မန္တလေးမြို့တွင် ၀န် ထမ်းအိမ်ရာအခန်းပေါင်း တစ် သောင်းကျော်လိုအပ်နေဆဲဖြစ် ကြောင်း တိုင်းဒေသကြီးမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ သတင်းရရှိသည်။
မန္တလေးမြို့တွင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ တည် ဆောက်ပေးထားသည့် ၀န်ထမ်း အိမ်ရာစုစုပေါင်း တစ်ထောင် ကျော်သာရှိနေသည့်အတွက် မြို့ တွင်းနေထိုင်နေသည့် ဌာနဆိုင်ရာ အသီးသီးမှ ၀န်ထမ်းပေါင်းတစ် သောင်းကျော်အတွက် အိမ်ရာအ ရေအတွက် အချိုးမှာမမျှတဘဲဖြစ် နေပြီး ၀န်ထမ်းအိမ်ရာအခန်း ပေါင်းတစ်သောင်းကျော်လိုအပ် နေဆဲဖြစ်ကြောင်း ယင်းဌာနမှ တိုင်းဒေသကြီးဦးစီးမှူးဦးကျော် ကျော်လင်းကပြောသည်။
‘‘သက်ဆိုင်ရာဌာနတွေက လည်း တည်ဆောက်ကြဦးမှာနဲ့ဆို တော့ ငါးနှစ်အတွင်းမှာတော့ ၀န် ထမ်းတွေအားလုံးအတွက် ပြည့်မီ သွားနိုင်မယ်လို့ ခန့်မှန်းတယ်’’ဟု ဦးကျော်ကျော်လင်းက ပြော သည်။ မန္တလေးမြို့တွင် တစ်နှစ်ထက်တစ်နှစ် အိမ်ငှားစရိတ်များ ကြီးမြင့်လာသောကြောင့်အစိုးရ ၀န်ထမ်းတစ်ဦးအနေဖြင့် ၀န်ထမ်း အိမ်ရာအခန်းမရပါကအဆင်မ ပြေကြောင်း နန်းရှေ့ရပ်တွင်အိမ် ငှားနေထိုင်သူအလယ်တန်းပြဆ ရာမတစ်ဦးကပြောသည်။
‘‘ဆရာမလုပ်စကတည်းက ၀န်ထမ်းအိမ်ရာလျှောက်ခဲ့တာ။ အခုပင်စင်ယူဖို့ ငါးနှစ်ပဲလိုတော့ တယ်။ အိမ်ငှားလခပြည့်တော့ မယ့်အချိန်တွေဆိုရင် ရင်မောနေ ရတယ်’’ဟု ၎င်းကပြောသည်။
မန္တလေးမြို့အတွင်း အိုး အိမ်ဦးစီးဌာနမှ တည်ဆောက်ပေး ထားသည့် ၀န်ထမ်းအိမ်ရာစခန်း သုံးခုရှိပြီး ၀န်ထမ်းတစ်ထောင်ခန့် အား နေရာပေးထားသည်။ မန္တလေးမြို့မှအပ တိုင်းဒေသကြီး အတွင်းရှိ ကျန်ခရိုင်ခြောက်ခုတွင် လည်း ၀န်ထမ်းများအတွက် အိမ် ခန်းပေါင်းတစ်ထောင်ကျော်ခန့် သာရှိနေပြီး အိမ်ခန်းစုစုပေါင်း တစ်သောင်းကျော်ခန့်လိုအပ်နေ ဆဲဖြစ်ကြောင်း ၎င်းကဆိုသည်။
မန္တလေးမြို့တွင် အခြေချအ လုပ်လုပ်နေသော်လည်း ကိုယ်ပိုင် အိမ်မရှိသေးသူများအတွက် ရည် ရွယ်၍ အခန်းပေါင်းလေးရာ ကျော်ပါဝင်သည့် တန်ဖိုးမျှတအိမ် ရာစီမံကိန်းတစ်ခုကို တိုင်းဒေသ ကြီးမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနကတည်ဆောက်ပေးနေ သည်။
Credit: 7 Day Daily