အိမ်ရာနှင့်၊တိုက်ခန်းများ နှစ်ရှည်၊အရစ်ကျစနစ်ဖြင့် ရောင်းချနိုင်ဖို့အခြေအနေ ရေရှည်မှာ အမှန်တကယ် ဖြစ်လာနိုင်ပါ့မလား

အိမ်ရာနှင့်၊တိုက်ခန်းများ နှစ်ရှည်၊အရစ်ကျစနစ်ဖြင့် ရောင်းချနိုင်ဖို့အခြေအနေ ရေရှည်မှာ အမှန်တကယ် ဖြစ်လာနိုင်ပါ့မလား - Property News in Myanmar from iMyanmarHouse.com
24 Dec 2014 10:34 am တွင် တင်ခဲ့သည်
817 ကြိမ် ကြည့်ရှု့ပြီး
အိမ်ရာနှင့်၊တိုက်ခန်းများ နှစ်ရှည်၊အရစ်ကျစနစ်ဖြင့် ရောင်းချနိုင်ဖို့အခြေအနေ ရေရှည်မှာ အမှန်တကယ် ဖြစ်လာနိုင်ပါ့မလား မြန်မာနိုင်ငံ လူဦးရေ၏ အများစုဖြစ်သည့် အခြေခံလူတန်းစားများနှင့် လူလတ်တန်းစား များမှာအိမ်၊ မြေ သို့မဟုတ် တိုက်ခန်းပိုင်ဆိုင် နိုင်ရန် လွယ်ကူလှသည့် အခြေအနေမဟုတ် သည့်အတွက်
နေရာထိုင်ခင်းအတွက် အခြေချ နေထိုင်နိုင်မည့် အိမ်ပိုင် မြေပိုင် ရရှိရေးမှာ ကြီးမားသည့် အခက်အခဲတစ်ခု ဖြစ်လာခဲ့သည်။ ထို့ပြင် အိမ်ရာ၊ ကွန်ဒိုနှင့် တိုက်ခန်းများကို အရစ်ကျရောင်းချခြင်းစနစ်များ ယခုနောက်ပိုင်း၌ ပေါ်ပေါက်လာခဲ့သော်လည်း မြန်မာ နိုင်ငံ၏ အိမ်ခြံမြေဈေးနှုန်းများ မြင့်မားလာ ခြင်းကြောင့် အရစ်ကျပေးသွင်းရသည့် ငွေ ပမာဏမှာလဲ တန်ဖိုးမြင့်မားဆဲဖြစ်ပြီး အရစ် ကျပေးချေခြင်းမှာလည်း နှစ်တိုစီမံကိန်း များသာ ဖြစ်သည်။

ယခုနှစ်အတွင်း နိုင်ငံတော်အစိုးရက ဆောက်လုပ်ပေးလျက်ရှိသည့် တန်ဖိုးနည်း အိမ်ရာ၊ သို့မဟုတ်တန်ဖိုးမျှတ အိမ်ရာများပင် ဈေးမြင့်မားလျက်ရှိသည်။ ထို့ကြောင့် လူတိုင်းအိမ်ပိုင်ဆိုင်နိုင်မည့်အခွင့်အရေးရရှိရန်၊ ၀င်ငွေနည်းပါးသည့် ပြည်သူများအတွက် လုံးချင်း၊ ကွန်ဒို၊ တိုက်ခန်း များ ၀ယ်ယူနိုင်ရန်ချေးငွေများ ထုတ်ချေးပေး မည့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်အား ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလတွင် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဖွင့်လှစ်ပေး ခဲ့သည်။

