ကွန်ဒိုတစ်ခန်း လျှင် ကျပ်သိန်း ၂ဝဝ ဝန်းကျင် အရှုံးခံ၍ ရောင်းချလာ အိမ်ခြံမြေဈေးကွက် အနေအထား အကျဘက်သို့ဦးတည်

ကွန်ဒိုတစ်ခန်း လျှင် ကျပ်သိန်း ၂ဝဝ ဝန်းကျင် အရှုံးခံ၍ ရောင်းချလာ အိမ်ခြံမြေဈေးကွက် အနေအထား အကျဘက်သို့ဦးတည် - Property News in Myanmar from iMyanmarHouse.com
8 Jan 2015 12:45 pm တွင် တင်ခဲ့သည်
1501 ကြိမ် ကြည့်ရှု့ပြီး
၂ဝ၁၅ ခုနှစ်၌ အိမ်၊ ခြံ၊ မြေဈေး ကွက်အတွင်း ရောင်းလိုအား များပြားလာပြီး ကွန်ဒိုတိုက်ခန်း တစ်ခန်းလျှင် ကျပ်သိန်း ၂ဝဝ ခန့်အရှုံးခံကာ ဈေးလျှော့၍ ရောင်းချ လာကြောင်း အိမ်ခြံမြေ အကျိုးဆောင်များ က သုံးသပ်ပြောကြားသည်။

လက်ရှိအချိန်တွင် ဈေးကွက်အတွင်း ကျပ်သိန်း ၃၅ဝဝ၊ ၄ဝဝဝ၊ ၄၅ဝဝ ရှိ ကွန်ဒိုတစ်ခန်းလျှင် ကျပ်သိန်း ၁ဝဝ မှ ၂ဝဝ ဝန်းကျင်အထိ ဈေးလျှော့ကာ ရောင်း ချမှုမျိုးရှိလာကြောင်း သိရသည်။ ''ရောင်းလိုအားကောင်းပြီး ဝယ်လို အားနည်းနေတယ်။ အဲ့ဒီလိုဖြစ်နေတော့ အိမ်၊ ခြံ၊ မြေဈေးနှုန်းတွေ အနည်းငယ်တော့ ကျလာဖို့ရှိတယ်။ ကွန်ဒိုဈေးကွက်မှာ တော့ ဈေးလျှော့ပြီး ရောင်းချလာတာတွေ တွေ့ရတယ်။ ကျပ်သိန်း ၄ဝဝ၊ ၅ဝဝ ဝန်းကျင် ရိုးရိုးကန်ထရိုက်တိုက်ခန်းတွေ ကတော့ ဝယ်တဲ့သူတွေ ရှိကြပါတယ်။ အဝယ်နည်းနည်းပါးလာတာပဲရှိတယ်'' ဟု ရွှေရာပြည့်အိမ်၊ ခြံ၊ မြေအကျိုးဆောင်မှ မန်နေဂျာဦးမြင့်ဌေးကပြောသည်။

၂ဝ၁၄ ခုနှစ်အတွင်း ရန်ကုန်မြို့တွင်း ကွန်ဒိုတိုက်ခန်းတည်ဆောက်မှုများပြား လာပြီး ၂ဝ၁၅ ခုနှစ်၌ ဈေးကွက်အနေ အထားနှင့် ဈေးနှုန်းများအကျဘက်သို့ ဦးတည်နေပြီး ကွန်ဒိုနှင့်အိမ်ရာ အားလုံးနှင့် သက်ဆိုင်သော မှန်ကန်သည့် ဥပဒေတစ်ရပ် ထွက်ရှိလာမှသာ အိမ်ခြံမြေဈေးကွက် အနေအထားပြန်လည်ကောင်းမွန်လာမည် ဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် ပြည်တွင်း၌ အိမ်ခြံမြေဈေးကွက်၊ ကားဈေးကွက်၊ရွှေဈေးကွက်နှင့် ဒေါ်လာဈေးကွက်အားလုံးသည် ဈေးကစား၍ မကောင်းသည့် အနေအထားသို့ပင် ရောက်ရှိနေကြောင်း အိမ်ခြံမြေအကျိုးဆောင်များက သုံးသပ် ပြောကြားသည်။

