၂၀၁၅ ခုနှစ် အိမ်ခြံမြေအရောင်းအ၀ယ် ဘယ်လို ဆက်ဖြစ်မလဲ

၂၀၁၅ ခုနှစ် အိမ်ခြံမြေအရောင်းအ၀ယ် ဘယ်လို ဆက်ဖြစ်မလဲ - Property News in Myanmar from iMyanmarHouse.com
15 Jan 2015 11:11 am တွင် တင်ခဲ့သည်
637 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲရေးလုပ်ငန်း များနှင့်အတူ စီးပွားရေးဇုန်များ ဖော်ထုတ် လာခြင်း၊နိုင်ငံတကာနှင့် ပူးပေါင်းကာ အခြေခံ အဆောက်အအုံများ မြှင့်တင်ရန် ပြင်ဆင်ခြင်းနှင့် စီးပွားရေး
အရအကျိုးတူ ပူးပေါင်းဆောင်ရွက်လာခြင်းများက ပြီးခဲ့ သည့် နှစ်အနည်းငယ်အတွင်း ပြည်တွင်းအိမ်ခြံမြေဈေးကွက်ကို သိသာစွာလှုပ်ခတ်ခဲ့သည်။

၂၀၁၂ နှင့် ၂၀၁၃ ခုနှစ်များတွင် ရန်ကုန် မြို့၏ အိမ်ခြံမြေဈေးကွက်သည် မြေအရောင်း အ၀ယ်၊မြေငှားရမ်းမှု၊ အခန်းငှားရမ်းမှုများ၊ စက်မှုဇုန်မြေနှင့် အခြားလူနေထိုင်သည့် မြေ နေရာများကို
စီးပွားဖြစ် ၀ယ်ယူရင်းနှီးမြှုပ်နှံ မှုများ ပြုလုပ်လာခြင်းကြောင့် အိမ်ခြံမြေ ဈေးကွက်မှာ အကျိုးအမြတ်များသည့် စီးပွား ရေး လုပ်ငန်းတစ်ခုသဖွယ် ဖြစ်လာခဲ့သည်။ ၂၀၁၄ ခုနှစ်တွင်မူ အထပ်မြင့်ကွန်ဒို
နှင့် အဆင့်မြင့်အိမ်ရာများ တည်ဆောက်ကြသည့်ဘက်တွင် ရင်းနှီးမြှုပ်နှံမှုပိုများလာခြင်း ကြောင့်အိမ်ခြံမြေ အရောင်းအ၀ယ်မှာ ငြိမ်သက်လာခဲ့သည်။ အိမ်ခြံမြေ လုပ်ငန်းလုပ်ကိုင်သူများက ရန်
ကုန်မြို့၏ အိမ်ခြံမြေ ဈေးကွက်သည် ယခု နှစ်၌ ၅၀ ရာခိုင်နှုန်းခန့် လျော့သွားခဲ့ပြီး လက်ရှိ အခြေအနေအရ ဈေးကွက်ကို စောင့်ကြည့်လေ့လာနေသည့် အနအထားဖြစ်ကြောင်း မြန်မာတိုင်း(မ်)ကိုပြောသည်။

"၂၀၁၄ ခုနှစ်ကတော့ အိမ်ခြံမြေဈေးကွက် က ထက်ဝက်လောက်ကို အေးသွားတယ်။ အရောင်းအ၀ယ်တွေလဲ တော်တော်ငြိမ်ကုန် တယ်။ ဒီနှစ်ထဲမှာ အပြောင်းအလဲတွေက လည်းများတော့
အားလုံးက ဈေးကွက်အခြေ အနေတွေကို စောင့်ကြည့်လာတဲ့အနေအထား ပဲ ဖြစ်နေတယ်။ နှစ်ကုန်ပိုင်းရောက်လေ ဈေးကွက်ကအေးလေပဲ" ဟု ဏ့သနညငထ အိမ်ခြံ မြေ အကျိုးဆောင်လုပ်
ငန်းက ကိုထွန်းထွန်း က ပြောသည်။ ၂၀၁၄ ခုနှစ် နှစ်စပိုင်းတွင် ၂၀၁၃ ခုနှစ်၏ အိမ်ခြံမြေဈေးကွက်ကောင်းသည့် အရှိန်ဖြင့် ဖွံ့ဖြိုးစ မြို့စွန်ဒေသများ၊ စီးပွားရေးဇုန်များနှင့် စက်မှုဇုန်များ၊ အစိုးရစီမံကိန်း
များလုပ်ဆောင် ရန် လျာထားသည့်နေရာများတွင် အိမ်ခြံမြေ ဈေးကွက် အခြေအနေကောင်းခဲ့ပြီးနှစ်လယ်ပိုင်းမှစတင်၍ ဈေးကွက်မှာ ရောင်းလိုသူများ သာရှိခဲ့ပြီး ၀ယ်လက်များ လျော့နည်းလာ
ကြောင်း ၎င်းကပြောသည်။

