အန္တရာယ်ရှိသော ငလျင်လွှာပြတ် ရွေ့ကြော ပေါ်တွင် တည်ရှိသဖြင့် ဖလမ်းမြို့ကို မြို့သစ် တိုးချဲ့မည်

အန္တရာယ်ရှိသော ငလျင်လွှာပြတ် ရွေ့ကြော ပေါ်တွင် တည်ရှိသဖြင့် ဖလမ်းမြို့ကို မြို့သစ် တိုးချဲ့မည် - Property News in Myanmar from iMyanmarHouse.com
19 Dec 2014 11:57 am တွင် တင်ခဲ့သည်
1043 ကြိမ် ကြည့်ရှု့ပြီး
အန္တရာယ်ရှိသော ငလျင်လွှာပြတ် ရွေ့ ကြော ပေါ်တွင် တည်ရှိ သဖြင့် ဖလမ်းမြို့ကို ရှိရင်းစွဲမြို့နှင့် ငါးမိုင်ခန့် အကွာ လုံပီတွင် မြို့သစ် စီမံကိန်း ဖော်ဆောင်လျက် ရှိသည်ဟု ဖလမ်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦး က The Messenger Media သို့ပြောသည်။

လောလောဆယ် မှာတော့ သက်ဆိုင်ရာ ဌာနတွေနဲ့ မြို့မိမြို့ဖတွေနဲ့ မြို့ပြ ဧရိယာ အတွက် မြေကွက် တိုင်းတာ ဆောင်ရွက်တာ ဘဲရှိသေး တယ်။ ဒီကိစ္စကို ပြည်နယ် အစိုးရထံ အကြမ်းတင်တော့ ခွင့်ပြုမိန့်လည်း ရထား ပါတယ်။ သူတို့ ကလည်း ဒီဟာကို အမူတွဲနဲ့ အသေးစိတ် ထပ်ရှင်းပြ ပါလို့ ပြောတယ် ဟု ၎င်းက ပြောသည်။

လွန်ခဲ့သော ၂၀၁၃ ခုနှစ် မိုးရာသီတွင် ဖလမ်းမြို့နှင့် တစ်မိုင်ခွဲခန့်ရှိ ဇာလိုင်နှင့် လိုင်ဇို ကျေးရွာများ ရုတ်တရက် မြေပြိုကျလာ သဖြင့် အနီးရှိ ဖလမ်းမြို့ ရပ်ကွက် များတွင် မြေသားများ အက်ကွဲ ခဲ့ကြောင်း သိရသည်။ အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စု အစိုးရမှ ဘူမိဗေဒ ပညာရှင်များ လာရောက် ကြည့်ရှုရာ ဖလမ်းမြို့သည် နောက်အနှစ် လေးငါးဆယ်တွင် မြေပြိုကျ နိုင်မည့် ဖြစ်နိုင်ခြေ ပိုများ သဖြင့် ရွှေ့ပြောင်း သင့်ကြောင်း အကြံပြု ခဲ့သည်ဟု ဖလမ်းမြို့နယ် စည်ပင်သာယာရေး ကော်မတီ လက်ထောက် ညွှန်ကြားရေးမှူး ဆလိုင်းဟလိုစ၀ှမ်းက The Messenger Media သို့ပြောသည်။

ဖလမ်းမြို့သစ် စီမံကိန်း အတွက် လျာထားတဲ့ မြေ ဧရိယာက (၈၁၀၀) ဧက ဖြစ်တယ်။ အကျယ်အ၀န်းနဲ့ ပြောမယ် ဆိုရင် (၁၁) စတုရန်းမိုင် ကျယ်မယ်လို့ ခန့်မှန်း ထားတယ်။ ခရိုင် အုပ်ချုပ်ရေးမှူး ကတော့ ဒီဇင်ဘာလ အတွင်း အစိုးရ ဆီမှာ တင်ဖို့ တွန်းအားပေး ထားတယ် ဟု ၎င်းက ဆိုသည်။ ချင်းပြည်နယ် အချို့ဒေသတွင် တောင်ပြို သဖြင့် ကျေးရွာများ ရွှေ့ပြောင်းခဲ့ ရသည့် ရွာများလည်း လွန်ခဲ့သည့် နှစ်များတွင် ရှိခဲ့ဖူးကြောင်း ချင်းပြည်နယ် လူမှုရေး ၀န်ကြီး ဒေါက်တာ ဘမောင်က ပြောသည်။

