တရားမဝင်ငွေကြေးအဝင်နည်းသွား၍ အိမ်ခြံမြေဈေးကွက်တွင် ဈေးလျှော့ရောင်းချလာဟုဆို

တရားမဝင်ငွေကြေးအဝင်နည်းသွား၍ အိမ်ခြံမြေဈေးကွက်တွင် ဈေးလျှော့ရောင်းချလာဟုဆို - Property News in Myanmar from iMyanmarHouse.com
23 Dec 2014 11:02 am တွင် တင်ခဲ့သည်
2176 ကြိမ် ကြည့်ရှု့ပြီး
ပြည်တွင်း၊ ပြည်ပမှ တရားမဝင် ငွေကြေး(ငွေမည်းများ) မဝင်လာခြင်း ကြောင့် ပြည်တွင်းအိမ်ခြံမြေဈေးကွက် တွင် ခြံမြေ၊ ကွန်ဒိုတိုက်ခန်းများ ဈေး လျှော့ရောင်းချမှုများရှိလာကြောင်း အိမ် ခြံမြေအကျိုးဆောင်များထံမှ သတင်းရ ရှိသည်။

‘‘ငွေမည်းတွေကိုထိန်းချုပ်ဖို့ စီစဉ်ကတည်းက ပြည်တွင်းအိမ်ခြံမြေဈေး ကွက်က အရောင်းအဝယ်မရှိသလောက်အေးသွား တယ်’’ ဟု မဏ္ဍိုင်အိမ်ခြံမြေအကျိုး ဆောင်ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးသန်းဦးက ပြောသည်။

လက်ရှိအိမ်ခြံမြေဈေးကွက် တွင် ဒီဇင်ဘာလဆန်းမှစတင်ပြီး တန်ဖိုး အလယ်အလတ်နှင့် အသေးများမှာ ဈေးစောင့်မရောင်းနိုင်သဖြင့် လျှော့ဈေးဖြင့် ရောင်းချလာသည်။ ကျပ်သိန်းပေါင်းသောင်းချီ၊ သိန်းချီတန်သောမြေကွက်ပိုင်ရှင်များမှာ ဈေးစောင့်၍သာ ဈေးကွက် အခြေအနေကိုစောင့်ကြည့်နေကြောင်း အကျိုးဆောင်လုပ်ငန်းရှင်များက ပြောသည်။

‘‘ရန်ကုန်၊ မန္တလေးမှာဆို တရုတ်တွေပဲအဓိကရောင်းဝယ် လုပ်ကြတာ။ အခုတော့ မရှိ သလောက်ပဲ’’ ဟု Excellent အိမ်ခြံမြေ အကျိုးဆောင်မှ ဦးမောင်မောင်အေးက ပြောကြားသည်။

ယခင်က တရုတ်နိုင်ငံကလာဘ် ပေးလာဘ်ယူ တိုက်ဖျက်ရေးကို အကောင်အထည်ဖော်ကာ မြန်မာ ငွေစာရင်းအချို့ပိတ်ပင်ခံရပြီး နောက်တွင် ပြည်တွင်းသို့ငွေမည်း ဝင်ရောက်ရန် အခက်အခဲဖြစ်လာ သဖြင့် ပြည်တွင်းလုပ်ငန်းရှင် အချို့မှာ ပိုင်ဆိုင်ထားသော မြေ ကွက်များ ပြန်လည်ထုတ်ရောင်းလာ ကြောင်း ထုတ်ကုန်လုပ်ငန်းရှင် တစ်ဦးကပြောသည်။

ပြည်တွင်း အိမ်ခြံမြေဈေး ကွက်သည် ငွေမည်းများ မဝင် ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အဝင်နည်းနေခြင်း၊ ကျပ်ငွေသိန်း ၁,၀၀၀ အထက်ရောင်းဝယ်မှုများကို ငွေကြေးခဝါချမှုတိုက် ဖျက်ရေးအဖွဲ့မှ စောင့်ကြည့်နေခြင်းတို့ကြောင့် လတ်တလောတွင် ဈေးကွက်အခြေအနေမျိုး ဖြစ်လာကြောင်း စီးပွားရေး လုပ်ငန်းရှင်အချို့က သုံးသပ်နေကြသည်။

ပြည်တွင်းမှ အိမ်ခြံမြေလုပ် ငန်းသည် ငွေမည်းများဖြင့် တစ်ဟုန်ထိုးဖောင်းပွခဲ့ရသည်။ တရား မဝင်ငွေကြေး (ငွေမည်း)များကို ဝင်ငွေရလမ်းဖော်ပြစရာမလိုဘဲ အခွန်ဆောင်ရုံဖြင့် အိမ်မြေများ ပိုင်ဆိုင်ခွင့် ပေးလာ၍့ ဈေး ကွက်တစ်ခုလုံးဖောင်းပွခဲ့ သည်။

ရန်ကုန်မြို့ရှိ မြေတစ်ကွက် ၏တန်ဖိုးသည် ကမ္ဘာပေါ်တွင်ဈေး အများဆုံးနီးပါး ဖြစ်နေသဖြင့် ပြည်ပလုပ်ငန်းရှင်များ ရင်းနှီးမြှုပ် နှံမှုဝင်ရောက်ရန် အခက်အခဲဖြစ်နေသည်။ ယင်းကို အစိုးရတာဝန်ရှိ သူများက ဈေးနှုန်းလျှော့ချခြင်းဖြင့် ငွေမည်းများစီးဆင်းမှုကို ထိန်းချုပ်ခြင်းဖြစ်သည်။

Credit: 7 day daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

ကမ္ဘာကျော် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးနှင့် အနီးဆုံးတွင် တည်ရှိသော စံအိမ်ကြီး ကန်ဒေါ်လာ ၂ ဒသမ ၂၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service