ခြံ၊ မြေဝန် ဆောင်မှု လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူတစ်ဦးကလည်း ရန်ကုန်၏ အိမ်၊ ခြံ၊ မြေအငှားဈေးနှုန်းသည် ယခင် နှစ်နှင့် နှိုင်းယှဉ်ကြည့် ပါက ၂ဝ၊ ၂၅ ရာခိုင်နှုန်း မြင့်တက်နေသည်ဟု တစ် နှစ်ဆိုသည့် အချိန်နှင့်ပင် ရန်ကုန်၏အိမ်၊ ခြံ၊ မြေ အငှားဈေးနှုန်း မြင့်တက် နေမှုကို ရှင်းပြပါသည်။ ထိုင်းနိုင်ငံ ဘန်ကောက်နှင့် ချင်း မိုင်တို့တွင် အိမ်ငှားအဖြစ် နေထိုင်ခဲ့ သည့် မြန်မာတစ်ဦးကတော့ ထိုင်းနှင့် မြန်မာသည် အိမ်ငှားခ ဈေးနှုန်း နှစ်ဆ ကွာသည်ဟု ဆို သည်။

ထိုင်း၏ မြို့လယ်မြို့ထဲShopping Mall များနှင့် နီးကပ်သည့်နေရာကောင်း များ သည် ထိုင်းဘတ်လေးထောင်၊ လေးထောင့် ငါးရာသာ ပေးရပြီး မြန်မာ ငွေနှင့် တွက် ကြည့်ပါက တစ်သိန်းနှစ် သောင်းလောက်သာ ရှိသည်။ အဆိုပါ ဈေးနှုန်းရှိသော အခန်းသည် အသင့် နေထိုင်ရန် အနေအထားတွင် ရှိပြီး ပရိ ဘောဂပစ္စည်းများလည်း ပါဝင်သည်။ မြို့ထဲမှ ဆိုင်ကယ်ဖြင့် ၁ဝ မိနစ်ခန့် သွားရသည့်နေရာရှိ တိုက်ခန်းများသည် ဘတ်သုံးလေးထောင် ဈေးရှိ၍ ထိုနေရာ ရှိ လုံးချင်းသန့်သန့် ကောင်းကောင်း အခန်းသည် ထိုင်းဘတ်ငါးထောင်နှင့် ရသည်ဟု ပြောသည်။

ထို့ပြင် ထိုင်းတွင် အိမ်ငှားရသည် မှာ ကြားပွဲစားမရှိ။ အကျိုးဆောင်မရှိ ဘဲ နှစ်လစာ ငွေကြေးရှိရုံဖြင့် အခန်းစ တင် ငှားနိုင်ပြီး နောက်ထပ်ငှားမည့် လများအတွက် တစ်လ ချင်းပေးသွားနိုင် သောကြောင့် ထိုင်း၏အိမ်ငှားများမှာ ငွေကြေးအတွက် ဝန်ထုပ်ဝန်ပိုး သိပ် မဖြစ်ကြရကြောင်း ထိုင်းနှင့် မြန်မာ အိမ်ငှားမှုနှင့် ဈေးကွက်ကို ပြောသည်။ ”မြန်မာပြည် ပြန်ရောက်တော့ အဲ ဒီလို မဟုတ်တော့ဘူး။ ဒီက တစ်သိန်းခွဲ အခန်းဆိုတာ အစ်မတို့ ဘယ်လိုမှ နေ လို့မရဘူး။ အခန်းတွေကလည်း မသန့် ရှင်းဘူး။ နံရံတွေကလည်း ညစ်ပတ်နေ တယ်။ အိမ်သာဆိုရင်လည်း ရေအလွယ် ချလို့ မရဘူး။ ဒီတော့ နှစ်သိန်းတန် လောက် အခန်းရှာရပြီ။ ပြီးတော့ ခြောက်လ အနည်းဆုံး ချုပ်ရတာဆို တော့ ပွဲစားခနဲ့ ပေါင်းရင် ၁၃ သိန်း လောက်အရင် ရှာရတယ်” ဟု မြန်မာ ပြည်ရန်ကုန်နှင့် ထိုင်းအိမ်ငှားမှု စနစ် အပြောင်းအလဲ ကွာခြားချက်ကို ဆိုပါ သည်။

