ရန်ကုန်တွင် ကွန်ဒိုတည်ဆောက်မှု သမိုင်းတစ်လျှောက် အများဆုံးစံချိန်တင်

ရန်ကုန်တွင် ကွန်ဒိုတည်ဆောက်မှု သမိုင်းတစ်လျှောက် အများဆုံးစံချိန်တင် - Property News in Myanmar from iMyanmarHouse.com
29 Nov 2014 12:43 pm တွင် တင်ခဲ့သည်
1902 ကြိမ် ကြည့်ရှု့ပြီး
ပြည်တွင်းဆောက်လုပ်ရေးသမိုင်းတစ်လျှောက် ရန်ကုန်မြို့တွင် ကွန်ဒိုတည်ဆောက်မှုမှာ ယခုနှစ်သည် အများဆုံးဖြစ်ခဲ့ပြီး ဈေးကွက်၌ ရောင်းလိုအားများ၍ ၀ယ်လိုအားနည်းနေသော အခြေအနေကို ကြုံတွေ့နေပြီဖြစ်ကြောင်း ပညာရှင်များနှင့် စီးပွားရေး လုပ် ငန်းရှင်များက ပြောကြသည်။

ရန်ကုန်မြို့တွင် အဆောက် အအုံတည်ဆောက်ခွင့် ပါမစ်ချ ထားပေးမှုမှာ ၂၀၁၄ ဇန်န၀ါရီမှ အောက်တိုဘာအထိ အဆောက် အအုံပေါင်း ၄,၅၀၀ ခန့်ရှိသည်။ ယင်းအထဲတွင် ကွန်ဒိုတိုက်ခန်း ပေါင်း ၁၂၀၀ ကျော်ပါဝင်ကြောင်း ရန်ကုန်မြို့တော်စည်ပင်မှ သ တင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်တွင် အင်ဂျင်နီယာနှင့် အဆောက်အအုံဌာနမှ အထပ်နိမ့်၊ အထပ်မြင့် အဆောက်အအုံများအပါအ၀င် စုစုပေါင်း အလုံးရေ ၄,၀၈၅ လုံး ခွင့်ပြုပေးခဲ့သည်။

ထို့အပြင် ၂၀၁၄ ဒုတိယနှစ် ၀က်အတွင်း ကွန်ဒိုမီနီယံ တိုက် ခန်းသစ် ၁,၁၀၀ ကျော် တည် ဆောက်ပြီးစီးနိုင်ပြီး သုံးနှစ်အတွင်း ရန်ကုန်မြို့၌ အဆင့်မြင့် လူနေ တိုက်ခန်း လေးဆကျော်တိုးပွား လာနိုင်ကြောင်း ဗြိတိန်အခြေစိုက် ကုမ္ပဏီခွဲတစ်ခု ဖြစ်သည့် Fron-tier Myanmar စစ်တမ်းတွင် ဖော်ပြထားသည်။

‘‘နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ တွေကလည်း မ၀င်၊ ပြည်တွင်းက လည်းမ၀ယ်နိုင်တော့ ဈေးကွက် က အဆုံးသတ်တော့မှာပါ’’ ဟု Three Friends ဆောက်လုပ်ရေး ကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးကိုကိုလေးကပြောသည်။

အိမ်ခြံမြေ ဈေးကွက်တွင် တရားမ၀င်ငွေမည်းများ ၀င်ရောက်နေသည်ကို စောင့်ကြည့်မည့် အစီအစဉ်စတင်လိုက်ခြင်း၊ အမေရိကန်ဒေါ်လာတန်ဖိုး တစ်ရှိန်ထိုး မြင့်တက်လာခြင်းတို့ကြောင့် တန်ဖိုးကြီး ကွန်ဒိုတိုက်ခန်းများကို လူအများ ၀ယ်ယူမှု လျော့ကျလာသည်ဟု အိမ်ခြံမြေအကျိုးဆောင်များကပြောကြားသည်။

‘‘တိုက်ခန်းတွေကတော့ အရောင်းအ၀ယ်တွေရှိတယ်။ ကွန်ဒိုတွေကတော့ အ၀ယ်နည်းသွားပြီ’’ဟု မြန်မာနိုင်ငံအိမ်ခြံမြေ ၀န်ဆောင်မှုလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးသန်းဦးက ပြောကြားသည်။

လက်ရှိ သာမန် တိုက်ခန်း များ ဆောက်လုပ်မှုသည် ရန်ကုန် မြို့တွင်းပိုင်း ဧရိယာတွင် မြေဈေး ကြီးမှုကြောင့် သာကေတ၊ အင်း စိန်၊ ဒေါပုံစသော မြို့ပြင်ဧရိယာ ၌ တည်ဆောက်မှုများကို ပိုမိုပြု လုပ်လာသည်။

လက်ရှိ တိုက်ခန်းတည် ဆောက်မှုသည် မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် ၁၉၉၉ က ဆောက် လုပ်ရေးလုပ်ငန်းများ အားကောင်းခဲ့သည့် နှစ်ထက် တည်ဆောက် မှု များပြားနေပြီး စီးပွားရေး လုပ်ငန်း ရှင်များက အမြတ်ရရေးအတွက် သာ ဦးစားပေးပြီး အဆင့်မြင့်ကွန်ဒိုတိုက်ခန်းများကို ဦးစားပေး တည်ဆောက်နေကြပြီး တန်ဖိုး သင့်တင့်၊ တန်ဖိုးမျှတအိမ်ရာများ အတွက် ထည့်သွင်းမစဉ်းစားပေး တော့ကြောင်း မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးမှုဦးစီးဌာန အငြိမ်းစား ညွှန်ကြားရေးမှူး ဦးမြင့်ဆွေက ပြောသည်။