လက်ရှိအိမ်ခြံမြေဈေးကွက် အတွင်း ဈေးနှုန်းများအကျဘက်သို့ ဦးတည်နေ သော်လည်း အငှားဈေးကွက်မှာ ကျဆင်း လာခြင်းမရှိကြောင်း ရွှေရာပြည့် အိမ်ခြံမြေ အကျိုးဆောင်မှ မန်နေဂျာဦးမြင့်ဌေးက ပြောသည်။

ရန်ကုန်မြို့နေ ပြည်သူများ အတွက် အခြေခံလိုအပ်ချက်ဖြစ်သော အိမ်ရာလိုအပ်လျက်ရှိပြီး အငှားဈေးကွက် တွင် ဈေးနှုန်းများ ထိန်းညှိပေးနိုင်ခြင်းမရှိ ဘဲ အတက်ဘက်သို့သာ ဦးတည်နေသည်ဟု ဆိုသည်။ ''အခုအချိန်မှာတော့ အငှားဈေးကွက် က ကျသွားဖို့မရှိဘူး။ အိမ်ရာလိုအပ်ချက် ကတော့ ရှိတာပေါ့။ ရန်ကုန်မြို့ထဲမှာနေတဲ့ သူ အများစုဖြစ်တဲ့ အစိုးရဝန်ထမ်း၊ပုဂ္ဂလိက ဝန်ထမ်းတွေကတော့ ကန်ထရိုက်တိုက် ခန်းငှားနေကြတာတွေ ရှိတာပေါ့။ အငှား ဈေးကွက်က ဈေးနှုန်းကျသွားဖို့မရှိပါဘူး'' ဟု ဦးမြင့်ဌေးကပြောသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် အိမ်ငှားရမ်းခမှာ တစ်လလျှင် ပေ(၂ဝx ၆ဝ) သစ်သားအိမ်တစ်လုံးလျှင် ငှားရမ်းခ ကျပ်ရှစ်သောင်း ဝန်းကျင်ရှိပြီး ပေ ၂ဝx ၆ဝ နှစ်ခန်းတွဲကို ငှားရမ်းခကျပ်ငါးသောင်း ဝန်းကျင်ရှိကြောင်း၊ ပေ(၁ဝx၆ဝ) လုံးချင်း အိမ်ဆိုလျှင်ငှားရမ်းခများမှာ ကျပ်ခြောက် သောင်းဝန်းကျင်ရှိကြောင်းအိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရ သည်။

တောင်ဥက္ကလာပမြို့နယ်ရှိ ငှားရမ်းခ တစ်လလျှင် ကန်ထရိုက်တိုက်ခန်း (၁၅x ၅၅)ပေတိုက်ခန်း ပထမထပ်ကို ကျပ် ၂၂ဝဝဝဝ ဝန်းကျင်ရှိပြီး ဒုတိယထပ်ကို ကျပ် ၂ဝဝဝဝဝ၊ တတိယထပ်တစ်ခန်းလျှင် ကျပ် ၁၈ဝဝဝဝ ဝန်းကျင်ရှိကာ စတုတ္ထ ထပ်မှာ တစ်ခန်းလျှင် ကျပ် ၁၅ဝဝဝဝ ဝန်းကျင်ရှိကြောင်း၊ ရန်ကုန်မြို့တွင်း လမ်းမတော်မြို့နယ်၊ လသာမြို့နယ်၊ ကျောက်တံတားမြို့နယ်တို့တွင် စတုတ္ထ ထပ်ကိုပင် ငှားရမ်းခ ကျပ် ၂ဝဝဝဝဝ ဝန်းကျင်ရှိကြောင်း သိရသည်။

Credit: The Union Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service