မြို့ပြောင်းဖို့ အစိုးရ ဆီကို သူတို့တင် လာတာရှိ ပါတယ်။ မြို့သစ် ပြောင်းမယ့် လုံပီးက ပြေပြစ်တော့ အခု ဖလမ်းမြို့လို ချောက်ကမ်းပါးလို မဟုတ်တော့ ပိုအဆင်ပြေမယ်လို့ ထင်တယ်ဟု ၎င်းက ပြောသည်။ အဆိုပါ မြို့သစ်စီမံကိန်းအား ဒေသခံများက ကြိုဆိုကြောင်း၊ သို့သော်လည်း ကြားကာလတွင် လူကြီးများ၏ မြေယာ အလွဲသုံး စားမူများ ရှိမည်ကို စိုးရိမ်မိကြောင်း ဖလမ်းမြို့ ဒေသခံ တစ်ဦးက ပြောသည်။

အစိုးရက တရားဝင်မြို့သစ် ဖွင့်မယ် လို့လည်း မပြောသေး ပေမယ့် အဲဒီနေရာက မြေကွက်တွေကို အတော် များများ သူများတွေ ၀ယ်ကုန်ကြ ပြီ။ လူကြီးတွေ ကပဲ မြေကွက်တွေကို အကွက်ချ မျှဝေနေ ကြတယ်။ အောက်ခြေ လူထုအနေနဲ့ ၀ယ်မယ် ကြံတော့လည်း မဖွင့်ရ သေးဘူး ပြောပြန်တယ်။ ဒီကိစ္စကို အစိုးရက တိုက်ရိုက် မစီမံဘဲနဲ့ ကုမ္ပဏီ ဖြစ်ဖြစ် ပေးရင် ပိုပြီးတော့ အဆင်ပြေမယ်လို့ ယူဆတယ် ဟုဖလမ်းမြို့ဒေသခံ တစ်ဦးက ပြောသည်။

ယင်း စီမံကိန်း အတွက် ကုန်ကျစရိတ်ကို ကော်မတီများ ဖွဲ့ပြီးမှ ၎င်းတို့ နှင့် သက်ဆိုင်သော ကဏ္ဍာတွင် မည်မျှ လိုအပ်ကြောင်း တင်ပြလာမှ သာ ထုတ်ဖော် နိုင်မည် ဖြစ်ကြောင်း၊ အစိုးရရုံးများ ကိုလည်း ယင်းမြို့သစ် စီမံကိန်းသို့ ရွှေ့ပြောင်းရန် အစီအစဉ် မရှိသေး သော်လည်း ထပ်မံရောက် လာမည့် ရုံးများ ရှိလျှင် ယင်းနေရာတွင် ဆက်လက် တည်ဆောက် သွားမည်ဟု ဖလမ်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်ကိုဦးက ပြောသည်။ ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးသည် အိနိ္ဒယ ကျောက်လွှာချပ်နှင့် မြန်မာ ကျောက်လွှာချပ် အကြားတွင် တည်ရှိကြောင်း၊ ယင်းကြောင့် မကြာခဏ ငလျင်လှုပ် တတ်ကြောင်း နေပြည်တော်၊ မိုး/ဇလဦး စီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ယဉ်မျိုးမင်းထွေးက ပြောသည်။

Credit: messenger

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service