စက်မှုဇုန်မြေကွက်လွတ်များ လုပ်ငန်းအဆိုပြုလွှာ လာတင်သူနည်း၍ သတ်မှတ်ရက်ရွှေ့ဆိုင်း

စက်မှုဇုန်မြေကွက်လွတ်များ လုပ်ငန်းအဆိုပြုလွှာ လာတင်သူနည်း၍ သတ်မှတ်ရက်ရွှေ့ဆိုင်း - Property News in Myanmar from iMyanmarHouse.com
5 Dec 2014 11:08 am တွင် တင်ခဲ့သည်
1093 ကြိမ် ကြည့်ရှု့ပြီး
စက်မှုဇုန်များရှိ မြေကွက်လွတ်နှင့် ဂိုဒေါင်များအတွက် လုပ်ငန်းအစီအစဉ်များ တင်ပြရန် ရက်သတ်မှတ်ပေးထားသော်လည်း ၂၅ ရာခိုင်နှုန်းခန့်သာ အဆိုပြုလွှာများတင်ပြကြသောကြောင့် ရက်ထပ်တိုးပေးလိုက်ရကြောင်း ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီမှ သတင်းရရှိသည်။

ဒီဇင်ဘာ ၁ ရက်နောက်ဆုံး သတ်မှတ်ထားခြင်းကို နောက် ထပ် ၁၅ ရက် ထပ်တိုးလိုက်ခြင်းဖြစ်သည်။

‘‘ထပ်တိုးပေးတဲ့ရက်နောက် ပိုင်းမှာ အဆိုပြုလွှာလာမတင်ရင် ပိုင်ရှင်ကို တန်ဖိုးငွေပြန်အမ်းပြီး သိမ်းမှာပါ။ ပိုင်ရှင်တွေကလည်း သိမ်းမယ်ဆိုတာကို ဂရုမစိုက် ဘူး’’ ဟု လှိုင်သာယာ စက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြတ် သင်းအောင်က ပြောသည်။

စက်မှုဇုန်ရှိ မြေကွက်လပ် များနှင့် ဂိုဒေါင်လွတ်များကို အသေးစိတ်စီးပွားရေးစီမံချက်များ တင်ပြရန် ဒီဇင်ဘာလကုန် အထိသတ်မှတ်ပေးထားသော်လည်း အစည်းအဝေးပြုလုပ်သည့် ဒီဇင် ဘာ ၂ ရက်အထိ မြေကွက် ၆၈၀ သာ အဆိုပြုလွှာများတင်ပြနိုင် သည်။ စက်မှုဇုန်များတွင် မြေ ကွက်လွတ် ၂,၄၀၀ နီးပါးနှင့် ဂိုဒေါင် ၁,၂၉၉ လုံးကို ပြည်တွင်း လုပ်ငန်းရှင်များ၊ တိုင်းရင်းသား အမည်ခံများကဝယ်ယူရင်းနှီးမြှုပ် နှံထားသည်။ ကော်မတီသို့ လာ လာရောက်တင်ပြသည့် အဆိုပြု လွှာများမှာလည်း စက်ရုံတည် ဆောက်မှုကို ငါးနှစ်အထိအချိန် ယူထားမှုများ ပါဝင်သဖြင့် ယုတ္တိ မရှိမှုများတွေ့ရကြောင်း ဦးမြတ် သင်းအောင်က ပြောကြားသည်။

လက်ရှိစက်မှုဇုန်များမှ မြေ ကွက်အလွတ်များနှင့် ဂိုဒေါင်အ လွတ်များ သိမ်းယူမည့် အစီ အစဉ်သည် အဆင့်သုံးဆင့်ရှိပြီး ဒီဇင်ဘာ ၁၅ ရက်နောက်ပိုင်း အထိ အဆိုပြုလွှာမတင်သော မြေ ကွက်များကို ဦးစွာသိမ်းယူမည် ဖြစ်သည်။ ဒုတိယ အဆင့်မှာ အဆိုပြုလွှာတွင် ယုတ္တိမရှိသော အကြောင်းပြချက်များပါဝင်သည့် မြေကွက်များကို သိမ်းယူမည်။ တတိယအဆင့်အနေဖြင့် လုပ်ငန်း မလုပ်သောဂိုဒေါင်များကို သိမ်း ယူမည်ဟု သိရသည်။

‘‘တကယ်လုပ်နိုင်ပါ့မလား မေးခွန်းထုတ်ချင်တယ်။ မြေကွက် အများစုက အရင်အစိုးရလူကြီး တွေရဲ့ မိသားစုတွေပိုင်ကြတာ’’ ဟု ဒဂုံအရှေ့မြို့နယ်တွင် ဆောက် လုပ်ရေးပစ္စည်းများထုတ်လုပ်နေ သော လုပ်ငန်းရှင်တစ်ဦးက ပြော သည်။

ယခင်က ဒီဇင်ဘာ ၁ ရက် နောက်ဆုံး သတ်မှတ်ထားသည့် အတွက် ဒီဇင်ဘာ ၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန် များ စီမံခန့်ခွဲရေး ကော်မတီနှင့် စက်မှုဇုန်အသီးသီးမှ စီမံခန့်ခွဲရေး ကော်မတီများ တွေ့ဆုံအပြီး၌ ယခုကဲ့သို့ တိုးမြှင့်သတ်မှတ်ပေး လိုက်ခြင်းဖြစ်သည်။