ယင်းကဲ့သို့ ၀န်ကြီးဌာနက ၀င်ငွေနည်းပါး သူများအတွက် ချေးငွေအား ဘဏ်တိုးနှုန်း အနည်းငယ်ဖြင့် နှစ်ရှည်ချေးငှားနိုင်ရန် ရည်ရွယ်ကာ ဖွင့်လှစ်ခဲ့သော်လည်း လက်ရှိအချိန်အထိ နှစ်ရှည်အဖြစ်နှစ်၂၀ မှ ၃၀ အထိ ချေးငှားပေးနိုင်ခြင်းမရှိသေးပေ။ ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း ကဒီဇင်ဘာ ၅ ရက်၌ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌အဆိုတင် သွင်းခဲ့သည့် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့က တာဝန်ယူရောင်းချမည့် တန်ဖိုးနည်းအိမ်ရာများမှာ အခြေခံလူတန်းစားများ လက်လှမ်းမမီသည့်ဈေးနှုန်းများ ဖြစ်နေခြင်းကြောင့် ပြည်တွင်းဘဏ်များ၊ သို့မဟုတ် နိုင်ငံတကာဘဏ်များနှင့် ချိတ်ဆက်၍ နှစ် ၂၀ ချေးငွေစနစ်ဖြင့် ၀ယ်ယူ ခွင့်ပြုရန် ဆွေးနွေးခဲ့သော်လည်း အဆိုတင်ပြမှု မအောင်မြင်ခဲ့ရသည့်အတွက် ၀င်ငွေနည်းပါးသည့် အခြေခံလူတန်းစားများ၏ အိမ် နှင့် တိုက်ခန်း ပိုင်ဆိုင်မှုအခွင့်အရေးမှာ နည်းပါးခဲ့ရသည့် အခြေအနေ၌ပင်ရှိနေခဲ့ သည်။

သို့သော် ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်မှလည်း လက်ရှိတွင် အတိုးနှုန်းနည်းနည်းဖြင့်နှစ်ရှည်ငွေချေးနိုင်ရန်အတွက် နိုင်ငံတကာဘဏ်များနှင့် ချိတ်ဆက်ကာ ညှိနှိုင်းလျက်ရှိသည့်အတွက်လာမည့်နှစ်၌ အိမ်၊ ကွန်ဒိုနှင့် တိုက်ခန်းဝယ်ယူနိုင်ရန် ချေးငွေထုတ်ပေးရန်အတွက် မျှော်လင့်ထားကြောင်း ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ် အမှုဆောင်အရာရှိချုပ် ဦးဝင်းဇော် က ပြောသည်။

"ကျွန်တော်တို့ နှစ်ရှည်ချေးငွေတွေ ချေးပေးနိုင်အောင် ကြိုစားနေပါတယ်။ ဒီလိုချေးပေးနိုင်ဖို့အတွက်ကျွန်တော်တို့ဘဏ် က နိုင်ငံတကာက ဘဏ်တွေဆီကနေ ချေးငွေ တွေရအောင် ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ် နေပါတယ်။ ဆွေးနွေးမှုက တော်တော် အဆင် ပြေနေပါပြီ။ ဒါပေမဲ့ သူတို့ဘက်ကကျွန်တော် တို့ကို အတိုးနှုန်းယူမယ့် အခြေအနေပဲ ဆက်ပြီးညှိနှိုင်းဖို့ကျန်ပါတော့တယ်။ သူတို့ ဘက်က အတိုးနှုန်းနည်းရင် ဒီဘက်မှာ ပြန်ချေးတဲ့အခါမှာ အတိုးနှုန်းနည်းနည်းနဲ့ ချေးနိုင်မှာပါ" ဟု ၎င်းက
မြန်မာတိုင်း(မ်) ကို ပြောသည်။

ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေး ဘဏ်မှ ၀င်ငွေနည်းပါးသူများ အိမ်ရာ၊ ကွန်ဒို၊ တိုက်ခန်း ၀ယ်ယူလိုချင်သူများအတွက် အတိုး နှုန်းနည်းနည်းဖြင့် နှစ်ရှည် ချေးငွေပေး နိုင်ရန်မှာ နိုင်ငံတကာဘဏ်များမှ ချေးငွေ များဖြင့် လည်ပတ်ရမည်ဖြစ်ပြီး ယင်းချေးငွေ များ၏ အတိုးနှုန်းနည်းပါးမှသာ အဆင်ပြေ နိုင်မည်ဖြစ်သည်။

