ရန်ကုန်မြို့ရဲ့ မြေဈေးတွေ သိသိသာသာ တက် နေပေမယ့်လည်း ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ၂၀၁၄ ခုနှစ်မှာ စံချိန်တင်ရလောက် အောင် သိသာစွာ တိုးတက်လာခဲ့ပါတယ်။ စီးပွားရေးလုပ်ငန်း
တွေ၊ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှု ကုမ္ပဏီတွေ များပြားလာတာနဲ့အတူ လိုအပ်နေတဲ့ အဆင့်မြင့်အိမ်ရာနဲ့ ရုံးခန်းတွေ အတွက် ဆောက်လုပ်ရေးစီမံကိန်းတွေ ပိုမိုများပြားခဲ့ပါတယ်။ မြို့ထဲဧရိယာနဲ့ နီးတဲ့မြို့နယ်တွေမှာသာ မက မြို့စွန်မြို့နယ်တွေမှာပါ ကန်ထရိုက်တိုက် တွေကို တည်ဆောက်ခဲ့ကြပြီး မြို့
ထဲဧရိယာနဲ့ နီးတဲ့ မြို့နယ်တွေမှာ အထပ်မြင့်အဆောက် အအုံတွေကို ပိုပြီးတော့ တွင်ကျယ်စွာဆောက် လုပ်ခဲ့ကြပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီအများစုကလည်း မြန်မာ့အိမ်ခြံမြေ ဈေးကွက်မှာ လာရောက်ရင်းနှီးမြှုပ်နှံခဲ့ကြပြီး အချိန်တိုအတွင်း အခန်းအရေအတွက် များ များ ဆောက်လုပ်ပြီးစီးမယ့်
အကြီးစား ဆောက်လုပ်ရေး လုပ်ငန်းတွေကို မြို့နယ် အများစုမှာ တွင်ကျယ်စွာ ဆောက်လုပ်ခဲ့ကြ ပါတယ်။
နိုင်ငံတိုးတက်မှုရဲ့ ပြယုဂ်ဖြစ်တဲ့ အကြီးစား ဆောက်လုပ်ရေးလုပ်ငန်းတွေဟာ ၂၀၁၄ ခုနှစ် မှာသိသိသာသာ စတင်များပြားလာခဲ့ပြီး နောက်နှစ်တွေမှာ ပိုမိုများပြားလာကြလိမ့်မယ် လို့ ဆောက်
လုပ်ရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။ "ရန်ကုန်မြို့တွင်းမှာ နိုင်ငံတော်ပိုင်မြေ၊ စည်ပင်ပိုင်မြေနေရာကျယ်တွေ များစွာရှိနေ သေးတယ်။ အဲဒီမြေနေရာကျယ်တွေမှာ နိုင်ငံခြား ဆောက်လုပ်ရေးကုမ္ပ
ဏီတွေနဲ့ အကျိုးတူ ပူးပေါင်းဆောက်လုပ်တာတွေ ၂၀၁၄ မှာ စတင်များလာတယ်"လို့ အေဘီစီဆောက်လုပ်ရေးလုပ်ငန်း မန်နေဂျာ ဦးရန် အောင်က ပြောပါတယ်။
ထို မိုးမျှော်အဆောက်အအုံတွေအားလုံး နီးပါးခန့်ကို နိုင်ငံတကာအဆင့်မီ အဆောက် အအုံအဖြစ်နိုင်ငံတကာ ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေနဲ့ အကျိုးတူပူးပေါင်း ဆောက်လုပ်နေတာ ဖြစ်ပေမယ့်
လည်း အကြီး စား အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုမှာ နိုင်ငံခြားသားကုမ္ပဏီတွေက အများစုဖြစ်ပြီးဈေးကွက်ကို နိုင်ငံတကာဆောက်လုပ်ရေး လုပ်ငန်းတွေက ဦးဆောင်နေတာကို တွေ့ရ ပါတယ်။
နိုင်ငံတကာအဆင့်မီ အကြီးစား ဆောက် လုပ်ရေးလုပ်ငန်းတွေကို မြန်မာနိုင်ငံ အနှံ့ အပြားမှာဆောက်လုပ်ဖို့ မျှော်လင့်ပြီး ဒီအဆောက်အအုံတွေကို နိုင်ငံခြား ဆောက် လုပ်ရေးလုပ်ငန်းရှင်
