ထားဝယ်မြို့ပြစီမံကိန်း မြေနေရာအတွက် မြေသိမ်းခံသူများအား နစ်နာကြေးပေးမည်ဟု ကန်ထရိုက်များ ကမ်းလှမ်း

ထားဝယ်မြို့ပြစီမံကိန်း မြေနေရာအတွက် မြေသိမ်းခံသူများအား နစ်နာကြေးပေးမည်ဟု ကန်ထရိုက်များ ကမ်းလှမ်း - Property News in Myanmar from iMyanmarHouse.com
20 Dec 2014 12:59 pm တွင် တင်ခဲ့သည်
913 ကြိမ် ကြည့်ရှု့ပြီး
ထားဝယ်- ထားဝယ်မြို့ပြစီမံကိန်း ဧရိယာအတွင်း အဆောက်အအုံ ဆောက်လုပ်မည့် မြေနေရာများ အတွက် နစ်နာကြေး ပေးမည်ဟု ကန်ထရိုက် လုပ်ငန်းရှင်များက ကမ်းလှမ်းကြောင်း လယ်သမား များထံမှ သိရသည်။

ထားဝယ်မြို့ပြ စီမံကိန်းအ ဖြစ် ဆန်းချီရပ်ကွက်အနီး အိမ် နောက်ကွင်း လယ်မြေဧက ၃၀၀ ၌ အကောင်အထည်ဖော်လျက်ရှိရာ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများနှင့် သိမ်းဆည်းခံ လယ်သမားများအကြား မြေယာလျော်ကြေးများနှင့် ပတ်သက်၍ မပြေလည်မှုများ ရှိနေသည်။

စီမံကိန်းများ အကောင်အ ထည်ဖော်ရာတွင် လယ်သမား များက ကန့်ကွက်နေသဖြင့် သိမ်းဆည်းခံ လယ်မြေများ၌ အဆောက်အအုံဆောက်လုပ်ရန် ကန်ထရိုက်အောင်မြင်ထားသော လုပ်ငန်းရှင်များက လယ်သမား များအား တည်ဆောက်မည့် ဧရိ ယာအပေါ် မူတည်၍နစ်နာကြေး ပေးအပ်ရန် ကမ်းလှမ်းမှုများ ရှိနေကြောင်း သတင်းရရှိသည်။

‘‘သူတို့အဆောက်အအုံ ဆောက်မယ့် နေရာအတွက် ကျွန်မကို နစ်နာကြေးပေးမယ် ပြောတယ်။ ဒါပေမဲ့ ကျွန်မအနေ နဲ့ ဒီမြေယာပြဿနာတွေဟာ အာ ဏာပိုင်တွေနဲ့ လယ်သမားတွေနဲ့ ပဲ သက်ဆိုင်တယ်ထင်တယ်။ သူတို့ပေးတဲ့ နစ်နာကြေးတွေကို လက်ခံလိုက်ရင် တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောစရာတွေ ဖြစ် လာမှာကိုလည်း မလိုချင်ဘူး။ နောက်ပြီး ဧကအများကြီး အသိမ်းခံထားရပြီး ဒီတစ်ကွက်အတွက်မှ ပေးတာလည်း မလိုချင်ဘူး။ ဒါ ကြောင့် လက်မခံဖြစ်ဘူး’’ဟု နစ် နာကြေးပေးရန် ကမ်းလှမ်းခံရသူ ဒေါ်မူမူစန်းက ပြောသည်။ ၎င်းတို့ မိသားစုအနေဖြင့် အဆိုပါ ဧရိယာအတွင်း ယခင်က လယ်မြေ ၂၃ ဧကရှိခဲ့ပြီး စီမံကိန်း အ ဆောက်အအုံများ တည်ဆောက် ခဲ့ခြင်းကြောင့် ယခုအခါ လယ်မြေလေးဧကခန့်သာ ကျန်တော့သည်ဟုဆိုသည်။

