ဒဂုံမြို့သစ် လေးမြို့နယ်ရှိ မြို့ပြစီမံကိန်းအကောင်အထည်ဖော်ရန်ကျန်ရှိသည့် မြေဧက ၁၆၀၀၀ ပေါ်တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ၍ မြို့ပြစီမံကိန်းအကောင်အထည်ဖော်မည်

ဒဂုံမြို့သစ် လေးမြို့နယ်ရှိ မြို့ပြစီမံကိန်းအကောင်အထည်ဖော်ရန်ကျန်ရှိသည့် မြေဧက ၁၆၀၀၀ ပေါ်တွင် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ၍ မြို့ပြစီမံကိန်းအကောင်အထည်ဖော်မည် - Property News in Myanmar from iMyanmarHouse.com
25 Nov 2014 11:11 am တွင် တင်ခဲ့သည်
1859 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့ ဒဂုံမြို့သစ်လေးမြို့နယ်ရှိ မြို့ပြစီမံကိန်းအကောင်အထည်ဖော်ရန်ကျန်ရှိခဲ့သည့် မြေဧက ၁၆၀၀၀ ပေါ်လာမည့် ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် မြို့ပြစီမံကိန်းများစတင်အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ မြို့ ပြစီမံကိန်းရေးဆွဲခြင်းနှင့် မြို့ပြမြေစီမံခန့်ခွဲမှုအကြံပေး ဦးသန်းကပြောကြားသည်။

အဆိုပါမြေဧက ၁၆၀၀၀ မှာ ယခင်ဒဂုံမြို့သစ်လေးမြို့နယ် စတင်အကောင်အထည်ဖော်စဉ်ကတည်းက လယ်ယာမြေကို မြို့ပြစီမံကိန်းမြေအဖြစ်ပြောင်းလဲထားပြီးဖြစ်ကြောင်းနှင့် ထိုစဉ်ကအကောင်အထည်ဖော်ရန် ကျန်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) တို့ပူးပေါင်းအကောင်အထည်ဖော်နေသည့် "မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေးမဟာဗျူဟာစီမံကိန်း" တွင်လည်း ယင်းသို့အကောင်အထည်ဖော်ရန် သတ်မှတ်ထားခြင်းဖြစ်သည်။

"မြေကတော့ လန ၃၉ ကျပြီးသား။ မြေအမျိုးအစားကတော့ မြို့ပြစီမံကိန်းမြေဖြစ်တယ်။ အခုလောလောဆယ် အဲဒီနေရာမှာ လယ်သမားတွေလယ်စိုက်နေတယ်။ အကယ်၍ ဒါကိုအကောင်အထည်ဖော်ရင် လယ်သမားတွေကို ကာလပေါက်ဈေးနဲ့ နစ်နာကြေးပြန်ပေးရမှာပါ။ တစ်ချိန်တုန်းက ဒဂုံမြို့သစ်လေးမြို့နယ်တိုးချဲ့ဖို့ လုပ်ကတည်းက မြေအမျိုးအစားပြောင်းပြီးသား။ အကောင်အထည်မဖော်နိုင်သေးတဲ့အတွက် စပါးစိုက်နေတာ။ မကြာမီ ၂၀၁၅-၂၀၁၆ မှာ ဒီစီမံကိန်းကိုစလုပ်ပါတော့မယ်" ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအကြံပေး ဦးသန်းကဆိုသည်။

အဆိုပါစီမံကိန်းကို ကနဦးအနေဖြင့် ငမိုးရိပ်ချောင်းကြားနှင့် အမှတ်(၂) လမ်းမကြီးအကြားရှိမြေများတွင်ပြုလုပ်မည်ဖြစ်ပြီး ယင်းမြေများမှာ ဒဂုံမြို့သစ်အရှေ့ပိုင်းနှင့် မြောက်ပိုင်းမြို့နယ်အတွင်းရှိမြေများပါဝင်ကြောင်း၊ အဆိုပါနေရာများ စီးပွားရေးဧရိယာများ၊ လူနေဧရိယာများလည်းပါဝင်ကြောင်း သိရသည်။

"အဓိကတော့ လူနေသိပ်သည်းမှုနည်းပါးတဲ့မြို့နယ်တွေမှာ လူနေသိပ်သည်းမှုကိုမြှင့်တင်ဖို့ပါ။ အဲဒီစီမံကိန်းနယ်မြေထဲမှာပါဝင်တဲ့ လေးထောင့်ကန်ဘူတာဆိုရင် နောက်ပိုင်းမှာ ဘူတာအကြီးကြီးဖြစ်လာမယ်။ အဲဒီဘူတာကနေဖြန့်ကြက်ပြီး အနီးတစ်ဝိုက်မှာ Commercial ဧရိယာ၊ အဝေးပြေးကားဂိတ်တွေအထိလုပ်ဖို့ ရည်မှန်းထားပါတယ်" ဟု ဦးသန်းက ဆက်လက်ပြောကြားသည်။

"မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး မဟာဗျူ ဟာစီမံကိန်း" သည် လာမည့် ၂၀၄၀ ခုနှစ်အား မျှော်မှန်းရေးဆွဲထားခြင်းဖြစ်ပြီး တိုးပွားလာမည့်လူဦးရေများအတွက် ပထမဦးစားပေးအနေဖြင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်နှင့်ဆက်စပ်သည့် သန်လျင်မြို့နယ်၊ ဒုတိယဦးစားပေးအနေဖြင့် ဒလမြို့နယ်များကို လူနေသိပ်သည်းလာအောင် မြို့ပြစီမံကိန်းအကောင်အထည်ဖော်ရန်ရည်မှန်းထားပြီး လူနေသိပ်သည်းနေသေးသည့် လှည်းကူး၊ ရွှေပြည်သာစသည့်နေရာများကိုလည်းပါဝင်ကြောင်း ဦးသန်းကဆက်လက်ပြောကြားသည်။

ရန်ကုန်မြို့တော်၏ တိုးပွားလာမည့်လူဦးရေအတွက် စီမံကိန်းချရာတွင် မြို့သစ်စီမံကိန်းများပြုလုပ်ခြင်းထက် ဖော်ထုတ်ပြီးဖြစ်သော လူနေသိပ်သည်းမှုနည်းပါးနေသေးသည့် ဒဂုံမြို့သစ်၊ ရွှေပြည်သာစသည့်မြို့နယ်များတွင် အခြေခံအဆောက်အအုံများ၊ အခြားလိုအပ်ချက်များကို မြှင့်တင်ပေးခြင်းသာ ဖြေရှင်းသင့်ကြောင့် ဦးသန်းကမှတ်ချက်ပေးသည်။

ရန်ကုန်မြို့၏ တိုးပွားလာသည့်လူဦးရေအရ မြို့ဧရိယာကိုတိုးချဲ့ရန် ရန်ကုန်မြို့သစ်စီမံကိန်းကို ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တို၊ တွံတေးစသည့် ခန့်မှန်းဧက ၂၅၀၀၀ တွင် အကောင်အထည်ဖော်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အကောင်အထည်ဖော်ရန်စီစဉ်ခဲ့သော်လည်း စီမံကိန်း၏အားနည်းချက်များကြောင့် အဘက်ဘက်မှဝေဖန်မှုများစွာကြုံ တွေ့ခဲ့ရပြီး စီမံကိန်းကိုရပ်ဆိုင်းထားခဲ့ရသည်။

Credit: Eleven media group

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
Magical World Apartment
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service