ထို့အပြင် ယခုနှစ်ပိုင်းအ တွင်း ဆောက်လုပ်ရေးလုပ်ငန်း များ အားကောင်းလာသောကြောင့် အခြားနယ်ပယ်မှ လုပ်ငန်းရှင်များ ဆောက်လုပ်ရေးလောကသို့ ၀င်ရောက်မှုများလာသည်။

ကွန်ဒိုတိုက်ခန်းများ အရေ အတွက်မှာ တစ်နှစ်ထက် တစ်နှစ်ဦးစားပေး တည်ဆောက်လာ၍ လာ မည့်နှစ် အနည်းငယ်အတွင်း အ ခန်းအရေအတွက်အများအပြား ထွက်ပေါ်လာနိုင်ပြီး ၀ယ်လိုအား လျော့နည်းနိုင်ကြောင်း ဂန္ထ၀င် ဗိသုကာ ဆောက်လုပ်ရေး လုပ် ငန်းရှင် ဦးဖေသန်းထိုက်က ပြော သည်။

‘‘မြေက လမ်းမပေါ် အချက် အချာကျမယ်။ ပေလည်း တော် တော်ကျယ်မယ်ဆိုရင် ကားပါကင်လေးထည့်ပြီး မီနီကွန်ဒိုဆောက်မယ်လို့ စည်ပင်ကို ဆောက်လုပ်ခွင့် တင်လိုက်ကြတာ များတယ်။ ကွန်ဒိုလော မထွက်ခင် အသည်းအသန် လိုက်ဆောက်နေကြတယ်’’ဟု မြမြင့်မိုရ်ဆောက်လုပ်ရေးလုပ်ငန်းရှင်ဦးမြင့်စိုးက ပြောသည်။

အချို့သောလုပ်ငန်းရှင်များ က ကွန်ဒိုဈေးကွက်မှာ ရောင်းလို အားနှင့် ၀ယ်လိုအား မမျှတဘဲ ဈေးကျနိုင်သည်ဟု ပြောကြားခဲ့ သော်လည်း အချို့သော စီးပွား ရေးပညာရှင်များက လွယ်လွယ် ကူကူနှင့် ဈေးကွက်မှာ မပေါက် ကွဲနိုင်ကြောင်း ထောက်ပြပြော ကြားကြသည်။

‘‘နိုင်ငံတကာမှာ အိမ်ခြံမြေ ပူဖောင်းပေါက်တယ်ဆိုတာ အစိုး ရက တည်ဆောက်သူတွေ၊ အိမ် ၀ယ်မယ့်သူတွေကို ငွေချေးတယ်။ အချိန်တန်လို့ ငွေပြန်မဆပ်နိုင် တော့ ရတဲ့ဈေးနဲ့ ထုတ်ရောင်းကြ တယ်။ ဒါကြောင့် အိမ်ခြံမြေပူ ဖောင်းပေါက်တယ်လို့ ပြောကြ တယ်’’ဟု စီးပွားရေးပညာရှင် ဦး ခင်မောင်ညို(ဘောဂဗေဒ)က ဆို သည်။

သို့သော် လက်ရှိမြန်မာနိုင်ငံ တွင် အိမ်ခြံမြေအရောင်းအ၀ယ် ပြုလုပ်သူ ဆောက်လုပ်ရေးလုပ် ငန်းရှင်များမှာ အစိုးရထံမှ ချေးငွေ ယူတည်ဆောက်ခြင်း မဟုတ်ဘဲ မိမိကိုယ်ပိုင်ငွေဖြင့် တည်ဆောက် ခြင်းကြောင့် ချေးငွေ ပြန်ဆပ်ရ မည့် အခြေအနေမျိုး မဖြစ်နိုင် ကြောင်း အထက်ပါပညာရှင်က ပြောသည်။

နိုင်ငံတစ်နိုင်ငံတွင် အိမ်ခြံ မြေကဲ့သို့ စီးပွားရေးတစ်ခုတည်းသာ ကောင်းမွန်နေပြီး ရင်းနှီးမြှုပ်နှံသူများပြားနေပါက ရေရှည်တွင် အဆိုပါနိုင်ငံများမှာ စီးပွားရေး ကပ်ဆိုက်လေ့ရှိသည်ဟု ကမ္ဘာ့ နိုင်ငံ အချို့နှင့် ယှဉ်ပြီး Finicial Times သတင်းစာ စီးပွားရေး အယ်ဒီတာ ဂရေဟမ်ပူးလ်က သုံး သပ်သည်။

လက်ရှိတွင် ဆောက်လုပ် ရေးလုပ်ငန်းသို့ ကားဝယ်ရောင်း ပြုလုပ်သူ၊ သတ္တုတူးဖော်ရေးလုပ် ကိုင်သူ စိန်ရွှေရတနာလုပ်ငန်း များ အရောင်းအ၀ယ်ပြုလုပ်သူ အစရှိသော ဘက်ပေါင်းစုံမှ စီးပွား ရေးလုပ်ငန်းရှင်များက အမြတ်ရ လွယ်သော ကွန်ဒိုတိုက်ခန်း တည် ဆောက်မှုများသို့ တိုးဝင်ရင်းနှီး မြှုပ်နှံလာကြသည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များကပြောသည်။

တည်ဆောက်လိုသူ ပမာဏ သာ များပြားနေပြီး ပြည်တွင်းဝယ် လိုအားနည်းပါးလာသည့် ကွန်ဒို တိုက်ခန်းဈေးကွက်သည် ၂၀၁၅ ရွေးကောက်ပွဲ အလွန်တွင် ၀င် ရောက်လာမည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံသူများကိုသာ မျှော်လင့်ရ ဖွယ်ရှိသည်။


Credit: 7 Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service