တစ်လကျပ်သုံးသောင်းသွင်းအိမ်ရာစီမံကိန်း ကြပ်မတ်စစ်ဆေးရန် အစိုးရတွင်တာဝန်ရှိ

တစ်လကျပ်သုံးသောင်းသွင်းအိမ်ရာစီမံကိန်း ကြပ်မတ်စစ်ဆေးရန် အစိုးရတွင်တာဝန်ရှိ - Property News in Myanmar from iMyanmarHouse.com
25 Nov 2014 10:59 am တွင် တင်ခဲ့သည်
1212 ကြိမ် ကြည့်ရှု့ပြီး
တစ်လလျှင် ကျပ်သုံး သောင်းသွင်းစနစ်ဖြင့် တည် ဆောက်အကောင်အထည်ဖော် မည်ဆိုသည့် အိမ်ရာစီမံကိန်း အတွက် သက်ဆိုင်ရာကုမ္ပဏီက ငွေကြေး ကောက်ခံမည့်အပေါ် အစိုးရက စစ်ဆေးကြပ်မတ်ရန် တာဝန်ရှိကြောင်း ပညာရှင်များ နှင့် စောင့်ကြည့်သူများက ထောက်ပြသတိပေးပြောကြားသည်။

အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်မည်ဟု Royal Summit ကုမ္ပဏီက ဧပြီလကတည်းက ကြေညာထားခြင်း ဖြစ်ပြီးဝယ်ယူလိုသူများ၏ လျှောက်လွှာများကို အောက်တို ဘာလကုန်အထိ တောင်းခံခဲ့သည်။ ထို့နောက် လျှောက်ထားသူအရေအတွက်မှာ ယနေ့အထိ နှစ်သိန်းနီးပါးရရှိထားပြီဟု ယင်းကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးက ထုတ်ဖော်ပြောကြား ထားသည်။

စီမံကိန်းအကောင်အထည် ဖော်မည့်မြေနေရာကို မသတ်မှတ်ရသေးသော်လည်း အဆိုပြု လျှောက်လွှာတင်ထားသူများအား ယခုနှစ်ကုန်မှစ၍ သတ်မှတ်ငွေကြေးပေးသွင်းနိုင်စေရန် မျှော်မှန်းလုပ်ဆောင်နေကြောင်း ဦးသန်းဦးက ပြောသည်။

‘‘မြန်မာနိုင်ငံ ကုမ္ပဏီအက် ဥပဒေအရ အများပြည်သူစုပေါင်း ရှယ်ယာထည့်ဝင်ဆောင်ရွက်ရ တဲ့လုပ်ငန်းတွေကို လုပ်ချင်တိုင်း လုပ်ခွင့်မရှိဘူး။ ကုမ္ပဏီခိုင်မာမှု ရှိကြောင်းပြရမယ်၊ တရားဝင်ဖွဲ့ စည်းထားတဲ့ ကုမ္ပဏီဖြစ်ရမယ်။ အများပြည်သူဆီက ငွေကြေး ကောက်ခံပြီး လုပ်မယ်ဆို ဗဟို ဘဏ်က ပြဋ္ဌာန်းထားချက်တွေနဲ့ လည်း ညီညွတ်မှုရှိအောင် အဆင့် ဆင့်စိစစ်လိုက်နာရမှာတွေရှိ တယ်။ တရားဝင်သတ်မှတ်ချက် တွေနဲ့ညီညွတ်ပြီး ထောက်ခံအသိ အမှတ်ပြုချက်ရမှသာ လုပ်ငန်း ဆောင်ရွက်ခွင့်ရှိတယ်။ ဒီလို အဆင့်ဆင့်ဆောင်ရွက်ထားခြင်း မရှိဘဲ ငွေကြေးကောက်ခံဆောင် ရွက်ရင် ဒါဥပဒေချိုးဖောက်တာ ပဲ။ အဲဒီအတွက် စစ်ဆေးမှုတွေ လုပ်သင့်တယ်’’ဟု ဥပဒေလမ်း ညွှန်နှင့် စီးပွားရေးပညာရှင် ဦးတင်သန်းဦးက ပြောသည်။