မြေအရောင်းအ၀ယ် လုပ်ကိုင်မှုများ နည်းလားခြင်းနှင့်အတူ ဆောက်လုပ်ရေးလုပ်ငန်းများ ပိုမိုတိုးတက်လာခြင်းသည် ရန်ကုန်မြို့၏ အိမ်မြေ ရင်းနှီးမြှုပ်နှံမှုပိုင်းကို အားနည်းစေခဲ့သော်လည်း အိမ်
မြေဈေးနှုန်း မြင့်တက်ခြင်းမှာမူ ကျဆင်းသွားခြင်းမရှိပေ။

ထို့ပြင် ၂၀၁၄ ခုနှစ်၊ ဩဂုတ်လတွင် အကောင်အထည်ဖော်ရန် ကြေညာခဲ့သည့် မသေချာသည့်မြို့သစ်စီမံကိန်းကြောင့် လည်း အိမ်ခြံမြေဈေးကွက်ကို ရိုက်ခတ်ခဲ့ပြီး အိမ်ခြံမြေ အရောင်းအ၀ယ်
လုပ်ကိုင်သူများ လည်း အကျပ်ရိုက်ခဲ့ရသည်။ ထို့ပြင် ယခုနှစ်၏ အောက်တိုဘာလတွင် အခွန်ဆောင်ရန် တစ်ပေပတ်လည်မြေစံနှုန်း သတ်မှတ်ခြင်း၌ မြေစံနှုန်းဈေးများ ယခင် နှစ်ထက်မြင့်ခဲ့ပြီး
အခွန်နှုန်း သတ်မှတ်ပြီး သည့်နောက်တွင် အိမ်ခြံမြေဈေးကွက်မှာ ပိုမို ငြိမ်သက်သွားကြောင်းအိမ်ခြံမြေ အကျိုး ဆောင်များက ပြောသည်။

"ဒီနှစ်က အခွန်စည်းကြပ်တာများတော့ ဈေးကွက်ကအေးသွားတယ်။ ၀ယ်ရောင်းသမားတွေကလည်း အခွန်ဆောင်ဖို့ အဆင် မပြေတော့ ၀ယ်ရောင်းသိပ်မလုပ်တော့ဘဲဈေးကွက်ထဲမှာက ရောင်းမယ့်သူလောက်ပဲ ရှိတော့တယ်။ နောက်ပြီး ဒီနှစ်က ကွန်ဒိုတွေ၊ တိုက်ခန်းတွေဆောက်တာများပြီး
ဝယ်ရောင်း လုပ်တဲ့သူတွေကလည်း ကန်ထရိုက်ဘက် ကို လှည့်ကုန်တာတွေလည်းရှိတယ်" ဟုရွှေကံ မြေ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းက ဦးခင်မောင်အေးက ပြောသည်။

ထို့ပြင် အခွန်စည်းကြပ်မှုများအပြင် မြေ ဈေးနှုန်းများမှာလည်း လွန်ခဲ့သည့်နှစ်နှစ်အတွင်း ဆက်တိုက်အရှိန်အဟုန်ဖြင့်တက်ခဲ့ခြင်းကြောင့် ယခုနှစ်တွင် မြေဈေးနှုန်း များမှာ အဆမတန်မြင့်မား
သည့် အနေအထား များဖြစ်ခဲ့ကာ တက်ဈေးများတွင်သာ ရပ်တန့် နေပြီး ပြန်လည်ကျဆင်းမှုများမရှိခြင်းကြောင့် ၀ယ်လိုအားပါ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက သုံးသပ်သည်။

