မန္တလေးတိုင်းမြို့နယ်များရှိ ဝန်ထမ်းများ ဖေဖော်ဝါရီမှစတင်ကာ ဝန်ထမ်းအိမ်ရာလျှောက်ထားနိုင်

မန္တလေးတိုင်းမြို့နယ်များရှိ ဝန်ထမ်းများ ဖေဖော်ဝါရီမှစတင်ကာ ဝန်ထမ်းအိမ်ရာလျှောက်ထားနိုင် - Property News in Myanmar from iMyanmarHouse.com
26 Dec 2014 11:44 am တွင် တင်ခဲ့သည်
898 ကြိမ် ကြည့်ရှု့ပြီး
မန္တလေးတိုင်း မြို့နယ် ၂၄ မြို့နယ်တွင် တာဝန်ထမ်း ဆောင်နေသော အစိုးရဝန်ထမ်း များအနေဖြင့် လာမည့် ၂၀၁၅ ဖေဖော်ဝါရီမှစ၍ ဝန်ထမ်းအိမ်ရာများလျှောက်ထားနိုင်ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီးအတွင်းရှိ မန္တလေးမြို့မှအပ ကျန်မြို့နယ် ၂၄ မြို့နယ်တွင် အစိုးရဝန်ထမ်း အဖြစ်တာဝန်ထမ်းဆောင်နေပြီး အိမ်ခန်းမရရှိသေးသူဝန်ထမ်းများ အနေဖြင့် သက်ဆိုင်ရာဌာနတာ ဝန်ရှိသူ၏ ထောက်ခံချက်နှင့် အတူ မြို့နယ်အင်ဂျင်နီယာရုံးများ တွင် လျှောက်ထားနိုင်ပြီဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီး ဌာန ဦးစီးမှူးဦးကျော်ကျော်လင်း ကပြောသည်။

‘‘မြို့နယ်အင်ဂျင်နီယာရုံး တွေကတစ်ဆင့် တိုင်းရုံးကိုတင် ပြပြီး အခန်းတွေချပေးမယ်။ အခန်းခအနေနဲ့ကတော့ လစာရဲ့ ၅ ရာခိုင်နှုန်း(သို့မဟုတ်) ၁၀ ရာခိုင်နှုန်းဖြစ်သွားလိမ့်မယ်’’ဟု ဦးကျော်ကျော်လင်းကပြောသည်။

အိမ်ထောင်မရှိသေးသည့် အစိုးရဝန်ထမ်းများထက် အိမ် ထောင်ရှိပြီးမိသားစုဦးရေများ ပြားသည့် အစိုးရဝန်ထမ်းများကိုပိုမိုဦးစားပေးကာ အခန်းများချ ထားပေးမည်ဖြစ်၍ အစိုးရတာ ဝန်ထမ်းဆောင်ခဲ့သည့်လုပ်သက် နှင့် ချိန်ဆပြီး အခန်းများချထား ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် တာဝန်ထမ်း ဆောင်နေရသည့် အစိုးရဌာန တာဝန်ရှိသူများအနက် အချို့မှာ သက်ဆိုင်ရာဌာနမှနေရာချပေး ထားသည့်အိမ်ခန်းချားရှိနေသော် လည်း အချို့ဌာနများမှာမူ နေ စရာအိမ်ခန်းမပေးနိုင်၍ ပြင်ပ တွင်ငှားရမ်းနေထိုင်နေကြရသည်။ တိုင်းဒေသကြီးမြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာနအနေဖြင့် ယခု ကဲ့သို့ စုပေါင်းဝန်ထမ်းအိမ်ရာများ ကို မန္တလေးမြို့ပေါ်တွင်သာတည် ဆောက်ပေးခဲ့ရာ ယခုအခါအခန်း ပေါင်း၆၀၀ ကျော်ပါဝင်သည့် ဝန်ထမ်းအိမ်ရာ ၄၈ လုံးကို မြို့နယ် ၂၄ မြို့နယ်တွင် စတင် တည်ဆောက်ခြင်းဖြစ်ကြောင်း တိုင်းဒေသကြီးမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ စုံစမ်းသိရှိရ သည်။

အစိုးရဝန်ထမ်းအဖြစ် တာ ဝန်ထမ်းဆောင်နေသူများထဲတွင် စည်ပင်ဝန်ထမ်းမှာ အရေအတွက် အများဆုံးဖြစ်ပြီး ပညာရေးဝန် ထမ်းနှင့် ကျန်းမာရေးဝန်ထမ်းများ မှာ ဒုတိယနှင့် တတိယအများဆုံး ဖြစ်သည်။

Credit: 7 day daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

Emerald Bay Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service