ရန်ကုန်မှာရှိခဲ့ဖူးတဲ့ အဝိုင်းကြီးတွေ

ရန်ကုန်မှာရှိခဲ့ဖူးတဲ့ အဝိုင်းကြီးတွေ - Property Knowledge in Myanmar from iMyanmarHouse.com
13 Jan 2015 10:23 am တွင် တင်ခဲ့သည်
4792 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

အောက်မြန်မာနိုင်ငံကို သိမ်းပြီးနောက်ပိုင်းမှာ အင်္ဂလိပ်တို့ဟာ ရန်ကုန်ကို မြို့ကွက်သစ်ပြန်ဖော်ပြီး တည်ဆောက်ခဲ့ပါတယ်။

မြို့ကွက်ဒီဇိုင်းကို အဓိကတာဝန်ယူ ရေးဆွဲတာကတော့ စစ်အင်ဂျင်နီယာ ဗိုလ်ဖရေဇာ(ဖရေဇာလမ်း- အနော်ရထာလမ်း) ဖြစ်ပါတယ်။ အမေရိကန် ဝါရှင်တန်မြို့ကို ပြင်သစ်အင်ဂျင်နီယာ Pierre Charles L'Enfant က အဝိုင်းကြီးတွေ ထည့်သွင်းပြီး တည်ဆောက်ထားတာကို သူက သဘောကျပါတယ်။ ဖရေဇာကလည်း ဒါကိုအတုယူပြီး မြက်ခင်းအဝိုင်းကြီးတွေနဲ့ ရန်ကုန်မြို့ကို အကွက်ဖော်တည်ဆောက်ခဲ့ပါတယ်။

ဦးဝိစာရအဝိုင်းနဲ့ ဟံသာဝတီအဝိုင်းတို့လို အဝိုင်းကြီးတွေ ကျန်ရှိနေသေးပေမဲ့ အခြားအဝိုင်းတွေကတော့ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပါတယ်။ ဗိုလ်ဖရေဇာ ဖော်ထုတ်ခဲ့တယ့် အဝိုင်းကြီးတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

(၁)ဘုရားကုန်းတော်မြေတည်ရှိရာ ဆူးလေဘုရားအဝိုင်းကြီး
(၂)ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ဆူးလေဘုရားလမ်းဆုံ ကွန်တီနင်တယ် အဝိုင်းကြီး
(၃)ဗဟန်းလမ်း၊ဦးထောင်ဗိုလ်လမ်း နဲ့ ကန်ရိပ်သာလမ်းဆုံ ဗဟန်းအဝိုင်းကြီး
(၄)ရွှေဂုံတိုင်လမ်းနဲ့ ကိုယ့်မင်းကိုယ့်ချင်းလမ်းဆုံရာ ရွှေဂုံတိုင်အဝိုင်းကြီး(ဗဟန်းမြို့နယ်)
(၅) ဦးဝိစာရလမ်းနဲ့ အလုံလမ်းဆုံရာ (ဒဂုံမြို့နယ်) ဦးဝိစာရအဝိုင်းကြီး
(၆) ဦးဝိစာရလမ်းနဲ့ ဘောင်ဒရီလမ်းဆုံ( ဓမ္မစေတီလမ်း) ဝိဇယအဝိုင်း
(၇) အနောက်မြင်းပြိုင်ကွင်းလမ်း၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ရွှေဂုံတိုင်လမ်း၊ သမိန်ဗရမ်းနဲ့ ဗညားဒလလမ်းဆုံရာ တာမွေအဝိုင်းကြီး
(၈)ပြည်လမ်းနဲ့ ဗားကရာလမ်းဆုံ မြေနီကုန်းအဝိုင်းကြီး
(၉) ပြည်လမ်း၊ တက္ကသိုလ်ရိပ်သာလမ်း၊ အင်းစိန်လမ်းနှင့် လှည်းတန်းလမ်းဆုံရာ ကမာရွတ်အဝိုင်း(လှည်းတန်းအဝိုင်း)
(၁၀)ဦးဝိစာရလမ်း၊ဟံသာဝတီလမ်းနှင့် ပြည်လမ်းတို့ဆုံရာ ဟံသာဝတီအဝိုင်းကြီး တို့ဖြစ်ပါတယ်။

၁၉၆၀ ခုနှစ် လမ်းများတိုးချဲ့ဖောက်လုပ်ရာမှာ အဝိုင်းကြီးတော်တော်များများကို ဖျက်ပစ်ခဲ့ပါတယ်။ တာမွေအဝိုင်းကြီးကိုတော့ ၁၉၈၉ ခုနှစ်မှာ ဖျက်သိမ်းခဲ့ပါတယ်။

Ref; ရန်ကုန်မြို့ စည်ပင်သာယာရေးကော်မတီ သမိုင်း

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသားဖော်ပြသည်။)
ရန်ကုန်မှာရှိခဲ့ဖူးတဲ့ အဝိုင်းကြီးတွေ - Property Knowledge in Myanmar from iMyanmarHouse.com
ရန်ကုန်မှာရှိခဲ့ဖူးတဲ့ အဝိုင်းကြီးတွေ - Property Knowledge in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ပြင်သစ်တွင် နေအိမ်တစ်ခု၏ နံရံထဲ၌ လျှို့ဝှက်သိမ်းဆည်းထားသော ရွှေဒင်္ဂါးပြားများ ရှာဖွေတွေ့ခဲ့ပြီး လေလံတင်ရောင်းချရာတွင် ဒ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service