မြို့စွန် မြေဈေး ကျဆင်းလာ

မြို့စွန် မြေဈေး ကျဆင်းလာ - Property News in Myanmar from iMyanmarHouse.com
3 Dec 2014 1:31 pm တွင် တင်ခဲ့သည်
1872 ကြိမ် ကြည့်ရှု့ပြီး
အစိုးရရဲ့အခွန်နှုန်းထား၊ စီမံကိန်းပြသနာ၊ မြေပြန်သိမ်းမှုစတဲ့ ပြသနာတွေကြောင့် မြို့သစ်ဘက်တွေရဲ့ မြေဈေး ဟာ ထက်ဝက်နီးပါးကျဆင်းလာတယ်လို့ အကျိုးဆောင် တစ်ဦးက ပြောပါတယ်။

'အရင်လပိုင်းက ဒဂုံအရှေ့ဈေးတွေမှာ ရပ်ကွက်အလိုက် (ကျပ်) သိန်း ၃၀၀ လောက်ဖြစ်ပေမယ့် အခုလဆန်းပိုင်းကစပြီး ၁၈၀ လောက်အထိ အခေါ်တွေနိမ့်လာပြီး ရောင်းသူတွေသာများတယ်၊ ၀ယ်လက်ကမရှိသလောက်ကို အေးနေတယ်'လို့ ဒဂုံမြို့သစ်ဘက်မှ အိမ်ခြံမြေအကျိုးဆောင် ဦးငယ်ကပြောပါသည်။

ဈေးကွက်မရှိသလောက် အရောင်းအ၀ယ်အေးနေတဲ့ မြို့နယ်တွေကတော့ ဒဂုံဆိပ်ကမ်း၊ အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်း၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာ အစရှိတဲ့မြို့နယ်တွေဖြစ်ပြီး ယခင်ဈေးနှုန်းထက် သိန်း ၅၀မှ သိန်းရာချီအထိ လျှော့ချရောင်းနေတာဖြစ်ပါတယ်။ ဒါ့အပြင် အရောင်းအ၀ယ်အေးနေတဲ့ အမျိုးအစားတွေကတော့ ကြိုပွိုင့်တိုက်ခန်း၊ ခြံမြေ၊ လယ်မြေစတာတွေဟာ အဓိက ဈေးကွက်ပျောက်နေတာ ဖြစ်ပါတယ်။

အစိုးရဘက်ကအခွန် နှုန်းထားတွေနဲ့ ထိန်းချုပ်ပုံနဲ့ ပတ်သက်ပြီး စီးပွားရေးနှင့် ဥပဒေ လမ်းညွှန် ဦးဇော်မြင့်ဦး (GEOG) ကလည်း 'အခုဆိုရင် ဈေးနှုန်းတွေကျနေပြီ အခွန်ဥပဒေအရ အောင်မြင်ပါတယ်၊ ဈေးနှုန်း able ဖြစ်ဖို့ကတော့ အတိအကျ မပြောနိုင်ဘူး၊ အတက်အကျ ကြမ်းတာတွေကိုတော့ ထိန်းချုပ်နိုင်တယ်' လို့သူ့အမြင်ကိုပြောပါတယ်။

ဈေးနှုန်းအဆမတန်မြင့်တက်မှုကို ထိန်းချုပ်နိုင်မယ့်နည်းလမ်းတွေကို အစိုးရနဲ့သက်ဆိုင်ရာဝန်ကြီးဌာနတွေက စတင်အကောင်အထည်ဖော်ခြင်း၊ တန်ဖိုးနည်းအိမ်ရာ၊ တန်ဖိုးနည်း အငှားအိမ်ရာ၊ စံနှုန်းထားသတ်မှတ်ချက်၊ အခွန်ကောက်ခံပုံ စတဲ့ အချက်တွေပြောင်းလဲမှုကြောင့်နောက်ပိုင်း အငှားဈေးကွက်တွေလည်း ကျဆင်းလာနိုင်မှာ ဖြစ်ပါတယ်။

အငှားဈေးကျဆင်းဖို့

ရန်ကုန်မြို့တွင်း အဆမတန် မြင့်တက်နေတဲ့ အိမ်ငှားခ ဈေးလျှော့ချနိုင်ရေးနဲ့ အခြေခံလူတန်းစားတွေအတွက် သင့်တင့်မျှတတဲ့ နှုန်းထားနဲ့အငှားအိမ်ရာတွေ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

အစိုးရရဲ့ အငှားအိမ်ရာဈေးနှုန်းတွေကတော့ လက်ရှိဈေးကွက်ပေါက်ဈေးထက် အဆ ၂၀နီးပါးကွာခြားမှုတွေရှိ နေတာကြောင့် အခြေခံလူတန်းစားတွေ အတွက် အငှားအိမ်ရာများများ အကောင်အထည် ဖော်လာနိုင်ပါက ဈေးကွက်ငှားရမ်းခတွေလည်း လျှော့ကျလာမှာ ဖြစ်တယ်လို့သိရပါတယ်။

မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဌာနက ညွှန်ကြားရေးမှုးချုပ် ဦးမင်းထိန်ကလည်း" တန်ဖိုးနည်းအိမ်ရာတွေကို လတ်တလော မ၀ယ်ယူနိုင်တဲ့ အောက်ခြေလူတန်းစားတွေ အတွက် အငှားအိမ်ယာတွေ အကောင်အထည်ဖော်သွားမယ်၊ လက်ရှိအစိုးရ အငှားအိမ်ရာ ဈေးနှုန်းတွေကလည်းအနည်းဆုံး ၂၀၀၀ကနေ အများဆုံး ၅၀၀၀လောက်ပဲဆိုတော့အပြင်ထက်အများကြီးသက်သာတယ်"လို့ ပြောပါတယ်။

ကြိုပွိုင့်အရောင်းပွဲတော်

ကြိုပွိုင့်အရောင်အ၀ယ် ၀ယ်ယူသူနည်းပါးလာတာကြောင့် အရစ်ကျပေးချေမှု နှစ် ပိုပေးကာ၊ ဈေးလျှော့ရောင်းချတာ စတာတွေနဲ့ ၀ယ်ယူသူရှာတာတွေ ပြုလုပ်လာကြပါတယ်။ ဆောက်လုပ်ရေးကုမ္ပဏီတချို့က အကျိုးတူပူးပေါင်းဆောက်လုပ်ပြီး ရရှိတဲ့အခန်းတွေကို ရောင်းချမှုတွေပြုလုပ်တာဖြစ်ပါတယ်။

ကြိုပွိုင့်တိုက်ခန်းတွေ အရောင်းအ၀ယ် အေးလာတာတွေကြောင့် နောက်ပိုင်းကန်ထရိုက်တိုက် ဆောက်လုပ်မှုလည်း လျော့နည်းလာနိုင်ပါတယ်။

Credit : Kumudra

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ

ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ

Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service