ယင်းကုမ္ပဏီအနေဖြင့် စီမံ ကိန်းဆောင်ရွက်မှုအတွက် သက် သေပြစရာတစ်စုံတစ်ရာချပြထား နိုင်ခြင်းမရှိသေးသော်လည်း ငွေ ကြေးထည့်ဝင်မှုကို စတင်လက်ခံ ပါက တစ်ဦးလျှင်ကျပ်သုံးသောင်း လျှောက်ထားသူနှစ်သိန်းရှိပါက တစ်လလျှင် ကျပ်သိန်းပေါင်း ခြောက်သောင်းခန့်ဝင်မည်ဖြစ် သည်။

အဆိုပါထည့်ဝင်ငွေကို ကုမ္ပဏီက တိုက်ရိုက်ကိုင်တွယ် သုံးစွဲမည်မဟုတ်ဘဲ သက်ဆိုင်ရာအစိုးရအဖွဲ့၏ ငွေစာရင်းအကောင့်မှတစ်ဆင့်သာသွားမည်ဟု ဒါရိုက်တာ ဦးသန်းဦးက ဖြေရှင်းပြော ကြားသည်။ သို့သော် ယင်းကုမ္ပဏီနှင့်ပတ်သက်၍ တစ်စုံတစ်ရာသိရှိထားခြင်းမရှိသကဲ့သို့ မည်သည့်အဆက်အသွယ်မှလည်း မရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘အစိုးရအနေနဲ့ သူနဲ့မပတ် သက်ဘူးဆိုပေမယ့် ဒါကိုလျစ် လျူရှုနေလို့မရဘူး။ အရင်ကလည်း ဒါမျိုးဆွဲဆောင်မှု ဖြစ်စဉ်တွေကြောင့် ပြည်သူတွေဒုက္ခ ရောက်ခဲ့ရတဲ့ သာဓကတွေရှေ့မှာ ရှိခဲ့တယ်။ ကုမ္ပဏီကိုစစ်ဆေး ကြပ်မတ်ပြီး ပြည်သူတွေကို သတင်းစကားပေးသင့်တယ်။ ပြည်သူတွေကုန်ကျမယ့်ငွေကြေးအတွက် အစိုးရက အကာအကွယ်ပေးဖို့ တာဝန်ရှိတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောသည်။

အဆိုပါအကြောင်းအရာနှင့် ပတ်သက်၍ လာမည့်လွှတ်တော်တွင် တိုင်းဒေသကြီးအစိုးရသို့ မေးခွန်းမေးမြန်းသွားရန် စီစဉ်ထားကြောင်း ၎င်းကပြောသည်။

‘‘အစိုးရဘက်က စိစစ်မှုအား နည်းလို့ပဲ လုပ်တဲ့သူတွေက ဥပဒေနဲ့မညီဘဲ ရဲရဲတင်းတင်း လုပ်လာကြတာတွေ့နေရတယ်။ သူက သဘောရိုးနဲ့လုပ်သည်ဖြစ် စေ၊ မသမာမှုနဲ့ပဲဖြစ်စေ စတင် ကြေညာတဲ့အချိန်ကတည်းက စစ်ဆေးကြပ်မတ်ပြီး ပြည်သူ အကျိုးအတွက် ရပ်တည်အကာ အကွယ်ပေးရမှာ အစိုးရတာဝန် ပဲ’’ဟု ဆောက်လုပ်ရေးလုပ်ငန်း ရှင်တစ်ဦးက ဆိုသည်။

သံသယများနှင့်အတူ ဝေဖန်မှုများရှိနေသော်လည်းဖြစ်အောင်ဆက်လုပ်သွားမည်ဟု ဦးသန်းဦးက ဆိုပါသည်။

Credit: 7 Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service