လှိုင်သာယာမြို့နယ်၏၊အိမ်ခြံမြေဈေးကွက် ပြန်လည် ဦးမော့

လှိုင်သာယာမြို့နယ်၏၊အိမ်ခြံမြေဈေးကွက် ပြန်လည် ဦးမော့ - Property News in Myanmar from iMyanmarHouse.com
8 Dec 2014 11:53 am တွင် တင်ခဲ့သည်
1526 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့စွန်နေရာဖြစ်သည့် လှိုင်သာယာ မြို့နယ်သည် ယခင်က လမ်းပန်းဆက်သွယ်ရေး အနေအထားများကြောင့် အိမ်ခြံမြေဈေးနှုန်းများ ငြိမ်သက်ခဲ့ရာမှ ယခုအခါတွင် မြစ်ကူးတံတားတစ်စင်းနှင့် ဘုရင့်နောင်ခုံးကျော်တံတားနှစ်စင်း တည်ဆောက်ပြီးစီးခဲ့ပြီးနောက်ပိုင်းဈေးကွက် အနည်းငယ် ပြန်လည်လှုပ်ရှား လာကြောင်း အိမ်ခြံမြေအကျိုးဆောင်များကပြောသည်။

"လှိုင်သာယာ အိမ်ခြံမြေဈေးကွက်က အလားအလာကောင်းလာဖို့ အခြေအနေ အများကြီးရှိပါတယ်။ အခု တံတားလည်းပြီးသွားပြီဆိုတော့ သွားရေးလာရေး လွယ်ကူ သွားရင် အဲဒီဘက်က အိမ်ရာစီမံကိန်းတွေ အလုပ်ဖြစ်လာနိုင်ပါတယ်။ အရင်တုန်းက သွားရလာရ နည်းနည်းခက်ခဲတော့ ဈေးကွက် က သိပ်မကောင်းဘူး။ အခုတော့ နည်းနည်း ပြန်လှုပ်လာပါပြီ"ဟု ရွှေကံမြေ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဦးခင်မောင်အေးက ပြောသည်။

လှိုင်သာယာမြို့နယ်သည် လှိုင်မြစ် တစ်ဖက်ကမ်းတွင်တည်ရှိပြီး အိမ်ရာများနှင့် စက်မှုဇုန်များစွာ တည်ရှိကာ ရွှေ့ပြောင်းနေထိုင်သူများ၊ စက်ရုံအလုပ်သမားများဖြင့် လူဦးရေထူထပသည့် မြို့နယ်တစ်မြို့လည်း ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အခြား မြို့နယ်များကဲ့သို့ လှိုင်သာယာမြို့နယ်သည် လွန်ခဲ့သည့် နှစ်နှစ်ခန့်တွင် အိမ်ခြံမြေ ဈေးနှုန်းများမြင့်တက်ခဲ့ပြီး ယခုအခါတွင် အိမ်ရာများရှိမြေကွက်များနှင့် စက်မှုဇုန်မြေ များမှာ ဈေးကောင်းလာကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

"လှိုင်သာယာမှာဆို ပန်းလှိုင်အိမ်ရာတို့၊ င်္ြှု ဃငအပ တို့လို အိမ်ရာမျိုးတွေက ဈေးကောင်းတယ်။ စက်မှုဇုန်မြေကလည်း ရန်ကုန်မြို့မှာရှိ တဲ့ စက်မှုဇုန်တွေထဲမှာ လှိုင်သာယာစက်မှုဇုန် မြေက ဈေးမြင့်တယ်။ ဒါပေမဲ့ ရပ်ကွက်တွေ ကတော့ ဈေးအရမ်းမမြင့်ဘူး။ လူနေထူထပ် ပြီး ဧရာဝတီဘက်က ရွှေ့ပြောင်းနေထိုင်တဲ့ သူတွေ အရမ်းများတယ်" ဟု ၎င်းကပြောသည်။