တွေလို မြန်မာနိုင်ငံက ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကို ကိုယ်တိုင် ဦးဆောင် တည်ဆောက်စေလိုကြောင်း ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ က ပြောပါတယ်။
"နိုင်ငံတကာ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ လက်တွဲလုပ်ကိုင်ရင်း နည်းပညာတွေကိုလေ့လာပြီးတော့ နောက်ပိုင်းတည်ဆောက် မယ့် အကြီးစားဆောက်လုပ်ရေး လုပ်ငန်းတွေ ကို နိုင်ငံတကာအဆင့်မီ အဆောက်အအုံတွေ အဖြစ် ကိုယ်တိုင်ဆောက်လုပ်နိုင်အောင် ကြိုးစား သင့်ပါတယ်။
အသေးစားဆောက်လုပ်ရေး လုပ်ငန်းရှင်တွေပူးပေါင်းပြီး အကြီးစား ဆောက်လုပ်ရေးလုပ်ငန်းမျိုးကို ပြုလုပ်သင့် ပါတယ်။ အခုချိန်မှာ အချိန်တိုတိုနဲ့ အဆောက် အအုံများများကို တည်ဆောက်ပြီး
စီးမယ့် အကြီးစားဆောက်လုပ်ရေး လုပ်ငန်းမျိုးကို နိုင်ငံတွင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ က သိပ်မကျွမ်းကျင်ကြသေးဘူး"လို့ မြတ်မင်း ဆောက်လုပ်ရေးလုပ်ငန်းဒါရိုက်တာ ဦးအောင် မင်းက
ပြောပါတယ်။
မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင် များအသင်း ဒုဥက္ကဋ္ဌ ဦးသာအေးက "ဆောက် လုပ်ရေးစီမံကိန်းတွေ၊ ကန်ထရိုက်တွေ ဆောက် လာကြတိုင်း ဆောက်လုပ်ရေးကဏ္ဍ တိုးတက် လာတယ်
လို့ ပြောလို့မရသေးဘူး။ နိုင်ငံသား တွေအတွက် အကျိုးရှိစွာတိုးတက်ဖို့ လိုသေး တယ်။ ခုချိန်အထိဆောက်လုပ်ရေးကဏ္ဍတွေ စည်းကမ်းနဲ့အညီ တကယ့်သဘာဝကျကျ တိုး တက်တယ်လို့ ပြောလို့
မရသေးဘူး။ စီးပွားရေးလုပ်ငန်းရှင်တွေက လုပ်ငန်းရှာရင်း လုပ်ငန်းမရှိလို့ ဆောက်လုပ်ရေးကဏ္ဍဘက် ရောက်လာကြတယ်လို့ပဲ ယူဆတယ်"လို့ မြန်မာ တိုင်း(မ်)ကို ပြောပါတယ်။
"ဆောက်လုပ်ရေးလုပ်ငန်းတွေက နိုင်ငံ သားတွေအတွက် မတိုးတက်သေးဘူး။ တိုး တက်ချင်ပါလျက်နဲ့ နီးနီးလေးနဲ့ ဝေးနေ တယ်။ ဒီထက်မက တိုးတက်သင့်တယ်လို့ ယူဆတယ်။ တန်ဖိုးနည်း
အိမ်ရာတွေ၊ အခြေခံ အဆောက်အအုံတွေ တိုးတက်ဖို့ လိုအပ်နေ သေးတယ်။ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ကမောက်ကမဖြစ်နေတာတွေ ရှိနေသေး တယ်။ ဆောက်လုပ်ရေးကဏ္ဍနဲ့အတူ
သူနဲ့ဆက်စပ်နေတဲ့ကဏ္ဍတွေပါ တစ်ပါတည်းတိုးတက်လာဖို့ လိုအပ်တယ်"လို့ ဦးသာအေးကပြောပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာ မျိုးသန့်က "ရန်ကုန်မှာ တစ်နေ့ထက်တစ်နေ့ ကွန်ဒိုတိုက်ခန်း