ရန်ကုန်မြို့ကြီး၏ မြို့ကြီးခြောက် မြို့နယ်တွင်တော့ တစ်သိန်းနှစ်သောင်း ဆိုသည့် ငွေကြေးသည် ရယ်မောစရာ ဖြစ်သည်။ ဒီခြောက်မြို့နယ်တွင်တော့ တစ်လစာအတွက် အနည်းဆုံး နှစ်သိန်း လောက်ရှိမှ အဆင်ပြေမည် သို့သော် အငှားဈေးကွက် ယဉ်ကျေးမှုအရ အနည်းဆုံး ခြောက်လစာနှင့် ပွဲစားခ ဆောင်ထားရဦးမည် ဖြစ်သည်။ စမ်းချောင်း၊ လှိုင်၊ ကမာရွတ်ကဲ့သို့ နေရာများတွင်တော့ အထပ်မြင့်များ၏ အငှားဈေးနှုန်းသည် နှစ်သိန်းအောက် အနည်းငယ်ဆင်းပါက ရနိုင်သည်။ သို့ သော် တစ်သိန်း သာ တတ်နိုင်သေး သည့် မနွယ်နီကတော့ သူမရည်ရွယ် ထားသော လှည်းတန်းဘက်မှ ခြောက် လွှာအခန်းကို စိတ်ဖြတ်လိုက်ရပြီ။

ထို့ ထက် ဝေးသော နေရာတစ်ခု ကို ရွေး ချယ်လိုက်ရသည်ဟု ဆိုပါသည်။ ”အကျိုးဆောင်က အင်းစိန်ဘက် မှာတော့ တစ်သိန်းတန် အခန်းရမယ် ပြောတယ်။ ဒါပဲ ရွေးလိုက်တော့မယ်။ လှည်းတန်းဘက်လာပြီး သင်တန်း တက်ဖို့လည်း အဆင်ြေ ပနိုင်သေးတယ်။ မြို့ထဲကို ရုံးသွားတက်ဖို့လည်း လိုင်း ကားတွေ ပေါပါတယ်လေ” ဟုသူမကိုယ် သူမ နှစ်သိမ့်ရင်း မနွယ်နီကဆိုပါသည်။ ထိုသို့ ရန်ကုန်၏ အိမ်၊ ခြံ၊ မြေ အငှားဈေးနှုန်းများ ပုံမှန်မြင့်တက်နေ ခြင်းသည်Demand နှင့် Supply မမျှ တခြင်းကြောင့်ဖြစ်ကာ အငှားလိုချင် သည့် ငွေကြေးနှင့် အခန်း အနေအထား ကိုက်ညီမှု မရှိဖြစ်နေပြီး အိမ်အငှား များ၍ ငှားလိုသည့် အိမ်ရှင်မှာလည်း နည်းပါးနေသည်ဟု အိမ်၊ ခြံ၊ မြေအကျိုး ဆောင်အချို့က ရန်ကုန်၏ အငှားဈေး နှုန်း ကို သုံးသပ်ကြသည်။

ထိုသို့ ပုံမှန်မြင့်တက်နေသည့် အိမ်အငှားဈေးနှုန်းများသည် မနွယ်နီကဲ့ သို့ရန်ကုန်တွင် အိမ်ငှားနေရသည့် သူ များအတွက် စိန်ခေါ်နေမှု တစ်ရပ် ဖြစ်နေသည်။ သူမ ငှားမည့် အင်းစိန် မှ အခန်းသည် ခြောက်လပြီးဆုံးပါက ဈေးနှုန်းမည်မျှ မြင့်တက်လာဦးမည် လဲ မသိရသေး။ ”ရန်ကုန်ရဲ့ အိမ်၊ ခြံ၊ မြေအငှား ဈေးနှုန်းက ကျွန်မအတွက်တော့ လက် မထောင်စိန်ခေါ်နေသလို ခံစားရတယ်” ဟု မနွယ်နီက မချိပြုံးပြုံး၍ ဆိုလိုက် သည်။

Credit: property-journal

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
Emerald Bay Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service