အိမ်တွင်းစိုက်ပျိုး၍ အကောင်းဆုံးအပင်များ

အိမ်တွင်းစိုက်ပျိုး၍ အကောင်းဆုံးအပင်များ - Property Knowledge in Myanmar from iMyanmarHouse.com
9 Jan 2015 11:46 am တွင် တင်ခဲ့သည်
3239 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

တစ်ချို့ကတော့ အပင်လေးတွေကို အိမ်တွင်းအလှဆင်ရုံ သက်သက်စိုက်ကြပါတယ်။ ဒါပေမဲ့ ဒီအပင်လေးတွေဟာ အိမ်ခန်းများကို စိမ်းစိမ်းစိုစိုနဲ့ လှပရုံတင်မကဘူး လေကိုပါသန့်စင်စေပါတယ်။ အပင်လေးတွေကိုဂရုစိုက်ရင်းနဲ့ စိတ်ဖိစီးမှုတွေကို လျော့ကျစေနိုင်ပါတယ်။ ၂၀၀၈ ခုနှစ်က ဒတ်ခ်ျသုတေသနသမားတွေရဲ့ လေ့လာချက်အရ အခန်းတွင်း အပင်ရှိတဲ့ ဆေးရုံက လူနာတွေဟာ မရှိတဲ့လူနာတွေထက် စိတ်ဖိစီးမှုလျော့နည်းကြောင်းတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။
ဒါကြောင့် အိမ်တွင်းစိုက်ပျိုးလို့ကောင်းတဲ့ ပန်းပင် အချို့ကို တင်ပြလိုက်ပါတယ်။ လွယ်လွယ်ကူကူ စိုက်ပျိုးလို့ရပြီး အောက်ဆီဂျင်ကိုမြင့်မားစေတဲ့ အပင်မျိုးတွေ ဖြစ်ပါတယ်။ ဒီထဲမှာပါတဲ့ တစ်ချို့အပင်တွေကို နာဆာ သိပ္ပံပညာရှင်တွေက လေထုအသန့်စင်ဆုံး အိမ်တွင်းစိုက်ပျိုးပင်တွေအဖြစ် သတ်မှတ်ထားပါတယ်။

ရှားစောင်းလက်ပတ်
ရှားစောင်းရဲ့အနှစ်ဟာ ဆေးဖက်ဝင်တာကို အားလုံးသိပြီးသားပါ။ အခန်းတွင်း ဓာတုပစ္စည်းတွေကထွက်တဲ့ မသန့်ရှင်းတဲ့လေကို သူက ဖယ်ရှားပေးနိုင်ပါတယ်။ အန္တရယ်ရှိတဲ့ ဓာတုပစ္စည်းထဲကလေတွေဟာ အလွန်အကျွံဖြစ်လာပြီဆိုရင်တော့ သူရဲ့အရွက်တွေဟာ အညိုကွက်ပျောက်လေးတွေ ဖြစ်လာပါတယ်။

ရာဘာပင်
ရာဘာပင်ဟာ လေကိုသန့်စင်စေပါတယ်။ စိုက်ပျိုးလို့ အလွယ်ဆုံးအပင်လည်း ဖြစ်ပါတယ်။ အလင်းမှိန်မှိန်ထဲမှာတောင် ရှင်သန်ပါတယ်။ အကြမ်းပတမ်းခံပြီး လေထဲက အဆိပ်အတောက်ကို ဖယ်ရှားရာမှာ အားကောင်းပါတယ်။

နဂါးစက်ဂမုန်း
စိုက်ပျိုးဖို့ အလင်းရောင်များများ၊ ရေများများမလိုပါဘူး။ အိမ်ထောင့် ဘယ်နားချထားထားပါ။ ကာဗွန်ဒိုင်အောက်ဆိုက်ကိုစုပ်ပြီး ညဘက်မှာ အောက်စီဂျင်ထုတ်ပေးတဲ့ အပင်ပါ။ အိပ်ခန်းထဲ ထားသင့်တဲ့အပင်မျိုးပါ။

English Ivy
လေထုသန့်စင်မှုအပေးဆုံး နံပါတ်တစ်အပင်အဖြစ် နာဆာက သတ်မှတ်ထားပါတယ်။ ဖော်မယ်ဒီဟိုက်ဓာတ်ငွေ့ကို စုပ်ယူရာမှာ အထိရောက်ဆုံးဖြစ်ပါတယ်။ ကြမ်းပြင်တွေ၊နံရံတွေမှာ တွယ်ကပ်ပေါက်တတ်တဲ့အပင်မျိုး ဖြစ်ပါတယ်။ အိမ်ရဲ့ဆင်ဝင်တို့၊ မျက်နှာစာတို့မှာ အလှဆင်တတ်ကြပါတယ်။ လွယ်လွယ်ကူကူပဲ ရှင်သန်ပါတယ်။

ဝါးပင်
ဝါးပင်လေးတွေဟာ အိမ်တွင်းမှာ အလွန်ဆွဲဆောင်မှုရှိပါတယ်။ လေသန့်စင်မှု 8.4 ရှိတဲ့ အပင်လေးတွေအဖြစ် နာဆာက သတ်မှတ်ထားပါတယ်။ benzene နဲ့ trichloroethylene လို ဓာတုပစ္စည်းတွေကို ဆုပ်ယူပေးပါတယ်။ ရေကောင်းကောင်းလောင်းဖို့လိုပြီး နေရိပ်ထဲမှာ ထားရပါတယ်။ ဒါမှမဟုတ် နေကို တိုက်ရိုက်မရတဲ့ နေရာမှာထားရပါတယ်။

Golden Pothos
ဖော်မယ်ဒီဟိုက်ကို ရှင်းလင်းပေးတဲ့ သူ့ရဲ့အရည်အသွေးကြောင့် နာဆာရဲ့ စာရင်းမှာ ပါဝင်ပါတယ်။ မီးဖိုချောင်တွေ၊ ဧည့်ခန်းတွေမှာ ချိတ်ဆွဲထားတတ်ကြတဲ့ အပင်မျိုးပါ။ နေရောင်နည်းနည်းပဲလိုပြီး အေးတဲ့အပူချိန်မှာ အလွယ်တကူရှင်သန်ပါတယ်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ဘာသာပြန်သည်။)
အိမ်တွင်းစိုက်ပျိုး၍ အကောင်းဆုံးအပင်များ - Property Knowledge in Myanmar from iMyanmarHouse.com
အိမ်တွင်းစိုက်ပျိုး၍ အကောင်းဆုံးအပင်များ - Property Knowledge in Myanmar from iMyanmarHouse.com
အိမ်တွင်းစိုက်ပျိုး၍ အကောင်းဆုံးအပင်များ - Property Knowledge in Myanmar from iMyanmarHouse.com
အိမ်တွင်းစိုက်ပျိုး၍ အကောင်းဆုံးအပင်များ - Property Knowledge in Myanmar from iMyanmarHouse.com
အိမ်တွင်းစိုက်ပျိုး၍ အကောင်းဆုံးအပင်များ - Property Knowledge in Myanmar from iMyanmarHouse.com
အိမ်တွင်းစိုက်ပျိုး၍ အကောင်းဆုံးအပင်များ - Property Knowledge in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...

စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...

လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...

သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...

ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု

[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန

တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော

ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ

[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service