လှိုင်သာယာမြို့တွင်းရှိ မြေဈေးများမှာ စတုရန်းပေ ၂,၄၀၀ တစ်ကွက်လျင် ကျပ်သိန်း၂,၅၀၀ မှ ၃,၈၀၀ ခန့်ရှိပြီး ပေတစ်ရာ ပတ်လည် အကွက်များမှာ ကျပ် သိန်း ၅,၀၀၀ မှ၁၀,၀၀၀ ကျော်ထိ ရှိသည်။ ရပ်ကွက်များရှိ မြေဈေးများမှာ တစ်ကွက် လျှင် ကျပ် သိန်း၁,၀၀၀ ၀န်းကျင်ခန့် ရှိကာ စက်မှုဇုန်အတွင်းရှိ မြေကွက်များ မှာမူ တစ်ဧကလျင် ကျပ်သိန်း ၁၅,၀၀၀ မှ ၂၅,၀၀၀ အထိ ရှိကြောင်း လှိုင်သာယာမြို့နယ် အခြေစိုက် အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

"တံတားပြီးသွားတော့ အရောင်းအ၀ယ် ကောင်းမယ်လို့ ထင်ထားတာ အရမ်းကြီးတော့တက်မလာသေးဘူး။ အရောင်းထက် အငှား က ပိုများတယ်။ စက်မှုဇုန်မြေတွေကတော့ဝယ်မယ့်သူတွေနည်းကုန်တယ်။ ဘာဖြစ်လို့ လဲဆိုတော့ အစိုးရက စက်မှုဇုန်မြေတွေကိုမဖြစ်မနေ အလုပ်လုပ်ရမယ်ပြောတော့ အရင် လိုဝယ်ထားပြီး ရင်းနှီးမြှုပ်နှံထားလို့ မရတော့ ဘူး။ ဒီတော့ အရောင်းအ၀ယ် နည်းနည်းအေး သွားတယ်။ ဈေးတွေကတော့မနှစ်ကနဲ့ယှဉ်ရင် ၂၀ ရာခိုင်နှုန်းလောက် တော့ တက်လာတယ်လို့ ပြောလို့ရတယ်" ဟုလှိုင်သာယာမြို့နယ်ရှိ အောင်ခိုင်ခန့် အိမ်ခြံ မြေ အကျိုးဆောင်မှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။

လက်ရှိတွင် လှိုင်သာယာမြို့နယ်ရှိ အိမ်ခြံ မြေများမှာ အရောင်းဈေးကွက်ပိုများပြီး စက်မှုဇုန်လုပ်ငန်းလုပ်ကိုင်သူများ၊ စက်မှုဇုန်အလုပ် သမားများနှင့် နယ်မြို့များမှ လာရောက်အလုပ်လုပ်ကိုင်သူများ အများဆုံး ၀ယ်ယူ၊ ငှားရမ်းကာ နေထိုင်လေ့ရှိကြောင်း လှိုင်သာယာမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။ ထို့ပြင် လှိုင်သာယာမြို့နယ်အတွင်းနေထိုင်ကြသည့် စက်ရုံအလုပ်သမားများနေထိုင်မှုများပြားသည့် အလုပ်သမားတန်းလျား များတွင် အခန်းငှားရမ်းမှုများ မြင့်တက် လာ ကာ ဈေးနှုန်းများလည်း မြင့်တက်လာကြောင်း လှိုင်သာယာမြို့နယ် ရှမ်းချောင်း ရပ်ကွက်တွင် နေထိုင်သူအမျိုးသမီးတစ်ဦးက ပြောသည်။

"ဒီမှာ စက်ရုံမှာအလုပ်လုပ်တဲ့သူတွေနဲ့ နယ်က ပြောင်းလာတဲ့ သူတွေချည်းပဲ။ ကျွန်မတို့နေတဲ့မြေပိုင်ရှင်က အိမ်တန်းလျား ဆောက်ထားပြီး ဒီကလူတွေကို ပြန်ငှား တယ်။ အခန်းတွေက ကျဉ်းပေမယ့် နေကြတာပဲ။ အရင်တုန်းကတော့ ဒီလိုအခန်းငှားခက လေးငါးထောင်လောက်ကနေ အခု သုံးသောင်းလောက်ထိ တက်သွားတယ်။ ကျွန်မတို့နားကမြေတွေလည်း သိန်း ၈၀၀ လောက်ထိ ဈေးတွေ တက်ကုန်တယ်" ဟု ၎င်းကပြောသည်။

