သီးခြားစာချုပ်

သီးခြားစာချုပ် - Property Knowledge in Myanmar from iMyanmarHouse.com
13 Nov 2014 10:55 am တွင် တင်ခဲ့သည်
602 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

ဆရာရှင့်

ကျွန်မတို. မြောက်ဒဂုံမှာ ဂရန် ကျပြီးသား မြေကွက်တွေ အရောင်းအဝယ် လုပ်တိုင်း ငွေပြေစာချုပ် ချုပ်တဲ့အခါမှာ ပြီးပြီး ပြတ်ပြတ် မရှိကြပါဘူး။ သီးခြား စာချုပ်တစ်စောင်နဲ. ကျန်ငွေကို စာချုပ်ချုပ်ကြပါတယ် ။ အဲဒါ ဘာပြုလို.ပါလဲ ဆရာ။

ကျွန်မနာမည် မသူဇာပါ ။

ဒီလို ကိစ္စမျိုးတွေက အမြဲ ရှိနေမှာပါ ။ ဂရန် ကျပြီးသား မြေကွက်နဲ. အဆောက်အအုံ ဒါမှမဟုတ် ဂရန် ကျပြီးသား မြေကွက်ကို ရောင်းကြဝယ်ကြတယ် ဆိုရင် အများစုက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာပါ ပြီးပြတ်တဲ့အထိ စာချုပ်ချုပ်ကြလေ့ ရှိပါတယ်။ အဲဒီလို စာချုပ်စာတမ်းရုံးကို သွားဖို. ဆိုတာက အရောင်းအဝယ်စာချုပ် ပီပီပြင်ပြင် ချုပ်ဆိုကြရပါတယ်။ အဲဒီအခါမျိုးမှာ ကြောင်းကြောင်းကြောင့် ငွေချန်ကြရတဲ့ ကိစ္စတွေ ရှိလာတတ်ပါတယ် ။ အဲဒီအကြောင်းတွေကို ဆရာ ဆက်ရှင်းပြပါမယ်။

အဲဒီလို ငွေကျန်လို. ၊ ငွေချန်လို. အရပ်စာချုပ် ပီပီပြင်ပြင် မပြီးပြတ်ဘူး ဆိုရင် စာချုပ်စာတမ်းရုံးကို သွားရဖို. မဖြစ်နိုင်သေးပါဘူး ။ ဒါကြောင့် ကျန်တဲ့ငွေကို သီးခြား စာချုပ်တစ်စောင်နဲ. သက်သေ ခိုင်ခိုင်လုံလုံ လက်မှတ် ပြည့်စုံစွာနဲ. ချုပ်ဆိုကြရတယ်ပေါ့ ။ ငွေချန်ကြရတဲ့ အကြောင်းတွေက ..

၁ ။ စရန် ပေးပြီး အချိန်ကျလို. ငွေပြေပေးချေကြရမယ့် အခါမှာ မမျှော်လင့်တဲ့ အကြောင်းတွေကြောင့် ငွေအနည်းအပါး လိုနေတတ်ပါတယ် ။ ဥပမာ - သိန်း ၅၀၀၀ နဲ. ဝယ်တဲ့ မြေကွက် ကို အပြီးငွေချေတဲ့အခါ ငွေက သိန်း ၄၆၀၀ ပဲ ဖန်တီးလို.ရတယ်။ ငွေသိန်း ၄၀၀ လောက် လိုနေတယ် ဆိုပါစို. ။ ခရီးတွေက ထွက်ကြတော့မယ် ။ စာချုပ်စာတမ်းရုံးကိုလည်းရက်ချိန်းစီစဉ်ထားပြီး အခက်အခဲ တကယ်ကြုံလာတဲ့အခါမျိုးမှာ ငွေပြေစာချုပ်ကြီးကို အဆင်ပြေအောင် ချုပ်ပေးပြီး အမှန်တကယ် ကျန်တဲ့ ကျပ်သိန်း ၄၀၀ ကို သီးခြားစာချုပ်နဲ. ချုပ်ကြရပါတယ် ။ အဲဒီလို ကျန်ငွေပေါ်မှာ ထိုက်သင့်တဲ့ အတိုးငွေကိုလည်း အိမ်ပိုင်ရှင်က တောင်းခံခွင့် ရှိတယ်လို. ဥပဒေမှာ ခွင့်ပြုထားတာလည်း ရှိပါတယ်။

