နိုင်ငံခြားသားများအား အိမ်ငှားသူများကို လာမည့်ဘဏ္ဍာနှစ်မှစ၍ အခွန်ကောက်တော့မည်ဟု ဆို

နိုင်ငံခြားသားများအား အိမ်ငှားသူများကို လာမည့်ဘဏ္ဍာနှစ်မှစ၍ အခွန်ကောက်တော့မည်ဟု ဆို - Property News in Myanmar from iMyanmarHouse.com
17 Jan 2015 1:01 pm တွင် တင်ခဲ့သည်
863 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံခြားသားများအား အိမ်ငှားသူများကို လာမည့် ဘဏ္ဍာနှစ်မှစ၍ သီးသန့်စနစ်ဖြင့် အခွန်ကောက်ခံတော့မည် ဖြစ်ကြောင်း သတင်းရရှိသည်။

အခွန်ဌာနတွင် အိမ်ငှားခနှင့် ပတ်သက်၍ အခွန်ငွေရရှိမှုနည်း ပါးသောကြောင့် လာမည့်ဘဏ္ဍာ နှစ်၌ အားစိုက်လုပ်ဆောင်ရန် ယခုကဲ့သို့ သတ်မှတ်ရခြင်း ဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီး အခွန်ညွှန်ကြားရေးမှူး ဦးကျော်သန့်လွင်က ပြောသည်။ ထိုသို့ လုပ်ဆောင်ရာတွင် လွန်ခဲ့သော သုံးနှစ်အတွင်း ငှားရမ်းမှုအတွက်ပါ ပြန်လည်စည်းကြပ်သွားမည်ဟု ၎င်းက ဆိုသည်။

‘‘နိုင်ငံခြားသားတင်မကဘူး။ပြည်တွင်းကပါ အိမ်ငှားခ အခွန် ဆောင်တာ ထိထိရောက်ရောက် အခွန်ငွေတွေရတာမရှိသေးဘူး။ ထိထိရောက်ရောက်ရအောင် ဆောင်ရွက်တာ’’ဟု ၎င်းက ဆိုသည်။

နိုင်ငံရေးပြောင်းလဲမှုအရ နိုင်ငံခြားသားများသည် မြန်မာနိုင်ငံအတွင်း အများအပြားဝင်ရောက်လာသဖြင့် ၎င်းတို့ကို အိမ်ငှားရမ်းခပမာဏသည်လည်း များလာနိုင်၍ အခွန်အခများ ထိထိ ရောက်ရောက်ကောက်ခံရန် လို နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်း အခွန်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က ပြောသည်။

လာမည့်ဘဏ္ဍာနှစ်၌ အခွန် စည်းကြပ်ရာတွင် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်အထိပါ ပြန်လည် ကောက်ခံမည်ဖြစ်ပြီး ယင်းထက် အချိန်ပိုမိုငှားရမ်းထားပါက အခွန်ဥပဒေပါအရ ပြည်ထောင်စုဝန် ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ကောက်ခံမည်ဖြစ်ကြောင်း ဦးကျော်သန့် လွင်က ပြောသည်။

နိုင်ငံခြားသားများကို အိမ် ငှားရမ်းပါက သက်ဆိုင်ရာမြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးဦးစီးဌာန တွင် နိုင်ငံကူးလက်မှတ်၊ ပြည်ဝင် ခွင့်လက်မှတ်၊ သက်ဆိုင်ရာကုမ္ပ ဏီမှ ခန့်အပ်လွှာနှင့် ထောက်ခံ ပေးမည့် ပုဂ္ဂိုလ်တစ်ဦးက အိမ်ငှား စာချုပ်ကို တင်ပြပေးရမည်ဖြစ် ကြောင်းနှင့် ရပ်ကွက်အတွင်း ဧည့်စာရင်းတိုင်ရုံဖြင့် နေထိုင်၍မရ ကြောင်း အိမ်ခြံမြေ၀န်ဆောင်မှု အသင်း ဒုဥက္ကဋ္ဌ ဦးသန်းဦးက ပြောသည်။

‘‘အိမ်ငှားစာချုပ်ကို ရပ်ကွက်ရုံးတင်ပြတယ်။ ရပ်ကွက်ရုံးက မြို့နယ်ရောက်မယ်။ လ၀ကရောက် မယ်။ အခွန်ဌာနရောက်မယ်။ ဒါ ဆိုအခွန်ကောက်လို့ရပြီ။ အခွန် ကောက်လို့မရဘူးဆိုတာ သေချာမလုပ်လို့ပါ’’ဟု ၎င်းက ဆက်လက်ပြောသည်။

Credit: 7 day daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...

အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service