စက်မှုဇုန်များရှိသည့် လှိုင်သာယာမြို့နယ် သည် စက်မှုဇုန်လုပ်ငန်းများကိုမှီကာ ငှားရမ်းနေထိုင်သူ များပြားခြင်းကြောင့် အိမ်ခြံမြေ ဈေးကွက်ကောင်းမွန်ခဲ့ခြင်းဖြစ်ရာမှ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ပြန်လည်ငြိမ်သက်ခဲ့ခြင်းဖြစ်ပြီး ယခုအသစ်ဆောက်လုပ်လိုက်သည့် ဘုရင့်နောင်လမ်းဆုံ ရှိ ခုံးကျော်တံတား နှစ်စင်းနှင့် မြစ်ကူးတံတားတို့ကြောင့် အိမ်ခြံမြေဈေးကွက် ပြန်လည်ကောင်းမွန်လာနိုင်ရန် မျှော်လင့်ကြောင်းအိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။

"လှိုင်သာယာက အရင်က စက်မှုဇုန်တွေ ရှိတော့ စက်မှုဇုန် လုပ်ငန်းရှင်တွေကလည်းအလုပ်နဲ့နီးအောင် ဒီမှာပဲဝယ်ပြီးနေကြတယ်။ နောက်ပြီး အိမ်ရာကောင်းကောင်းတွေပေါ်လာတော့လည်း လာရောက်နေထိုင်တဲ့သူတွေ ရှိလာပြီး အိမ်ခြံမြေဈေးကွက်တော်တော်ကောင်းခဲ့တယ်။ ဒါပေမဲ့ ၂၀၁၄ ခုနှစ်ထဲ တံတားတွေမပြီးခင် ဈေးကွက်က တော် တော်ငြိမ်သွားပြီး ၀ယ်ယူမယ့်သူ နည်း သွားတယ်။ အခု တံတားတွေလည်း အကုန်ပြီးပြီဆိုတော့လုပ်ငန်း ပြန်ကောင်းလာ မယ်လို့တော့ မျှော်လင့်ပါတယ်"ဟု အောင်ခိုင်ခန့် အိမ်ခြံမြေအကျိုးဆောင်မှ တာဝန်ရှိသူက ပြောသည်။

သို့သော် လှိုင်သာယာမြို့စွန်ပိုင်းများတွင် လူနေပြွတ်သိပ်ပြီး ကျူးကျော်နေထိုင်သူများ လည်းများပြားသည့် အိမ်ခြံမြေဈေးကွက်မှာ ဈေးကောင်းမရကြောင်း ဦးခင်မောင်အေးက ပြောသည်။

"လှိုင်သာယာမြို့စွန်ဘက်က မြေဈေးကွက် က ဒဂုံမြို့သစ် မြောက်ပိုင်းတို့ တောင်ပိုင်းတို့လို ဈေးမကောင်းဘူး။ လှိုင်သာယာက ကျူးကျော် နေထိုင်တဲ့သူတွေကလည်းရှိတယ်။နယ်ပေါင်းစုံ ကလည်း ပြောင်းပြီးနေထိုင်တော့ လူကလည်း အရမ်းကျပ်တယ်။ အဲဒီဘက်မှာရှိတဲ့အိမ်ခြံမြေဈေးကွက်ကို လူသိပ်စိတ်မ၀င်စားကြဘူး။ မြို့စွန်တွေ ထဲမှာတော့မြောက်ဒဂုံဘက်က ဈေးအကောင်းဆုံးပဲ" ဟု ၎င်းက ပြောသည်။

လှိုင်သာယာမြို့နယ်ကို၁၉၈၅ ခုနှစ်ခန့် တွင် အခြေချတည်ထောင်ခဲ့ပြီး အစိုးရ၏ ရန်ကုန်မြို့သစ်ချဲ့ထွင်မှုများထဲတွင် ဖွံ့ဖြိုး တိုးတက်ခဲ့သည့် မြို့တစ်မြို့အဖြစ် ပါဝင်ခဲ့ သည်။ ထို့ပြင်စက်မှုဇုန်များစွာလည်း ရှိပြီး ဧက ၁,၄၀၀ ကျော်ရှိသည့် လှိုင်သာယာ စက်မှုဇုန် (၁၊၂၊၃၊၄၊၆၊၇)နှင့် ဧက ၂၀၀ကျော်ကျယ်ဝန်း သည့် လှိုင်သာယာ စက်မှုဇုန် (၅) အပြင် ဧက ၁,၁၀၀ကျယ်ဝန်းသည့်ရွှေလင်ဗန်းစက်မှုဇုန် များလည်းရှိသည့်အတွက် အကြီးဆုံးစက်မှုဇုန်မြို့တော်ထဲတွင်ပါဝင်ခဲ့သည်။

Credit: mmtimes

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
Emerald Bay Condo
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service