လှိုင်သာယာရွှေလင်ပန်း တန်ဖိုးနည်း အိမ်ရာတိုက်ခန်းငါး ရာကျော် မဲနှိုက်ရောင်းချခဲ့ရာ လျှောက်ထားသူ ခုနစ်သောင်းခန့် ရှိခဲ့ကြောင်း သတင်းရရှိသည်။
ယင်းတိုက်ခန်းများ ၀ယ်ယူ ခွင့်လျှောက်လွှာများကို ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့အစီ အစဉ်ဖြင့် ဇူလိုင်က စတင်ခေါ်ယူ ခဲ့ခြင်းဖြစ်ပြီး ၀ယ်ယူရန် စိတ်ဝင် စားမှု မြင့်တက်ခဲ့သည်။
‘‘အရင်ရောင်းချခဲ့တဲ့ အိမ်ရာဈေးနှုန်းတွေထက်စာရင် ရွှေလင်ပန်းအိမ်ရာက ဈေးလည်းသက်သာတဲ့အတွက် လျှောက်တဲ့ အရေအတွက်ကလည်း တော်တော်များတယ်။ အရေအတွက်များလို့လည်း လျှောက်လွှာတွေ စိစစ်ဖို့ အချိန်တော်တော်ယူခဲ့ရတယ်။ စုစုပေါင်းလျှောက်ထားတဲ့ အရေအတွက် ခုနစ်သောင်းလောက်ရှိတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေးမှူးရုံးညွှန်ကြားရေးမှူး ဦးနေ၀င်းအောင်က ပြောသည်။
ရွှေလင်ပန်းအိမ်ရာ တိုက် ခန်းဈေးမှာ အနည်းဆုံးကျပ်သိန်း ၁၁၀ မှ အများဆုံးကျပ် ၁၂၅ သိန်းထိသာရှိခဲ့ပြီး လေးနှစ်ကြာ အရစ်ကျပေးသွင်း ၀ယ်ယူနိုင်သောကြောင့် စိတ်ဝင်စားမှုများနေခဲ့ခြင်းဖြစ်သည်ဟု တိုက်ခန်းဝယ်ယူခွင့်လျှောက်ထားသူများက ပြောသည်။
တိုက်ခန်းဝယ်ယူခွင့်အ တွက် အစိုးရ၀န်ထမ်းလုပ်သက် နှစ်၂၀အထက်ရှိသူ နှစ်သောင်းကျော် လျှောက်ထားမှုအတွက် တိုက်ခန်း ၂၂၆ ခန်း မဲနှိုက်ရွေးချယ်ပေးခဲ့ပြီး အများပြည်သူများ လေးသောင်းကျော် လျှောက်ထားမှုအတွက် တိုက်ခန်း ၂၇၈ ခန်းကိုနိုဝင်ဘာ ၃၀ ရက်တွင် မဲနှိုက်ရွေးချယ်ပေးခဲ့သည်။
တိုက်ခန်း ၀ယ်ယူခွင့် လျှောက်ထားရာတွင် အချို့မှာ တစ်ဦးတည်း လျှောက်လွှာသုံး စောင်ခန့်ဖြင့် လျှောက်ထားမှုများ ရှိခဲ့သဖြင့် လျှောက်လွှာစိစစ်ရာတွင် ကွန်ပျူတာဆော့ဖ်ဝဲအသစ်ရေး၍ တစ်စောင်ထက်ပိုသော လျှောက်လွှာများကို ပယ်ချခဲ့ရမှုများ ရှိခဲ့သည်။
‘‘တစ်ယောက်တည်းကို သုံး လေးစောင်နဲ့ အလုပ်အကိုင် ကွဲ လွဲဖော်ပြလျှောက်ထားလာခဲ့တဲ့ လျှောက်လွှာစောင်ရေ ငါးရာ လောက်ကို ပယ်ချခဲ့ရတယ်။ သူ က သုံးစောင်လျှောက်တယ်ဆို နှစ်စောင်ပယ်ပြီး တစ်စောင်တော့ စာရင်းထဲထည့်ပေးပါတယ်’’ ဟု ဦးနေ၀င်းအောင်က ပြောသည်။
ထိုသို့လျှောက်ထားမှု အရေ အတွက် များပြားရခြင်းမှာ တိုင်း ဒေသကြီး အစိုးရအဖွဲ့အစီအစဉ် ဖြင့် ရောင်းချခဲ့ပြီးသည့် တိုက်ခန်း များထက် ဈေးသက်သာနေသော ကြောင့်ဟု ဆိုနိုင်သော်လည်း အခြေခံလူတန်းစားများ လက် လှမ်းမီဝယ်ယူနိုင်သည့် အဆင့် မဟုတ်သေးကြောင်း တန်ဖိုးနည်း တိုက်ခန်းဝယ်ယူခွင့်ရရှိရေး စိတ် ၀င်တစား စောင့်မျှော်နေသူများ က ပြောကြားသည်။ မကြာမီက ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီမှ ဆောက်လုပ် ရောင်းချခဲ့သော ဗိုလ်ဗထူးနှင့် ဗိုလ်မင်းရောင် အိမ်ရာများ၏ တိုက်ခန်းဈေးနှုန်းမှာ ကျပ်သိန်းနှစ်ရာမှ ကျပ်သိန်းသုံးရာနီးပါးရှိခဲ့သည်။