၂ ။ တစ်ခါတစ်ရံမှာတော့ ငွေပြေ စာချုပ်ကြီး ချုပ်ခါနီးတဲ့အထိ အကြောင်းတစ်ခုခုကြောင့် ရောင်းသူဘက်က လိုအပ်နေတာမျိုးရှိနေတတ်ပါတယ် ။ ဥပမာ - အရောင်းအဝယ် ပြောကြဆိုကြတဲ့ ဈေးထဲမှာ အဝီစိတွင်း တူးပြီးသားပါမယ် ၊ B.C.C လည်း ကျတဲ့အထိတာဝန်ယူပါတယ် စသည်ဖြင့် ကတိနဲ. ရောင်းခဲ့ကြပြီး မမျှော်လင့်ဘဲ ကြန်.ကြာသွားလို. အဝီစိတွင်းကလည်း မပြီးသေး ၊B.C.C ကလည်း ကျမလာ ။ အဲဒီလို ဖြစ်တတ်ပါတယ်။ ဒါဆိုရင် ငွေပြေစာချုပ်ကြီး နောက်ရွှေ.ရမယ် ဆိုရင် အခက်အခဲတွေရှိကုန်ကြမှာမို. ကဲ .. ရှိစေတော့ ၊ ငွေပြေစာချုပ်ကြီးတော့ ချုပ်ပေးလိုက်မယ် ၊ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးကိုသာဖြောင့်ဖြောင့်သွားကြပါ ၊ ကျန်နေတဲ့ ကိစ္စလေးတွေအတွက်တော့ သီးခြား စာချုပ်တစ်စောင်နဲ. ငွေချန်စာချုပ်သာ ချုပ်ပါတော့ ဆိုပြီး ဖြေရှင်းရတဲ့ အခါမျိုးလည်း ရှိတတ်ပါတယ် ။

၃ ။ တချို. ရောင်းတဲ့ ပုဂ္ဂိုလ်တွေကျတော့လည်း မိမိတာဝန် ဖြစ်တဲ့ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးကို လိုက်ဆောင်ရွက်ပေးဖို. မအားတာရယ် ၊ မလုပ်ချင်တာ ၊ပျင်းတာမျိုးလေးတွေလည်း ရှိတတ်ကြပါတယ် ။ ဒီလိုကိစ္စတွေကျတော့လည်း မလွှဲမရှောင်သာတဲ့ အနေနဲ. စာချုပ်စာတမ်း မှတ်ပုံတင်ရုံးကို လိုက်ပါဆောင်ရွက်တဲ့ နေ.မှာ ကျန်ငွေ ဘယ်လောက်ထပ်ပေးပါ့မယ် ဆိုပြီး သီးခြားစာချုပ်နဲ. ငွေချန်ကြရပါတယ်။

အဲဒီလို အကြောင်းတွေကြောင့် မသူဇာ မေးတဲ့ သီးခြားစာချုပ်နဲ. ငွေချန်ကြရတယ် ဆိုတဲ့ကိစ္စလေးတွေ ပေါ်လာတာပါ။ ဒါတွေက ဖြစ်တတ်တဲ့ သဘောတွေမို. သည်းခံဆောင်ရွက်ကြရတာပါ။ အကျိုးဆောင်များ အတွက်တော့ ပွဲခ ရပြီးတဲ့အချိန်လောက်မှာ ဖြစ်တတ်တဲ့ ကိစ္စတွေမို. တချို.က စိတ်ဝင်စားကြမယ် မဟုတ်ပါဘူး ၊ ခုလို စိတ်ဝင်တစားမေးတဲ့ မသူဇာကို ကိုယ့်လုပ်ငန်း ကိုယ်လေးစားတတ်တဲ့သူ တစ်ယောက်လို. ချီးကျုးလိုက်ပါတယ် ။

Credit: winningland

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service