မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စက်မှုဇုန်များတွင် မြေ ကွက်ရယူထားသော လုပ်ငန်းရှင် များအနေဖြင့် စက်မှုလုပ်ငန်း မဖြစ်မနေလုပ်ကိုင်ရမည်ဖြစ်ပြီး ရ ယူထားသည့် စက်မှုဇုန်မြေနေရာ အား မည်သို့စီမံခန့်ခွဲအသုံးပြုမည် ဆိုသည့် အစီအစဉ်အသေးစိတ် ကို အစိုးရဌာနဆိုင်ရာများသို့ အသိပေးရမည်ဖြစ်ကြောင်း မန္တ လေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးကျော်မြင့်ကပြောသည်။
‘‘စက်မှုလုပ်ငန်းမလုပ်တဲ့ မြေကွက်တွေကို ပြန်သိမ်းမယ်ဆို တာက ဒုတိယအဆင့်ပါ။ ပထမ အဆင့်အနေနဲ့ စက်မှုဇုန်တွေထဲ မှာ မြေကွက်ရယူထားသူတွေအနေနဲ့ ဘာလုပ်ငန်းတွေလုပ်မယ်။ ငွေ ကြေးဘယ်လောက်ရင်းနှီးမြှုပ်နှံ မယ်၊ ဘယ်လထဲမှာ လုပ်ငန်းစ လုပ်မယ်ဆိုတာမျိုးလုပ်ငန်းအစီ အစဉ်တင်ပြရမှာဖြစ်ပါတယ်’’ဟု ၀န်ကြီး ဦးကျော်မြင့်ကပြော သည်။၎င်းမှာ စက်မှုဇုန်မြေကွက် ရယူထားလျှင် စက်မှုလုပ်ငန်း မဖြစ်မနေလုပ်ကိုင်ရမည်ဆိုသည့် သဘောဖြစ်ပြီး ထိုသို့လုပ်ငန်းလုပ် ကိုင်မည့် အစီအစဉ်တင်ပြနိုင်မှု မရှိသည့် စက်မှုဇုန်မြေကွက်များ ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ညွှန်ကြားချက်အတိုင်းဆက်လက် ဆောင်ရွက်မည်ဖြစ်သည်ဟု ဆို သည်။ လက်ရှိအချိန်တွင် တိုင်း ဒေသကြီးလျှပ်စစ်နှင့် စက်မှုဝန် ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ မြေစာ ရင်းဌာန၊ အိုးအိမ်ဦးစီးဌာန၊ စည် ပင်သာယာ၊ စက်မှုဇုန်ကော်မတီ စသည့် အဖွဲ့ပေါင်းစုံပါသည့် စက်မှုဇုန်မြေကွက်များစိစစ်ရေး ကော်မတီကို ဖွဲ့စည်းထားကာ စက်မှုဇုန်မြေကွက်များ၏ မြေအ သုံးချမှုအခြေအနေကို စိစစ်နေသ ကဲ့သို့ လုပ်ငန်းအစီအစဉ်တင်ပြလာမှုများကိုလည်း လိုက်လံစိစစ်သွားမည်ဟုဆိုသည်။
‘‘လက်ရှိတော့ မန္တလေး တိုင်းဒေသကြီးစက်မှုဇုန်တွေရဲ့ မြေအသုံးချမှုအခြေအနေကို ဒု သမ္မတဆီတင်ပြထားပါတယ်။ ဘယ်လိုစီစဉ်မယ်ဆိုတဲ့ အသေး စိတ်ညွှန်ကြားချက်တော့ မသိရ သေးပါဘူး’’ဟု မန္တလေးတိုင်း ဒေသကြီးစက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန တိုင်းဦးစီး မှူးကပြောသည်။
မန္တလေးတိုင်းဒေသကြီး အတွင်း မန္တလေးစက်မှုဇုန်အပိုင်း ၁၊ ၂၊ ၃ နှင့် မြင်းခြံစက်မှုဇုန်၊ မိတ္ထီလာစက်မှုဇုန်များရှိသည်။ မန္တလေးစက်မှုဇုန်တွင် ဖော်ထုတ် ထားသော မြေကွက်များအနေ ဖြင့် ဧကကွက် ၅၆၈ ကွက်၊ ပေ (၄၀×၆၀)ကွက်၊ (၃၃၆၆) ကွက်ရှိပြီး ဧကကွက် (၂၈၇) ကွက်နှင့် ပေ (၄၀×၆၀)မြေကွက် (၁၅၂၄) ကွက်ကိုသာ စက်မှုလုပ်ငန်းလုပ် ကိုင်ပြီး ကျန်မြေကွက်များမှာ မြေ ကွက်လွတ်များ၊ ဂိုဒေါင်များနှင့် အခြားနည်းအသုံးပြုနေသည်ဟု ဆိုသည်။ ထို့အတူ မြင်းခြံနှင့် မိတ္ထီလာစက်မှုဇုန်တွင် ဖော်ထုတ် ပြီး စက်မှုဇုန်မြေကွက် (၁၄၄၃) ကွက်ရှိပြီး (၆၉၅) ကွက်သာ စက် မှုလုပ်ငန်းလုပ်ကိုင်နေပြီး ကျန် မြေကွက်များမှာ မြေကွက်လွတ် များ၊ ဂိုဒေါင်များနှင့် အခြားနည်း အသုံးပြုနေသည်ဟု စက်မှုဇုန် မြေကွက်များစိစစ်ရေးကော်မတီ မှသတင်းရရှိသည်။
Credit: 7 Day Daily