တောင်းဆိုမှုများလျှင် ရန်ကုန်မြို့သစ် စီမံကိန်း ပြန်စမည်ဟု မြို့တော်ဝန်ပြော

တောင်းဆိုမှုများလျှင် ရန်ကုန်မြို့သစ် စီမံကိန်း ပြန်စမည်ဟု မြို့တော်ဝန်ပြော - Property News in Myanmar from iMyanmarHouse.com
26 Dec 2014 12:45 pm တွင် တင်ခဲ့သည်
1450 ကြိမ် ကြည့်ရှု့ပြီး
ပွင့်လင်းမြင်သာမှု မရှိဟု ဝေဖန်မှုများစွာဖြင့် ရပ်ဆိုင်းသွားခဲ့ရသော ရန်ကုန်မြို့သစ် စီမံကိန်းကို ပြည်သူလူထု တောင်းဆိုမှု များပြားလာလျှင် ဆက်လက် ဆောင်ရွက်သွားရန် ရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောဆိုလိုက်သည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မီဒီယာများ ဒီဇင်ဘာလ ၂၄ ရက်နေ့က တွေ့ဆုံစဉ် ရန်ကုန် မြို့တော် ၀န်ဦးလှမြင့်က ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ပြည်သူလူထုရဲ့ တောင်းဆိုမှု ပြင်းပြလာမယ် ဆိုလို့ရှိရင်တော့ ကျနော်တို့က ဒါတွေကို ဆင့်ကဲဆင့်ကဲ သက်ဆိုင်ရာ တွေကို တင်ပြပြီးတော့ ဆက်လက် ဆောင်ရွက်သွားဖို့ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ အနေနဲ့က ဒါကို စတင်ပြီးတော့ ဆောင်ရွက်သွားဖို့ အစီအစဉ် မရှိပါဘူး” ဟု ဦးလှမြင့်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရက တရုတ်လုပ်ငန်းရှင် ရှောက်ပန်းနှင့်ရှောက်စန်းတို့ ၂ ဦး ပိုင်ဆိုင်သော မြန်မာ့စေတနာ မြို့သစ် ကုမ္ပဏီကို ရန်ကုန်မြို့သစ် စီမံကိန်း ဆောင်ရွက်ရန် လက်သိပ်ထိုး လုပ်ပိုင်ခွင့် ပေးခဲ့မှုကြောင့် ဝေဖန်မှုများစွာဖြင့် စက်တင်ဘာလ ၂၆ ရက်နေ့တွင် ရပ် ဆိုင်းခဲ့ရသည်။

ရန်ကုန်မြို့သစ် စီမံကိန်းကို ရန်ကုန်မြို့ အနောက်ဘက် ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်း အကြား၊ လှိုင်မြစ်နှင့် လှိုင်သာ ယာ- တွံတေး ကားလမ်း အကြားရှိ မြေဧက သုံးသောင်းကျော် မြေနေရာတွင် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့က သိုသိုသိပ်သိပ် လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်မြို့သစ် စီမံကိန်း ပြန်လည် အကောင်အထည်ဖော် ဆောင်ရွက်ရန် ရန်ကုန်မြို့ တစ်ဖက်ကမ်း ကြည့်မြင်တိုင် မြို့နယ် ရှိ ကျေးရွာ ၁၀ ရွာကျော်မှ ဒေသခံ ၁၀၀၀ ခန့်က ပြီးခဲ့သည့် အောက်တိုဘာ ၁၈ ရက် က ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကြီးဦးမြ ငါးစင်ရပ်ကွက်တွင် ဆန္ဒပြသခဲ့ကြသည်။

Credit: burma.irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service