ရန်ကုန်တိုင်းဒေသကြီးထဲမှာ ဒီနှစ် အိမ်ခြံမြေ စံနှုန်း သတ်မှတ်ချက်တွေ ထုတ်ပြန်တဲ့အခါ လမ်းတချို့ ကျန်နေတာကြောင့် တစ်ပေပတ်လည် စံနှုန်း သတ်မှတ်ချက်တွေကို ပြန်စိစစ်မယ်လို့တိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာန တိုင်းမှူး ဦးကျော်သန့်လွင်က ပြောပါတယ်။
“တစ်ခုလုံးကို ပြန်ပြင်ဖို့ မဟုတ်ပါဘူး။ ကျန်ခဲ့တဲ့ နေရာတွေနဲ့ စံနှုန်းသတ်မှတ်ချက် များနေတယ်ဆိုတဲ့ နေရာတွေကို ပြန်စိစစ်မှာပါ” လို့ သူက ရှင်းပြပါတယ်။
ရန်ကုန်ထဲက သတ်မှတ်ချက်တချို့ဟာ ပြင်ပ ပေါက်ဈေးထက် များနေပြီး အင်းစိန်လမ်းမကြီးရဲ့ အတွင်းလမ်းတွေ သတ်မှတ်ချက်နဲ့ တချို့ လမ်းမကြီးတွေရဲ့ အတွင်းလမ်း သတ်မှတ်ချက်တွေဟာ တစ်ပြေးညီ သတ်မှတ်ထားလို့ များနေတာ ဖြစ်တယ်လို့ အိမ်ခြံမြေ အကျိုးဆောင် အသိုင်းအဝိုင်းဆီကနေ သိရပါတယ်။
ခုနှစ် စံနှုန်း သတ်မှတ်တဲ့အခါ ပြည်လမ်းမကြီး တစ်လျှောက်ကို တစ်ပေပတ်လည် ကျပ်လေးသိန်းနဲ့ အတွင်းလမ်း အားလုံးကို ကျပ်တစ်သိန်းရှစ်သောင်း အဖြစ် သတ်မှတ်ထားတာ ဖြစ်ပြီး ကျန်လမ်းမကြီးတွေ ဖြစ်တဲ့ ကမ္ဘာအေး စေတီလမ်း၊ ကိုယ့်မင်းကိုယ့်ချင်းလမ်း တွေကိုလည်း တစ်ပေပတ်လည် ကျပ် လေးသိန်းသတ်မှတ် ထားတယ်လို့ ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးရုံး ဆီကနေ သိရပါတယ်။
အဲဒီလမ်းတွေရဲ့ အတွင်းပိုင်းတွေကိုလည်း ကျပ်တစ်သိန်းရှစ်သောင်း အဖြစ် သတ်မှတ် ထားတယ်လို့လည်း သိရပါတယ်။
Credit: the voice myanmar