‘‘ဒီဈေးနှုန်းကတော့ များနေ သေးတယ်လို့ ထင်တယ်။ ကျပ် သိန်းတစ်ရာအောက် ထပ်ချပြီး ရောင်းပေးဖို့ အခက်အခဲရှိရင် နှစ် ကာလရှည်အရစ်ကျပေးသွင်း ၀ယ်ယူနိုင်အောင် စီစဉ်ပေးရင် ၀င်ငွေနည်း ပြည်သူတွေအတွက် အဆင်ပြေမယ်’’ဟု ရွှေလင်ပန်း အိမ်ရာရောင်းချမှုနှင့်ပတ်သက် ၍ သာကေတမြို့နယ်နေ ဒေါ်ကေ သီစိုးက ပြောသည်။
တိုက်ခန်းဝယ်ယူခွင့် မဲ ပေါက်ထားသူ ဒဂုံမြို့သစ်မြောက် ပိုင်း အ.မ.က(၂၁) ကျောင်းအုပ် ဦးမောင်မောင်မြင့်က ကိုယ်ပိုင် တိုက်ခန်းဝယ်ယူခွင့်ရ၍ ၀မ်းသာ သော်လည်း ၀န်ထမ်းလစာငွေဖြင့် ပေးသွင်းဝယ်ယူရန် အခက်အခဲ ရှိနေသည်ဟု ပြောသည်။
‘‘၀န်ထမ်းဆိုတော့ စုဆောင်းငွေက သိပ်မရှိဘူး။ မိဘတွေ လက်ထက်ကပေးခဲ့တဲ့ လက်စွပ်၊နားကပ်တွေ ထုခွဲရောင်းပြီးတော့ လစဉ်ကျသင့်ငွေ ပေးသွင်းသွားရ မှာပဲ’’ဟု ၎င်းကပြောသည်။
အဆိုပါ တိုက်ခန်းကို အရစ် ကျလေးလ အပြီးပေးသွင်းစနစ် နှင့် ဘဏ်ချေးငွေဖြင့် အရစ်ကျ လေးနှစ်ပေးသွင်း စနစ်တို့ဖြင့် ရောင်းချခြင်းဖြစ်ကာ ၀ယ်ယူခွင့်ရရှိထားသူက ငါးနှစ်အတွင်း ငှားရမ်းခြင်း၊ တစ်ဆင့်ပြန်လည် ရောင်းချခြင်း မပြုလုပ်ရန် ထိန်းချုပ်ထားသည်။
ဝယ်ယူခွင့်ရရှိသည့် မဲပေါက်သူများ စာရင်းကို သီတင်းနှစ်ပတ်အတွင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ အိုးအိမ်ရုံးတွင်ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်ပြီး စာချုပ်ချုပ်ခြင်း၊ငွေပေးသွင်းခြင်းများကိုလည်း ယင်းရုံးနှင့်ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်သည်။တိုက်ခန်း ၅၇၆ခန်းစလုံးမှာ ဆောက်လုပ်ပြီးပြီဖြစ်သည်။
ယခုအကြိမ် မဲမပေါက်ဘဲ ကျန်ခဲ့သူများကို နောင်ရောင်းချ မည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်း များအတွက် စဉ်းစားပေးသွားမည် ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံးတာဝန်ရှိသူတစ်ဦးက ပြောသည်။ ရန်ကုန်တိုင်းဒေသကြီး တွင် ယခုဘဏ္ဍာနှစ်အတွင်း တန်ဖိုးနည်းနှင့် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းငါးခုထက်မနည်း အ ကောင်အထည်ဖော်သွားရန် ရှိနေ သည်ဟု မြို့တော်ဝန်ဦးလှမြင့်က ထုတ်ဖော်ပြောကြားထားသည်။
Credit: 7 Day Daily