ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန် ပြင်ဆင်ရေး ဇုန်နယ်မြေကျဉ်းရန် စဉ်းစားနေ

ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန် ပြင်ဆင်ရေး ဇုန်နယ်မြေကျဉ်းရန် စဉ်းစားနေ - Property News in Myanmar from iMyanmarHouse.com
30 Nov 2014 12:17 pm တွင် တင်ခဲ့သည်
906 ကြိမ် ကြည့်ရှု့ပြီး
ပုဂံရှေးဟောင်းယဉ် ကျေးမှုဇုန်သတ်မှတ်မှုကို ပြန်လည်ပြင်ဆင်ရန်နှင့် သတ်မှတ် ထားသည့် ရှေးဟောင်းယဉ်ကျေး မှုဇုန် ဧရိယာကိုကျဉ်းရန် စဉ်းစား တိုင်ပင်နေကြောင်း သတင်းရရှိ သည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု ဇုန်ဧရိယာသည် ၁၇,၉၇၀ ဧကကျယ်ဝန်းသည်။ အဆိုပါ ဧရိယာနယ်နိမိတ်ကို အေဇက် (ArchaeologicalZone) ရှေးဟောင်းသုတေသနဆိုင်ရာဇုန်၊ အမ်ဇက်( Monument Zone)အထိမ်းအမှတ်နယ်မြေဇုန်၊ ပီဇက်(Protected Zone) ကာကွယ်ရေး နယ်မြေဇုန်စသည့် ဇုန်သုံးဇုန်ဖြင့် ဖွဲ့စည်းထားသည်။ ဧရိယာကျယ် ၀န်းသော ပုဂံရှေးဟောင်းယဉ် ကျေးမှုဇုန်ကိုကျဉ်းမြောင်းရန်ယူနက်စကို ပညာရှင်များ၊ ရှေး ဟောင်းသုတေသနပညာရှင်များနှင့် ဒေသခံများ စတင်ဆွေးနွေးတိုင်ပင်နေကြခြင်း ဖြစ်သည်။

ပုဂံရှေးဟောင်းနယ်တွင် သမိုင်းဝင်စေတီပုထိုးကြီးများ ရှိ သည့်နေရာကိုအမ်ဇက်(MZ)ဇုန်အဖြစ်သတ်မှတ်ထားပြီး ရှေးဟောင်းသုတေသနဆိုင်ရာပုဂံမြို့နှင့် ညောင်ဦးမြို့တည်ရှိသော ဇုန်ကို အေဇက်(AZ) ဇုန်ဟု သတ် မှတ်ကာ ထိုနှစ်ကို ထိန်းသိမ်းရန် ကာကွယ်ထားသော ဇုန်ကို ပီဇက်(PZ) ဇုန်ဟု သတ်မှတ်ထားခြင်း ဖြစ်သည်။

ပုဂံမြို့နှင့် ညောင်ဦးမြို့တည်ရှိသော အေဇက်(AZ) ဇုန် ကို ပီဇက်(PZ)ဇုန်အတွင်းသို့ ပြောင်းထားရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ထိုသို့ပြောင်းလဲပြီးပါကဇုန်များအတည်ပြုသတ်မှတ် နိုင်မည်ဖြစ်ကြောင်းယဉ်ကျေးမှုဦးစီးဌာန၊ ရှေးဟောင်းသုတေသ နနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးသိန်းလွင် က ပြောသည်။

‘‘ဇုန်ကျဉ်းဖို့အတွက်ယူနက်စကိုကတာဝန်ရှိသူတွေရော၊ ဒေသခံတွေရော ဆွေးနွေးတိုင်ပင် နေကြပါတယ်။ကျဉ်းမယ်ဆိုရင်လည်းပီဇက်(PZ)ဇုန်ကိုပဲကျဉ်းလို့ရမယ်။တခြားဟာတွေတော့ သွားထိလို့ မရဘူး။ ဆွေးနွေးနေ ဆဲပါ။ ကျဉ်းဖို့ရာက ဘယ် လောက်အတိုင်းအတာထိကျဉ်းမယ်ဆိုတာမသိသေးပါဘူး။ဒါကလည်း ဆွေးနွေးဆဲပါပဲ’’ဟုပုဂံ ရှေးဟောင်းသုတေသနဦးစီးဌာန ဒုညွှန်ကြားရေးမှူး ဦးမျိုးဦးက ပြောသည်။

‘‘နိုဝင်ဘာ ၁ ရက်က ရန်ကုန်မှာလုပ်တဲ့ ဆွေးနွေးပွဲမှာလည်း ဇုန်ပြောင်းလဲဖို့ရာတွေ ဆွေးနွေးပါတယ်။ အေဇက်(AZ)ဇုန်ကိုပီဇက်(PZ)ဇုန်ထဲထည့်သွင်းဖို့ရာအတွက်ပါ။ဒါတွေက ကောင်းမယ်ထင်လို့ လုပ်ကြတာပါ။ ယူနက်စကို မ၀င်တာက ဇုန်ဧရိယာကျယ်နေတယ်လို့လည်း ပြောနေကြတယ်။ ဇုန်ကျဉ်းဖို့ရာလည်း ဆွေးနွေးနေကြပါတယ်။ဘယ်လိုဆုံးဖြတ်ချက်တွေထွက်လာမလဲဆိုတာမသိသေးပါဘူး’’ဟု မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း(ပုဂံဟိုတယ်ဇုန်)အတွင်းရေးမှူး ဦးဇော်ဝိတ်က ပြောသည်။

ပုဂံဒေသကို ကမ္ဘာ့အမွေအ နှစ် စာရင်းဝင်နိုင်ရန် ယင်းဒေသ ၌ ခြောက်လအတွင်းအဆောက်အအုံများမတည်ဆောက်ရန်၊ တုရင်တောင်ဒေသကို ရှေးဟောင်း အမွေအနှစ်ဇုန်အဖြစ် သတ်မှတ်ရန်နှင့်မြို့ကို မြင်းခြံဘက်သို့တိုးချဲ့ရန်ယူနက်စကိုပညာရှင်များက အကြံပြုထားသည်။

Credit : 7Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း

ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းများ ပျောက်ဆုံးနေသော ပါမစ်မြေအား ဂရန်(မြေငှားစာချုပ်) လျှောက်ထားလိုလျှင် သိရှိရမည့်အ

သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ

စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

ကလေးဘဝက ကျောင်းတွင် အနိုင်ကျင့် bully လုပ်ခံခဲ့ရသူ Joshua Van ၏ ဘဝခရီး

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ

Myanmar's No. 1 Car Portal
Myanmar's No. 1 C2C E-commerce Portal

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service