ကန်ထရိုက်လုပ်ငန်းရှင်က အဆိုပါ လယ်မြေများကို တစ် ဧကလျှင် ကျပ်သိန်းတစ်ရာနှုန်းဖြင့် ၎င်းတို့ အသုံးပြုမည့် မြေနေရာ ဧရိယာအတိုင်း နစ်နာကြေးပေး သွားမည်ဟု ကမ်းလှမ်းခဲ့ခြင်းဖြစ် ကြောင်း တောင်သူလယ်သမား များ သမဂ္ဂ(ထားဝယ်ခရိုင်) တာ ၀န်ရှိသူတစ်ဦးက ပြောသည်။

အဆောက်အအုံ တည် ဆောက်မည့်နေရာကို ဒီဇင်ဘာ ၁၆ ရက်က ကန်ထရိုက်လုပ်ငန်း ရှင်နှင့် အလုပ်သမားများ လာရောက်သတ်မှတ်ခဲ့ရာ လျော်ကြေးမယူသေးသော တောင်သူများက ကန့်ကွက်ခဲ့ကြောင်း သတင်းရရှိသည်။

လက်ရှိအချိန်တွင် ဒေသခံ များနှင့် အာဏာပိုင်များအကြား မြေယာကိစ္စများနှင့် ပတ်သက်၍ ပြေလည်မှု မရသေးသဖြင့် စီမံ ကိန်းများ ဆောင်ရွက်ရာတွင် ကြန့်ကြာနေပြီး ကန်ထရိုက် လုပ်ငန်း ရှင်များအနေဖြင့် ၎င်းတို့၏ လုပ် ငန်းများ သတ်မှတ်ချိန်အတွင်း ပြီးစီးစေရန် ဒေသခံများနှင့် ညှိ နှိုင်းနေရကြောင်း ကန်ထရိုက် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

မြို့ပြစီမံကိန်း ဧရိယာအတွင်း သိမ်းဆည်းခံလယ်မြေများ အတွက် သက်ဆိုင်ရာတာဝန်ရှိသူ များက လယ်သမားများအား လယ်မြေ သုံးဧကလျှင် ပေ ၄၀-၆၀တစ်ကွက် ပြန်လည်ပေးအပ်ရာ အဆိုပါ လျော်ကြေးကို လက်ခံ ခြင်း မရှိသေးဘဲ တစ်ဧကလျှင် တစ်ကွက်နှုန်း ပေးအပ်ရန် တောင်းဆိုနေကြောင်း သိရသည်။

စီမံကိန်း နယ်မြေအတွက် နစ်နာကြေး ပေးအပ်ရာတွင် တောင်သူ ၅၀ ကျော်က လက်ခံ ထားပြီး ၁၁ ဦးသာ လက်မခံသေး ကြောင်း အုပ်ချုပ်ရေးဆိုင်ရာ တာ ၀န်ရှိသူများက ပြောကြားထား သည်။ အဆိုပါ လျော်ကြေး လက်ခံထားသူ အများစုမှာ ယင်းလယ် မြေများကို လွှဲပြောင်းထားပြီးသူများနှင့် လယ်မြေများအတွင်း လက်ရှိလုပ်ကိုင်နေပြီး လျော်ကြေးလက်မခံသေးသော တောင်သူ ၂၀ ဦးကျော် ကျန်ရှိသေးကြောင်း လယ်သမားများက ဆိုသည်။

မြို့ပြစီမံကိန်း ဧရိယာအ တွင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးအိမ်ရာများ၊ အစိုးရဌာန များနှင့် ပုဂ္ဂလိကဆေးရုံအပါအ ၀င် အခြားအခြေခံအဆောက် အအုံများ တည်ဆောက်ထားပြီး ၀န်ထမ်းအိမ်ရာများ တည်ဆောက် သွားမည် ဖြစ်သည်။

Credit: 7 day daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
Emerald Bay Condo
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service