အဆိုပါအသေးစိတ် စီးပွား ရေးစီမံချက် စိစစ်ရေးနှင့် သက် ဆိုင်ရာ စက်မှုဇုန်စီမံခန့်ခွဲမှုကော် မတီတို့ပူးပေါင်း၍ မြေပြင်ကွင်း ဆင်းစစ်ဆေးပြီး လုပ်ငန်းလုပ် ကိုင်ခြင်း မရှိသော ဂိုဒေါင်နှင့် စက်မှုဇုန်မြေကွက်များကို နိုင်ငံ တော်သို့ ပြန်လည်အပ်နှံရန်အုပ်စုများခွဲကာ လုပ်ဆောင်လျက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး စက် မှုဇုန်များတွင် မြေကွက်လွတ် ဧက ၄,၄၀၀ ကျော်ကို ၂၀၁၅ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်းအထိ လုပ်ငန်းများ အကောင်အထည်မဖော်ပါက နိုင်ငံတော်သို့ ပြန်လည်အပ်နှံရမည်ဟု ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန်များစီမံခန့်ခွဲမှုကော်မတီက အောက်တိုဘာ ၃၁ ရက်တွင် ကြေညာချက်ထုတ်ပြန်သည်။

စက်မှုဇုန်များတွင် ရင်းနှီး မြှုပ်နှံမှုအနေဖြင့် မြေကွက်များ ဝယ်ယူပြီး လုပ်ငန်း မလုပ်ပါက အစိုးရစတင်ချပေးသော နှုန်းထား အတိုင်းငွေပြန်ပေးလျော်၍ သိမ်း ယူသွားရန် ဒုသမ္မတ ဦးဆောင် သော စက်မှုဇုန်များ ဖွံ့ဖြိုးတိုး တက်ရေး ကော်မတီက စီစဉ် လျက်ရှိသည်။

လက်ရှိရန်ကုန်တိုင်းဒေသ ကြီးရှိ စက်မှုဇုန် ၂၉ ခုတွင် စက်မှုလက်မှုမြေကွက်လွတ် ၂,၀၀၀ ကျော်နှင့် လုပ်ငန်းလုပ်ကိုင်ခြင်းမရှိသော ဂိုဒေါင် ၁,၀၀၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး စက်မှုဇုန် စီမံခန့်ခွဲမှု ကော်မတီက ကြေညာချက် ထုတ်ပြန်ထားသည်။

စက်မှုဇုန်မြေကွက်များနှင့် ပတ်သက်၍ မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာနသည် အဆောက်အအုံ မဆောက်လျှင် ပြန်လည်သိမ်းယူမည်ဟု မကြာ ခဏ ကြေညာခဲ့သော်လည်း ယနေ့အချိန်ထိ လုပ်ကိုင်နိုင်ခြင်း မရှိသည်ကို တွေ့ရသည်။ ယင်းကြောင့် စက်မှုဇုန်အချို့တွင် မြေကွက်များကို တိုင်းဒေသကြီး အစိုးရက လေလံခေါ်ရာ စပေါ် ငွေကျပ်သိန်းရာချီ၍ အာမခံကြေး တောင်းဆိုမှုများရှိလာသည်။

စက်မှုဇုန်များတွင် မြေကွက် ဝယ်ယူထားသူများသည် မြို့ရွာ နှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနက စက်မှုလက်မှု လုပ်ငန်းအတွက် မြေအသုံးပြုခွင့်အမိန့်ကို ထုတ်ယူ စဉ်က အသုံးပြုခွင့်ရထားသော မြေကွက်တွင်ရရှိပြီးသည့် နေ့မှ စ၍ သုံးလအတွင်း အဆောက် အအုံဆောက်မည်ဟု သဘောတူ လက်မှတ်ရေးထိုးထားသည်။ ထို့အပြင် သတ်မှတ်ထားသော စည်းကမ်းချက်များ မလိုက်နာပါက ဆောက်လုပ်ထားသော အဆောက်အအုံနှင့်တကွ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ပြန်လည်သိမ်းယူမည်ကိုလည်း သဘောတူထားသည်။

ထိုသို့ လက်မှတ်ထိုးထား သော်လည်း ပိုင်ဆိုင်ခွင့်ရှိသည့် နေ့မှစ၍ ယနေ့အချိန်ထိ စက်မှု လက်မှုလုပ်ငန်းကို လုပ်ကိုင်ခြင်း မရှိသဖြင့် နိုင်ငံတော် ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်များကို အဟန့် အတားဖြစ်စေပြီး မြေဈေးနှုန်းများ မြင့်တက်စေခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စက်မှုဇုန်မြေများ၏ တန်ဖိုး သည် တစ်ကွက်လျှင် ကျပ်သိန်း ပေါင်းထောင်ချီ၍ တန်ဖိုးရှိနေပြီး အမှန်တကယ်ပြန်လည်သိမ်းယူပါက ဈေးနှုန်းများစွာ လျော့ကျသွားနိုင်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ခန့်မှန်းနေကြသည်။


Credit: 7 Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service