လက်ရှိ နိုင်ငံတကာဘဏ်များနှင့် ညှိနှိုင်း ဆွေးနွေးမှုသည် နိုင်ငံတကာမှ ချေးငွေရရန် မှာ အဆင်ပြေသည့် အခြေအနေရှိသော် လည်း အတိုးနှုန်းနည်းနည်းဖြင့် ငွေချေးယူရန် မှာ ဆက်လက်ညှိနှိုင်းရမည့် အခြေအနေရှိကြောင်း ၎င်းကပြောသည်။ "သူတို့ဆီက ရတာသက်သာရင် ကျွန်တော် တို့ဒီမှာလည်း အတိုးနှုန်းသက်သက်သာသာနဲ့ ချေးနိုင်မယ်။ အတိုးနှုန်းသက်သက်သာသာ ရဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ တကယ် လို့ ညှိလို့ရရင် ကျွန်တော်တို့လည်း ပြည်သူတွေကို ပြန်ချေးနိုင်ပါပြီ။ကျွန်တော်တို့ နိုင်ငံတကာဘဏ်တွေဆီကနေ အတိုးနှုန်း ၈ ရာခိုင်နှုန်း အောက် ရနိုင်ဖို့ကြိုးစားနေပါတယ်" ဟု ၎င်းက ပြောသည်။

ထို့ပြင် ယခုအခါ တန်ဖိုးမျှတအိမ်ရာများ ကို ဆောက်လုပ်ပေးလျက် ရှိသော်လည်း အဆိုပါအိမ်ရာများ၏ အခန်းများအား နှစ်ရှည် အရစ်ကျစနစ်ဖြင့် မရောင်းချနိုင်ခြင်းတို့ ကြောင့် ငွေအလုံးအရင်းဖြင့်မ၀ယ်ယူနိုင်သူ များ အခက်ကြုံနေရသည်။ ယင်းကဲ့သို့ အခြေခံလူတန်းစား ၀ယ်ယူ နိုင်မည့် တန်ဖိုးမျှတမှုနှင့် တန်ဖိုးနည်းအိမ်ရာ များကို နိုင်ငံတော်အစိုးရက ဘဏ္ဍာငွေချပေး ပါက တည်ဆောက်သွားနိုင်မည်ဖြစ်ပြီး အခန်း များကို ရောင်းချသည့်အခါတွင်လည်း အစိုးရ ဘဏ္ဍာငွေဖြင့် တည်ဆောက်သည့်အတွက် နှစ်ရှည်အရစ်ကျရောင်းချနိုင်ကြောင်း ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးနေ၀င်းက ပြောသည်။

"နိုင်ငံတော်က ဘတ်ဂျက်ငွေချပေးတယ်ဆိုရင် ကျွန်တော်တို့စည်ပင်သာယာကလည်း တန်ဖိုးနည်းအိမ်ရာတွေ ဆောက်ပေးဖို့ အဆင်သင့်ပါပဲ။ အဲဒီတန်ဖိုးနည်းအိမ်ရာတွေ ကို နှစ်ရှည်အရစ်ကျနဲ့ရောင်းတာကတော့ အစိုးရက ရောင်းရင်ရတာပဲ။ ဒီအရစ်ကျနဲ့ ဆပ်သွားမယ့်ငွေက အစိုးရဆီပဲသွားမှာဆိုတော့ အစိုးရက ဒီအတွက် ဘတ်ဂျက်များများရှိတယ်ဆိုရင် ကျွန်တော်တို့ဌာနကလဲတန်ဖိုးနည်းအိမ်ရာတွေ များများဆောက်ပေးနိုင်ပါတယ်" ဟု ၎င်းက ပြောသည်။