တွေ၊ အဆင့်မြင့်အိမ်ရာတွေ ကို ပိုဆောက်လာကြတယ်။ ဒါဟာ တိုင်းပြည် တိုးတက်တဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။ နောက်ပိုင်း ရင်းနှီးမြှုပ်နှံသူတွေ အများကြီးဝင်လာရင် ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက်
အရည် အသွေးကောင်းတဲ့ အဆောက်အအုံတွေ၊ ရုံးခန်းတွေ အများကြီး လိုအပ်လာမယ်။ အဲဒီအဆောက်အအုံတွေကို အခုစဆောက်ဖို့ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်တယ်"လို့ ပြောပါတယ်။
နိုင်ငံခြားက ဆောက်လုပ်ရေးလုပ်ငန်းရှင် တွေလည်း မြန်မာနိုင်ငံကို လာရောက် ရင်းနှီး မြှုပ်နှံမှုပြုလာချင်အောင်၊ ပြည်တွင်းဆောက် လုပ်ရေး လုပ်ငန်းရှင်တွေလည်း အကြီးစား ဆောက်လုပ်ရေး
လုပ်ငန်းတွေပြုလုပ်ဖို့ စိတ်ဝင်စားလာအောင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ညှိနှိုင်းဆောင်ရွက်ပေးနေ ကြောင်း ဒေါက်တာမျိုးသန့်က ပြညောမေ ကြငို ရီနခသမန သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။
"အကြီးစားဆောက်လုပ်ရေးလုပ်ငန်းတွေ ဆောက်လုပ်နိုင်ဖို့ ပြည်တွင်း ကုမ္ပဏီတွေနဲ့ နိုင်ငံခြားကုမ္ပဏီတွေ တွဲလုပ်ရမယ့်အချိုးကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က သတ်မှတ်ပေးနေတယ်။
ဘယ်နေရာမှာ ၈၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်းဆိုပြီး အချိုးနဲ့ ဆောက်ရမယ်။ ဘယ်နေရာမှာ ၇၀ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်းနဲ့ ဘယ်နေရာမှာ အချိုးတူပူးပေါင်း ဆောက်လုပ်သင့်တယ်ဆိုတာ MIC က
သတ်မှတ်ပေးတယ်။ နိုင်ငံခြားသားတွေလည်း စိတ်ဝင်စားဖို့၊ ပြည်တွင်းမှာလည်း အကျိုးရှိစေဖို့ MICကနေ ညှိနှိုင်းပေးနေပါတယ်။ နေရာတိုင်းမှာ ကိုယ်လုပ်ချင်သလို လုပ်လို့ မရသေးဘူး"လို့ သူကပြောပါတယ်။
အေဘီစီ ဆောက်လုပ်ရေးလုပ်ငန်း မန်နေဂျာဦးရန်အောင်က "ပြည်တွင်းဆောက် လုပ်ရေးကုမ္ပဏီက ရှယ်ယာအနည်းငယ်နဲ့ နိုင်ငံခြားဆောက်လုပ်ရေး ကုမ္ပဏီက ရှယ်ယာ အများစုပါဝင်တဲ့ အကျိုး
တူပူးပေါင်း ဆောက်လုပ်မှုတွေကို ၂၀၁၄ မှာ ပိုလုပ်လာ ကြတယ်။ ၂၀၁၅ မှာ စဆောက်မယ့် စီမံကိန်း တွေက ၂၀၁၄ ထက် ပိုများတယ်။ ပြည်တွင်း ကုမ္ပဏီတွေလည်း ပိုပါဝင်လာကြပါတယ်"လို့ပြောပါတယ်။
မြန်မာနိုင်ငံတွင် နိုင်ငံတကာအဆင့်မီ ကုမ္ပဏီရုံးခန်းနှင့် ကွန်ဒိုအခန်းခများ ဈေး အလွန်ကြီးမြင့်နေခြင်းဟာ နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုတွေ ၀င်ရောက်ဖို့ အဟန့်အတားတစ်ခု ဖြစ်နေတဲ့အတွက် ဒီပြဿနာကို
