နေထိုင်ရန် အခက်ခဲ ဖြစ်ပေါ်နေသော အိမ်ထောင်စု နှစ်ထောင်ကျော်ကို မြေနေရာများ အခမဲ့ပေးမည်

နေထိုင်ရန် အခက်ခဲ ဖြစ်ပေါ်နေသော အိမ်ထောင်စု နှစ်ထောင်ကျော်ကို မြေနေရာများ အခမဲ့ပေးမည် - Property News in Myanmar from iMyanmarHouse.com
4 Dec 2014 11:39 am တွင် တင်ခဲ့သည်
1021 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တွင် နေထိုင်ရန် အခက်အခဲ ဖြစ်ပေါ်နေသော မိသားစု နှစ်ထောင်ကျော်ကို ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူး မြို့နယ်တွင် အခမဲ့ နေထိုင် နိုင်ရန် အတွက် လာမည့် ဒီဇင်ဘာလတွင် မြေနေရာများ ချထားပေး သွားမည် ဖြစ်ကြောင်း ယင်းမြေနေရာ များကို လှူဒါန်းမည့် သဘာဝ တရား ရိပ်သာ (သန်လျင်) မှ စုံစမ်း သိရသည်။

အဆိုပါ မြေနေရာသည် လှည်းကူး မြို့နယ် ၊ ဖောင်ကြီး ဗဟိုဝန်ထမ်း တက္ကသိုလ် သင်တန်းကျောင်းနှင့် သစ်နီပင် ကျေးရွာ အနီးတွင် တည်ရှိပြီး၊ အိမ်ထောင်စု တစ်စု နေထိုင်ရန်အတွက် မြေနေရာ အကျယ်အ၀န်းကို ပေ (၃၀)၊ပေ(၂၀)သတ်မှတ်ပေးထားပြီး ဖြစ်ကြောင်း သိရသည်။

အဓိက ကတော့ နေထိုင်ဖို့ အခက်အခဲ ဖြစ်နေသူတွေ အဆင်ပြေ၊ စိတ်အေးချမ်းစွာ နေထိုင်နိုင်ပြီး တရားဓမ္မပွားများ နိုင်ဖို့ အတွက် လှူဒါန်း ပေးတာ ဖြစ်ပါတယ် ဟု နေထိုင်ရန် အခက်အခဲ ရှိနေသူ များကို တာဝန်ယူ နေရာ ချထားပေးမည့် သဘာဝ တရားရိပ်သာမှ ဆရာတော် ဦးဝိမလက မိန့်ကြားသည်။

အဆိုပါ မြေနေရာများကို ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် အစောပိုင်းက သာဘာဝတရား ရိပ်သာက ၀ယ်ယူခဲ့ခြင်း ဖြစ်ပြီး လက်ရှိ တွင်လည်း ယင်း မြေနေရာပေါ်တွင် အိမ်ထောင်စု တစ်ရာကျော်ကို နေရာချ ထားပေးပြီး ဖြစ်သည်။ ထိုမြေနေရာတွင် နေထိုင်နိုင်ရန် အတွက် သဘာဝတရား ရိပ်သာသို့ မည်သည့် ငွေကြေး တစ်စုံတစ်ရာမှ ပေးသွင်းရန် မလိုအပ်ဘဲ တရားစခန်း ခုနစ်ရက်သာ ၀င်ရောက် ရကြောင်း အဆိုပါ တရား ရိပ်သာ၏ တာဝန်ခံ ဦးအောင်ကျော် က ပြောသည်။

ဖြစ်နိုင်ရင် ရန်ကုန်မြို့နဲ့ နီးတဲ့နေရာမှာ နေရာ ချထားပေး ချင်ပေမယ့် ရန်ကုန်နဲ့ နီးတဲ့ နေရာဆိုရင် မြေနေရာက အကျယ်ကြီး မရနိုင်ဘူး။ ကျွန်တော်တို့က လူတွေ အများကြီးကို ကူညီချင်တာ ဆိုတော့ မြေနေရာ အကျယ်ကြီး ရနိုင်မယ့် နေရာကိုပဲ ရွေးနိုင်တော့ လှည်းကူး ဘက်မှာ စီစဉ် ဖြစ်သွား တာပါ ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ တရားဝင် ထုတ်ပြန်ချက်များ အရ ရန်ကုန်တိုင်းဒေသကြီးတွင် လူဦးရေ မြင့်တက်မှု နှင့် အတူ မြေဈေး၊ အိမ်ဈေးနှင့် အိမ်ငှားရမ်းခ ဈေးနှုန်း မြင့်တက်မှု တို့ကြောင့် နှစ်စဉ် အိမ်ထောင်စုပေါင်း နှစ်သောင်းဝန်းကျင်ခန့် အိမ်ယာမဲ့ ပြဿနာများနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ ပြောင်းရွှေ့ချထားပေးမယ့် အိမ်ထောင်စု နှစ်ထောင်ကျော် အပြင်နေစရာ အခက်အခဲရှိလို့ မြေနေရာ တောင်းရင်း တရားစခန်း လာဝင်တဲ့သူ ကတစ်ပတ်ကို လူ (၂၀) လောက်ရှိတယ်။

ကျွန်တော်တို့ ကတော့ မြေနေရာ ရှိသရွေ့ ပေးသွားဖို့ ဆုံးဖြတ်ထားတယ် ဟု ဦးအောင်ကျော်က ပြောသည်။ လက်ရှိတွင်ဧက (၁၅၀) ကျော်ရှိသော အဆိုပါမြေ နေရာတွင် အိမ်ထောင်စု တစ်ရာ ကျော်သာ နေထိုင်လျက်ရှိ သော်လည်း နောက်တိုး အိမ်ထောင်စု များကို လက်ခံနိုင်ရန် အတွက် အိမ်ခြေ ငါးရာကျော်ကို ထပ်မံ တည်ဆောက်ထားကြောင်း သိရသည်။

အလားတူ မြေလှူဒါန်း ပေးမှုကို ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့နယ် တွင်လည်း ဆောင်ရွက်ပေး ထားပြီး ယင်းသန်လျင် မြို့နယ်ရှိ လှူဒါန်းထားသော မြေ နေရာကို စေတနာရွာ ဟု အမည်ပေး ထားကာ လူဦးရေတစ်သောင်းကျော် မှီတင်းနေထိုင်လျက်ရှိကြောင်း သိရသည်။

Credit : messenger news journal

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service