ဖွဲ့စည်းပုံ သို့မဟုတ် အိမ်ရှင်အိမ်ငှားစာချုပ်

ဖွဲ့စည်းပုံ သို့မဟုတ် အိမ်ရှင်အိမ်ငှားစာချုပ် - Property Knowledge in Myanmar from iMyanmarHouse.com
7 Jan 2015 10:58 am တွင် တင်ခဲ့သည်
2318 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

ဖွဲ့စည်းအုပ်ချုပ်ပုံဆိုသည့် စကားလုံးကို အလွယ်ကူဆုံးစကားလုံးအဖြစ်သုံးရပါလျှင် အိမ်ရှင်၊ အိမ်ငှားစာချုပ်ကဲ့သို့
အိမ်ရှင်ပြည်သူ နှင့် အိမ်ငှားဖြစ်သူ အစိုးရတို့ နှစ်ဖက်သဘောတူကာလ ကန့်သတ်ချက် တစ်ခုအတွက်ချုပ်ဆိုသည့်
နှစ်ဦးလုံးက လိုက်နာရမည့် စာချုပ် ဖြစ်သည်။

အိမ်ငှားဆိုသူ အစိုးရမှာ ကာလကန့်သတ်ချက်တစ်ခု အတွင်း၌ နေထိုင်သူ ဖြစ်၏။ အိမ်ရှင်ဆိုသူ ပြည်သူကမူ သူ့မျိုးစဉ်
မျိုးဆက်တို့ အိမ်ကို ပိုင်ဆိုင်သူ ဖြစ်၏။ အိမ်ရှင်၊ အိမ်ငှားစာချုပ်၌ အိမ်ရှင်က စာချုပ် ရေးသည်။ အိမ်ငှားက အချို့အချက် မေးမြန်း၊ အချို့ အချက် ပြင်ဆင်၍ သဘောတူကြ၏။

ယခု ဖွဲ့စည်းပုံဖြစ်သော အိမ်ရှင်၊ အိမ်ငှားစာချုပ်ကမူ စကတည်းက ပြောင်းပြန်ဖြစ်နေ၍ စကားအခြေအတင် ပြောရခြင်းသာ ဖြစ် ပါ၏။ အိမ်ငှားက သူကိုယ်တိုင်ရေး၊ သူကိုယ်တိုင် အပြီးလက်မှတ်ထိုးပြီး အိမ်ရှင်ကို အတင်းလက်မှတ်ထိုးခိုင်းခြင်း ဖြစ်ရပ်၏ အကျိုး ဆက်ကို တွေ့ နေရခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ အိမ်ငှားလည်း အိမ်ပေါ်ရောက်နေပေပြီ။ ကာလကန့်သတ်ချက်တစ်ခုကိုတော့ စောင့်ရတော့မည်။

ဥပဒေ၊ တရားမျှတမှု စကားပြော၍ မရတော့။ ပြည်သူက လက်မှတ်ထိုးပြီးနေပြီ။ စာချုပ်သက်တမ်း အကုန်၌ ပြင်ဆင်ရန်
ကြိုးစားခြင်းသည် သာ အဆင်ပြေတော့မည်။ သည်းခံရုံမှတစ်ပါး အခြားမရှိပြီ။

သဘောတူစာချုပ်တစ်ခု တရားဝင်မှု၊ မျှတမှု၊ ရှိ၊မရှိကို ကာလတစ်ခုအတွင်း စောင့်ကြည့်လျှင်ပင် သိလာပါလိမ့်မည်။

ယခုပင် တစ်ဖက်စောင်းနင်း ဖြစ်မှုကို အိမ်ငှားဘက်မှ လူများကပင် ပြောလာပေပြီ။ သူတို့စကားသံများ မကြာမီ ပိုပြင်းထန်လာပါလိမ့်မည်။ လက်တွေ့၌ သူတို့လက်နှင့် သူတို့ ထိုစာချုပ်ကို ပြင်ကြပါမည်က အသေအချာ ...။

တစ်ချိန် နှစ်ကာလတစ်ခု၌ သဘောတူထားမှုတစ်ခုသည် နောက်မကြာသောကာလ၌ အဆိုပါ သဘောတူထားမှုကို
ဖျက်ပစ်ရန် မလိုဘဲ အလိုအလျောက် သဘာဝမကျ၍ ပျက်သွားတတ်ပါ၏။ ရွှေပြည်အေးဝါဒ မဟုတ်ပါ။ သဘာဝ၏
စေ့စော်မှုကို ယနေ့ ခေတ် ၌ မြန်ဆန်ခြင်း လက်တွေ့ ဖြင့် ပြ၍ ဖြစ်ပါ၏။

ပမာဆိုရသော် ဖက်ဒရယ်ဆိုသော စကားလုံးကိုပင် ကြည့်လျှင် သိပါမည်။ ယခင်က ထိုစကားလုံးသည် ဆဲရေးတိုင်းထွာ
သည့် စကားလုံးပမာ သဘောထား ခဲ့ကြသည်။ ယခု ဖက်ဒရယ်ကို ကလေးမှ သက်ကြားရွယ်အိုအထိ ပြောနေကြပြီ။

ထိုသို့သော စကား လုံးသည်ပင် ပြောင်းလဲသည်။

နှစ် ၆ဝ နီးပါး မျက်စိပိတ်၊ နားပိတ်၊ ပါးစပ်ပိတ်နေခဲ့ကြရပြီ၊ စောင့်ခဲ့ကြရပြီးပြီ။ အသက်ပေးခဲ့သူ၊ သွေးနှင့်ရင်းခဲ့ရသူ၊
မျိုးရိုး ပြတ် ခဲ့ကြသူများဖြင့် ဘဝကြမ်း လျှောက်ခဲ့ရပြီးမှ ယခု နှစ်နှစ်၊ သုံး နှစ်မျှ စောင့်ကြည့်ရန် ခက်ခဲနေကြ ပြီလား။
သည်းခံခြင်းစကားသည် ရန်သူအားပေးသည့်စကား မဟုတ်ပါ။ နောက်ဆုံးတောက်သည့် မီးတောက်သည် အားကုန်သုံးခြင်းဖြင့် ရုတ်ခြည်း ဝပ်ဆင်းသွားသည် မဟုတ်ပါလား။ တင်းမာသူများ သည် တင်းရလွန်း၍ အားကုန်နေပေပြီ။

သူတို့ ပိတ်ထားသော တံခါး သူတို့ပင် ဖွင့်ပေးပေလိမ့်မည်။

သူတို့ ဖွင့်ပေးသည်ကို စောင့်နေခြင်း၊ မျှော်နေခြင်း မဟုတ် ပါ။ ဓမ္မသည် ထိုသို့ သဘာဝကလည်း ရှိ၍ ဖြစ်ပါ၏။

Credit: property.journal

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service