"၀ယ်ရောင်းလုပ်တဲ့သူတွေကလဲ မြေဈေး တွေမြင့်တော့ ထပ်မ၀ယ်တော့ဘဲ လက်ထဲမှာရှိတဲ့မြေတွေကိုရောင်းမယ်ဆိုပြီး အားလုံးက ငြိမ်နေကြတာများတယ်။ မြေဈေးတွေကလည်း အဆ
မတန် ဈေးကြီးနေတာကနေ လုံးဝ မကျဘဲ အရောင်းအ၀ယ်သာငြိမ်သွားတာ။ ဈေး တွေကတော့တန့်နေတယ်။ ၀ယ်မယ့်သူတွေ ကလည်း စောင့်ကြည့်နေတယ်။ ရောင်းမယ့်သူ တွေကလည်း
ဈေးပိုရမလားဆိုပြီး စောင့်ကြည့် နေကြတယ်။ နောက်နှစ်မှာတော့ အစိုးရ ပေါ်လစီကို စောင့်ကြည့်ပြီး အိမ်ခြံမြေ ဈေးကွက်ကတော့ တစ်ခုခုထူးခြားလာမှာပါ" ဟု ကိုထွန်းထွန်းက ပြောသည်။

အိမ်ခြံမြေဈေးကွက်အတွင်း ယခင်က ၀ယ်ရောင်းလုပ်ကိုင်မှုများပြားသည့် မြို့နယ်အချို့ရှိ မြေဈေးများမှာ ၂၀၁၄ ခုနှစ်အတွင်း သိန်းပေါင်းသောင်းဂဏန်းထိ ရှိလာခဲ့သည့်အတွက် နှစ်ကုန်ပိုင်းတွင်
ပိုမို၍အရောင်း အ၀ယ် နည်းပါးလာခဲ့ပြီး မြေဈေးသိန်း တစ်ထောင်ဝန်းကျင်ရှိသည့် နေရာများတွင်သာ အရောင်းအ၀ယ် လုပ်ငန်းရှိတော့ကြောင်း အကျိုးဆောင်များက ပြောသည်။

"အရင်က မြောက်ဒဂုံလိုနေရာမျိုးဆိုရင် အရောင်းအ၀ယ် အရမ်းဖြစ်တယ်။ ဈေးတွေ ကလည်းတော်တော်ကောင်းတယ်။ မြေ တစ်ကွက်ကို သိန်းတစ်သောင်းခွဲလောက် အထိ ဖြစ်ကုန်တယ်။
အဲဒီနောက်ပိုင်း အရောင်းအ၀ယ်နည်းသွားပြီး သိန်းလေး ငါးရာ ၀န်းကျင်နဲ့ တစ်ထောင်မကျော်တဲ့သင်္ကန်းကျွန်းဘက်မှာတော့ အရောင်းအ၀ယ် လေးတွေ ရှိတုန်းပဲ" ဟု အိမ်ခြံမြေ ပွဲစား တစ်ဦးက
ပြောသည်။

ထို့ပြင် ပြီးခဲ့သည့်နှစ်တွင် မြို့လယ်ကောင် မြို့နယ်နှင့် မြို့တွင်းပိုင်းများတွင် အရောင်းအ၀ယ်ကောင်းခဲ့သော်လည်း ယခုနှစ်တွင် နှစ်စပိုင်း၌ မြို့စွန်ဒေသများတွင် အရောင်း အ၀ယ်ဖြစ်ကာ နှစ်ကုန်ပိုင်း
တွင်မှု ရန်ကုန် တစ်မြို့လုံးနီးပါးခန့် အရောင်းအ၀ယ်အေးခဲ့ သည်။ ရန်ကုန် တစ်ဖက်ကမ်းမြို့နယ်များဖြစ် သည့် ဒလနှင့် သီလ၀ါ အထူးစီးပွားရေးဇုန် ဒေသများရှိ မြေအရောင်းအ၀ယ်များမှာ လည်း
စိတ်ဝင်စားမှု တဖြည်းဖြည်းလျော့နည်း လာခဲ့ပြီး ရန်ကုန်မြို့သစ်စီမံကိန်းပေါ်ပေါက် လာသည့်အချိန်တွင် မြို့သစ်ဘက်သို့ ၀ယ် ရောင်းသမားများစုပြုံခဲ့သော်လည်း စီမံကိန်း ရပ်ဆိုင်းခဲ့မှုကြောင့်
ပြန်လည် ငြိမ်သက် ခဲ့သည်။ ရန်ကုန်မြို့တွင်းတွင်မူ အခန်းငှားရမ်းမှု နှုန်းမှာ ယခင်နှစ်များအတိုင်းလိုအပ်မှုနှုန်း ဆက်လက်မြင့်မားခြင်းတို့ကြောင့် အငှား ဈေးကွက်ကောင်းခဲ့ပြီး ဈေးနှုန်းများလည်း
ကောင်းလာခဲ့သည်။