ဖြေရှင်းဖို့ စီမံကိန်းကြီး ဒါမှမဟုတ် အချိန်တိုအတွင်း ဆောက်လုပ်မှု အမြန်ပြီးစီးနိုင်မယ့် အကြီးစားဆောက်လုပ်ရေးလုပ်ငန်းတွေ ဆောက်လုပ် ပြီး ဖြေရှင်းသင့်တယ်လို့ သူကပြောပါတယ်။
"နိုင်ငံတကာက ဆောက်လုပ်ရေးလုပ်ငန်း အတွက် အရင်းအနှီးကောင်းတဲ့ ကုမ္ပဏီတွေ ၀င်လာရင်အခန်းလိုအပ်ချက်များတဲ့အခက် အခဲ ပြေလည်သွားနိုင်တယ်။ ရန်ကုန်မှာရှိတဲ့ မြေတွေပေါ်မှာ ခိုင်မာ
တဲ့ ကုမ္ပဏီတွေကို တင်ဒါခေါ်ပြီး ဆောက်လုပ်ရင် အခန်းလိုအပ် ချက်ပြဿနာ ပြေလည်သွားမှာပါ"လို့ဦးရန် အောင်က ပြောပါတယ်။ လာမယ့်နှစ်နှစ်အတွင်း ရန်ကုန်မြို့မှာ အထပ် ၂၀ နဲ့အထက်ရှိတဲ့
အဆင့်မြင့်အဆောက်အအုံ ၅၃ လုံးလောက် ပေါ်ထွက် လာနိုင်မယ်လို့ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန၊ မြို့ပြနဲ့ ဌာနဆိုင်ရာ စီမံခန့်ခွဲမှုဌာနခွဲ ညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်က မတ် လလယ်မှာ
ကျင်းပခဲ့တဲ့ ၂၀၁၄ မြန်မာနိုင်ငံ အခြေခံအဆောက်အအုံဆိုင်ရာ ညီလာခံမှာ ပြောခဲ့ပါတယ်။ ကမ္ဘာပေါ်မှာ အခန်းခဈေးအကြီးဆုံးနိုင်ငံ စာရင်းက ပြေလျော့သွားစေဖို့ အချိန်တိုတွင်း အခန်းများများ တည်
ဆောက်ပြီးစီးနိုင်မည့် နည်းပညာမြင့် အကြီးစား ဆောက်လုပ်ရေး လုပ်ငန်းတွေကို ပိုမိုပြုလုပ်သင့်ပြီး၂၀၁၄ ခုနှစ် ရန်ကုန်မြို့မှာ စတင်တည်ဆောက်နေတဲ့ အကြီးစားဆောက်လုပ်ရေးလုပ်ငန်းတွေဟာ
ဆယ်ဂဏန်းကျော်ကျော်သာ ရှိပါသေးတယ်။ အခုနှစ်ထဲမှာ စတင်တည်ဆောက်နေတဲ့ အထင်ကရအကြီးစားဆောက်လုပ်ရေးလုပ်ငန်း တွေကတော့ ပြည်လမ်း၊ အင်းလျားကန်အနီး နားမှာ တည်
ဆောက်နေတဲ့ အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော် ရင်းနှီးမြှုပ်နှံ မယ့် မြန်မာနိုင်ငံရဲ့ အကြီးဆုံးဟိုတယ်ဖြစ်လာမယ့် အခန်းပေါင်း ၆၀၀ ကျော်ပါဝင်တဲ့ ကြယ်ငါးပွင့်အဆင့်ရှိ ဒေ၀ူးအမရဟိုတယ်၊
ဟိုတယ်အခန်းပေါင်း ၃၄၈ ခန်းပါဝင်တဲ့ Pan Pacific ဟိုတယ်၊ ဒေါ်လာသန်း ၂၃၀ ရင်းနှီးမြှုပ်နှံမယ့်ဈေးဝယ်စင်တာနဲ့ ကွန်ဒို တိုက်ခန်းတွေ ပါဝင်တဲ့ Golden City စီမံကိန်း၊ ဒဂုံမြို့နယ် ဦးထောင်ဘို
အ၀ိုင်းနားက မြေဧက ၂၂ ဧကပေါ်မှာ ဆောက်လုပ်နေတဲ့ Golden City စီမံကိန်း၊ ကွန်ဒိုတိုက်ခန်း ၃၆၉ ခန်း ပါဝင်မယ့် 68 Residence စီမံကိန်းတွေ ဖြစ်ပါတယ်။ အကြီးစားဆောက်လုပ်ရေး