လက်ရှိ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တွင်ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင် တန်ဖိုးမျှတအိမ်ရာများ တည်ဆောက်ပေး လျက်ရှိသော်လည်းအဆိုပါအိမ်ရာ ဆောက် လုပ်ရေးပိုင်းမှာ ပုဂ္ဂလိကကုမ္ပဏီနှင့် ပူးပေါင်း ဆောက်လုပ်သည့်အတွက်ကုမ္ပဏီများက ရောင်းချသည့်အခါတွင် အနည်းဆုံး လေးနှစ် အထိသာ အရစ်ကျပေးသွင်းရပြီး အရစ်ကျပေးသွင်းရသည့်ငွေမှာလည်း ၀င်ငွေနည်းပါး သည့် အခြေခံလူတန်းစားများအတွက် ၀ယ်ယူ နိုင်သည့် အခြေအနေမျိုး မဟုတ်သေးပေ။

"လက်ရှိဆောက်နေတဲ့ တန်ဖိုးနည်း အိမ်ရာတွေကလဲ ကုမ္ပဏီကိုဆောက်ခိုင်းတာ ဆိုတော့ကုမ္ပဏီအနေနဲ့ကလည်း ပိုက်ဆံပြန်ရဖို့ လိုတယ်။ ၀ယ်တဲ့သူတွေ ပြန်ဆပ်မှ ပိုက်ဆံပြန်ရပြီးဆောက်လို့ရမှာဆိုတော့ လေးနှစ် အတွင်း ပြန်ဆပ်ခိုင်းတယ်။ နိုင်ငံတော်အစိုးရ ရဲ့ငွေနဲ့ အစိုးရကဆောက်တယ်ဆိုရင်တော့ အစိုးရကိုပြန်ဆပ်ရမယ်၊ အစိုးရငွေဖြစ်တဲ့အတွက် နှစ်ရှည်အရစ်ကျနဲ့ရောင်းချင်ရင် လည်း ရောင်းလို့ရတယ်" ဟု ဦးနေ၀င်းက ပြောသည်။

ပုဂ္ဂလိက ဆောက်လုပ်ရေးကုမ္ပဏီများမှာ လည်း နှစ်ရှည်အရစ်ကျငွေချေသည့် စနစ်ဖြင့် တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ကာ ရောင်းချနိုင်မည့် အခြေအနေသည် ကုမ္ပဏီများက လက်တွေ့လုပ်ဆောင်ကြည့်မှသာ သိနိုင်မည့်အခြေအနေဖြစ် ကြောင်း အိမ်ခြံမြေနှင့် ဥပဒေအကြံပေး၊ ဆောက်လုပ်ရေးနှင့် အိမ်တွင်းအလှဆင် လုပ်ငန်းလုပ်ကိုင်သော စိုင်းခွန်နောင် ကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုင်းခွန်နောင်က ပြောသည်။

"ဒီလိုမျိုး ဆောက်လုပ်ရေးလုပ်ငန်း တွေကလည်း တန်ဖိုးနည်းအိမ်ရာတွေဆောက်ပြီး နှစ်ရှည်နဲ့အရစ်ကျရောင်းချ ပေးနိုင်မယ်ဆိုတာ တကယ်လုပ်ကြည့် မှပဲ ဖြစ်နိုင် မဖြစ်နိုင် သိနိုင်မယ့် အနေအထားမျိုးပါ။ ဒါပေမဲ့ နှစ်ရှည်ရောင်းမယ်ဆိုရင်တော့ ဒါဟာ ရောင်းလို့ရတဲ့အနေအထားပါ။ နှစ် ၂၀ဆိုတာ မြန်မာ နိုင်ငံအတွက်တော့ အရမ်းများတဲ့ အတိုင်းအတာတစ်ခု ဖြစ်နေပေမယ့် နိုင်ငံတကာမှာဆို နှစ် ၃၀ အထိတောင် အရစ်ကျ ရောင်းကြပါတယ်" ဟု ၎င်းက ပြောသည်။

Credit: mmtimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ERC Luxury Condo
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service