အငှားဈေးကွက်တွင် နိုင်ငံခြားသားများ အိမ်နှင့် ကွန်ဒိုအခန်း ငှားရမ်းမှုများ ဆက် လက် မြင့်မားဆဲဖြစ်ပြီး ရုံးခန်းအငှားများမှာ လည်း ယခုနှစ်တွင် မြင့်တက်ခဲ့သည်။ အငှား ဈေးနှုန်းများမှာ ဈေး
ကျသွားခြင်းမရှိဘဲ တစ်နှစ် ထက်တစ်နှစ် ပိုမိုမြင့်လာခဲ့သောကြောင့် ယခင်အငှားဈေးကွက်ကောင်းမွန်သည့် မြို့ လယ်ကောင်နှင့် မြို့တွင်း နေရာများထက် မြို့စွန် ဘက်များတွင်ပါ ဈေးကွက်
ကောင်းမွန်လာကြောင်း မိုးမြင့်သော်တာ အိမ်ခြံမြေအကျိုး ဆောင် တာဝန်ခံ မမြတ်သူက ပြောသည်။

"အငှားဈေးကွက်က ပြီးခဲ့တဲ့နှစ်ထဲမှာ နှစ်စကနေ နှစ်ဆုံးအထိ ဈေးကွက်အေးတယ်ဆိုတာတော့မရှိဘူး။ ငှားမယ့်သူကတော့ အမြဲတမ်းရှိတယ်။ ဈေးကတော့ မနှစ်က တစ်လကို ဒေါ်လာ ၃,၀၀၀
တန်တွေက ဒီနှစ် ဒေါ်လာ ၅,၀၀၀ လောက် တက်သွားတယ်။ ရန်ကုန်မှာကတော့ ငှားတဲ့ဈေးကတစ်နှစ်ထက်တစ်နှစ် တက်နေတာချည်းပဲဆိုတော့ အငှားဈေးကွက်ကတော့ နေရာတွေဖြန့်ကုန်
တယ်။ အခုဆို ဈေးသက်သာတဲ့ မြို့စွန်ဘက်တွေမှာလည်း ငှားနေတာတွေ များလာတယ်" ဟု၎င်းက ပြောသည်။

ရန်ကုန်မြို့၏ အိမ်ခြံမြေ ဈေးကွက်အလားအလာမှာ ယခု ၂၀၁၅ ခုနှစ်တွင် အစိုးရပိုင်း အပြောင်းအလဲများ ဖြစ်နိုင် သည့်အတွက် နိုင်ငံရေးမူဝါဒအပြောင်းအလဲများဖြစ်ပေါ်ခဲ့ပါက ယင်းအပြောင်း
အလဲများ နှင့်အတူ အိမ်ခြံမြေဈေးကွက်မှာလဲ ပြောင်းလဲ နိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်သည်။

၂၀၁၅ ခုနှစ်တွင် ရန်ကုန်မြို့၏ အိမ်ခြံမြေ ဈေးနှုန်းမြင့်မားမှုများကို ထိန်းချုပ်နိုင်ရန် အစိုးရမှကြိုးစားလျက်ရှိကြောင်း သတင်းများ ထွက်ပေါ်ခဲ့ပြီး ပြီးခဲ့သည့် နှစ်ကုန်ပိုင်း တွင် အစိုးရက စက်မှုဇုန်မြေ
များကို ၀ယ်ယူသူများကို လုပ်ငန်းဖော်ပြခိုင်ခြင်း ဖြင့် စက်မှုဇုန်မြေဈေးနှုန်းနှင့် အရောင်းအ၀ယ်လုပ်ကိုင်မှုများကို တစ်နည်းတစ်ဖုံထိန်းချုပ်မှု ပြုလုပ်ခဲ့သည်ထင်ရသော်လည်း လက်တွေ့တွင်
အရောင်းအ၀ယ်သာငြိမ်ခဲ့ပြီး ဈေးနှုန်းများမှာမူ ကျဆင်းခြင်း မရှိသေးပေ။ ရန်ကုန်မြို့၏ မြေဈေးနှုန်းများမှာ လက်ရှိ တွင် ရှိသင့်သည့်ဈေးနှုန်းထက် အဆပေါင်း များစွာ မြင့်တက်နေခြင်းကြောင့် အဆို
ပါဈေးနှုန်းများမှာ အလွယ်တကူ ပြန်လည်ကျဆင်းရန် မဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူအများစုကခန့်မှန်းသည်။

Credit: mmtimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service