လုပ်ငန်းတွေ သိသိသာသာ တိုးတက်ခဲ့သလို အသေးစားဆောက်လုပ်ရေးလုပ်ငန်းတွေလည်းမြို့နယ်အများစုမှာ ကျယ်ကျယ်ပြန့်ပြန့် ဆောက်လုပ်ခဲ့ပါတယ်။ မြို့ထဲဧရိယာမဟုတ်တဲ့ ရန်ကင်း၊
သာကေတ၊ ဒေါပုံ၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ ကြည့်မြင် တိုင်၊ ပုဇွန်တောင်၊ဗိုလ်တထောင်နဲ့ လှိုင် မြို့နယ်တွေမှာ မြေရှင်နဲ့ ဆောက်လုပ်ရေး လုပ်ငန်းရှင် အချိုးကျပိုင်ဆိုင်နိုင်တဲ့
ကန် ထရိုက်တိုက်တွေကို တွင်တွင်ကျယ်ကျယ် ဆောက်လုပ်ခဲ့ကြရုံသာမက မြို့သစ်တွေ ဖြစ်တဲ့ဒဂုံမြို့သစ်လေးမြို့နယ်၊ လှိုင်သာယာနဲ့ သန်လျင်မြို့နယ်တွေမှာလည်း ကန်ထရိုက်တိုက်တွေကို
အခုနှစ်ထဲမှာ တည်ဆောက်ခဲ့ပါတယ်လို့ မြတ်မင်း ဆောက်လုပ်ရေးလုပ်ငန်း ဒါရိုက်တာ ဦးမြတ်မင်းက ပြောပါတယ်။
"ဆောက်လုပ်ရေးလုပ်ငန်းတွေက ဒီနှစ် မှာ သိသိသာသာ တိုးတက်ခဲ့ပါတယ်။ မြို့သစ် တွေမှာလည်း ထင်မှတ်မထားလောက်အောင် ကန်ထရိုက်တိုက်ဈေးကွက်က ကောင်းခဲ့ တယ်။ နှစ်စပိုင်း
ကစပြီး ကန်ထရိုက်တိုက်တွေ အရှိန်အဟုန်နဲ့ စတည်ဆောက်ခဲ့တာကို တွေ့နိုင်ပါတယ်။ နှစ်စပိုင်းမှာ ကန်ထရိုက် တိုက်ဆောက်လုပ်ရေး ဈေးကွက်က ပိုအား ကောင်းခဲ့တယ်လို့ ပြောနိုင်ပါတယ်"
လို့ ဦးမြတ်မင်းက ပြောပါတယ်။ ရန်ကုန်မြို့ရဲ့ နေ့စဉ်နဲ့အမျှ တိုးတက် လာတဲ့ လူဦးရေနဲ့အညီ မြေနေရာလိုအပ်ချက် လည်း တစ်နေ့ထက်တစ်နေ့ ပိုမိုလိုအပ်လာ တဲ့အတွက် လုံးချင်းအိမ်နေရာတွေ
မှာ အထပ် မြင့်တိုက်တွေ တည်ဆောက်လာကြတာဖြစ်တယ်လို့ လုပ်ငန်းရှင်တွေက ပြောပါတယ်။
"မြေက ဘေးကိုချဲ့လို့မရတော့လို့ အထပ် မြင့်ဆောက်ပြီး အပေါ်ကိုချဲ့တဲ့သဘောဖြစ် လို့ ကန်ထရိုက်တိုက်တွေဆောက်လာကြတာ ကောင်းပါတယ်။ မြို့နယ်အများစုမှာ ကန် ထရိုက်တိုက်
မဆောက်တဲ့လမ်းဆိုတာ မရှိ သလောက်ပဲ"လို့ ဦးရန်အောင်က ပြောပါ တယ်။ ၂၀၁၄ ခုနှစ်ထဲမှာရန်ကုန်မြို့ရဲ့ စီးပွားရေးအခွင့်အလမ်းတွေ ပေါ်ပေါက်လာတဲ့အားလျော်စွာ အိမ်ခြံမြေကဏ္ဍကလည်း
တစ်ဆက်တည်း အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးတိုးတက်ခဲ့ပါ တယ်။ ရန်ကုန်မြို့အနှံ့အပြားမှာ မြေဈေးနှုန်းတွေမြင့်တက်နေပေမယ့် အထပ်မြင့်တိုက်နဲ့ အဆင့်မြင့်ကွန်ဒိုတွေကို တွင်တွင်ကျယ်ကျယ် ဆောက်
လုပ်လာကြပြီး ဆောက်လုပ်ဆဲ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွေကိုလည်း နေရာအနှံ့မှာတွေ့မြင်နိုင်တာကတော့ ရှေ့လျှောက်တိုးတက်လာမယ့်မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေး အနာဂတ်
ဖြစ်နေပါတော့ တယ်။
Credit: mmtimes