မန္တလေးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဟိုတယ်အလုံး ၂၀ ကျော် ထပ်မံခွင့်ပြုမည်

မန္တလေးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ဟိုတယ်အလုံး ၂၀ ကျော် ထပ်မံခွင့်ပြုမည် - Property News in Myanmar from iMyanmarHouse.com
28 Dec 2014 12:29 pm တွင် တင်ခဲ့သည်
690 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးတိုင်းဒေသကြီး အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဖြင့် ဟိုတယ်အလုံးနှစ်ဆယ်ကျော် ထပ်မံခွင့်ပြုရန်ရှိကြောင်း ဟိုတယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှသတင်းရရှိသည်။

ဒီဇင်ဘာအတွင်း တစ်နိုင်ငံ လုံးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဟိုတယ်ပေါင်း ၃၂ လုံးကို ခွင့်ပြု ခဲ့ပြီးဖြစ်သည်။

‘‘ကျွန်တော်တို့ကအမြဲတမ်းဖိတ်ခေါ်ထားတာပါ။အခုမန္တလေးဘက်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အနေနဲ့ဆောက်ဖို့ တင်ပြထားတာ ပါ။ ဒီလိုခွင့်ပြုပေမယ့် စည်းကမ်း နဲ့မညီတဲ့ ဟိုတယ်တွေကို ခွင့်ပြု မှာမဟုတ်ဘူး။ စည်းကမ်းနဲ့မညီ ဘူးလို့ ဒေသဆိုင်ရာအစိုးရက တင်ပြလာရင်လည်း ခွင့်ပြုမှာ မဟုတ်ဘူး’’ဟု ဟိုတယ်နှင့် ခရီး သွားလာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးစိုင်းကျော်အုန်းက ပြောကြားသည်။

ဟိုတယ်တည်ဆောက်ရန်ယဉ်ကျေးမှုဝန်ကြီးဌာန၊တိုင်း ဒေသကြီး၊ ပြည်နယ်အစိုးရတို့ ထောက်ခံချက်ပေးပါက ခွင့်ပြု ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဒီဇင်ဘာအတွင်း ခွင့်ပြုခဲ့ သော ဟိုတယ်များတွင် ရန်ကုန်၌ အခန်းပေါင်း သုံးထောင်ကျော် ပါဝင်မည့် ဟိုတယ်အလုံး ၂၀၊ မန္တလေးတွင် အခန်း ၇၀၀ ခန့်ဖြင့် ဟိုတယ်လေးလုံး၊ ပုဂံတွင် အခန်းတစ်ရာကျော်ပါသည့်ဟိုတယ်တစ်လုံး၊ ကော့သောင်းတွင် နှစ်လုံး၊ တာချီလိတ်တွင်သုံးလုံးနှင့် မြိတ်မြို့တွင် တစ်လုံးတို့ဖြစ်သည်။

‘‘ပုဂံ၊ ညောင်ဦးဘက်မှာဟိုတယ်ကအများကြီးလိုသေးတယ်။ နိုင်ငံခြားသားတွေက အခုမှ နှစ်သိန်းလောက်ပဲ လာသေးတာ။ နောက်ထပ်ငါးသိန်းတို့၊ နှစ်သန်းတို့ဖြစ်လာရင်ဘယ်လိုလုပ်မတုံး။အခုကဒီဘက်မှာကဟိုတယ်အမည်ခံထားပြီး တည်းခို ခန်းသာသာပဲရှိတာတွေရှိတယ်’’ ဟု ပုဂံဟိုတယ်လုပ်ငန်းရှင်များအသင်းအတွင်းရေးမှူးဦးဇော်ဝိတ်က ပြောကြားသည်။

လက်ရှိပုဂံတွင်ရှိသည့်ဟိုတယ်အခန်းပေါင်း၂,၅၀၀ ကျော်မှာ အဆင့်မီဟိုတယ်တစ်ခုစာသာရှိပြီးဟိုတယ်အရေအတွက်အများအပြား ဆောက်လုပ်ခြင်းထက်အခန်းအများအပြားပါသည့်ဟိုတယ်များ ဆောက်လုပ်သင့်ကြောင်း ၎င်းက ပြောကြားသည်။

ရန်ကုန်တွင် လိုင်စင်ရ ဟိုတယ် ၂၇၉ လုံး၊ မန္တလေးတွင် ၃၂၉ လုံး၊ ရှမ်းပြည်နယ်တွင် အလုံး ၂၀၀ ရှိပြီး တစ်နိုင်ငံလုံး တွင် ၂၀၁၄ အောက်တိုဘာအထိ ဟိုတယ်ပေါင်း ၁,၀၇၆ လုံးအထိရှိသည်။

ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ စာရင်းအရ ၂၀၁၃ အတွင်း နိုင်ငံခြားခရီးသွား နှစ်သန်းကျော် ဝင်ရောက်ခဲ့ပြီး ယခုနှစ်တွင် သုံးသန်းခန့် ဝင် ရောက်ရန် ခန့်မှန်းထားသည်။

Credit : 7Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service