စင်ကာပူတွင် ယခု အသက်(၃၀) လစာ ၃၀၀၀ဒေါ်လာရနေသော လူငယ်တဦး
အသက် (၆၀)တွင် ငွေအကြေဆပ်သောစနစ်ဖြင့် သင့်တင့်ကောင်းမွန်သော အိပ်ခန်း ၃ ခန်းပါ တိုက်ခန်းတစ်ခု ၀ယ်ယူရာတွင် လစဉ်ကုန်ကျစရိတ် နှင့်............
ရန်ကုန်တွင် ယခု အသက်(၃၀) တလလစာ မြန်မာငွေ ၅ သိန်းရနေသော လူငယ်တဦး
အသက် (၆၀)တွင် ငွေအကြေဆပ်သောစနစ်ဖြင့် သင့်တင့်ကောင်းမွန်သော အိပ်ခန်း ၃ ခန်းပါ တိုက်ခန်းတစ်ခု ၀ယ်ယူရာတွင် လစဉ်ကုန်ကျစရိတ် တို့ကို နှိုင်းယှဉ်ပြထားပါသည်။ (လုံးဝ အကြမ်းဖျဉ်း တွက်ချက်ပြထားခြင်းဖြစ်သည်)
မြန်မာလူငယ်သည် လက်ငင်းချေရန် သိန်း (၃၀၀) ရှိသည်တောင်မှ ၊ သူ့အား နောက်ထပ် နှစ်(၃၀) အရစ်ကျဆပ်ခွင့်ပြုသည်တောင်မှ လစဉ် တလလျှင် အိမ်ဖိုး ၃.၅ သိန်း (လစာ၏ ၆၇ %)ပေးနေ ရပေဦးမည်။ အခြားစရိတ်တွေ -မည်သို့စားသောက်သွားလာ မိန်းမယူ ကလေးကျောင်းထားမည်နည်း။အသက်ကြီးလာသည်နှင့်အမျှ လစဉ်ပေးရန်
လျော့လာမည်က မပြောပလောက်ပါ။ ၆၀ ပြည့်ကာနီးမှပါ။
ထိုအခြေအနေမျိုးများ လုံးဝမရှိသော ( လက်ငင်းငွေတပြားမှမရှိသော၊ လစာ ၅သိန်းအောက်ရသော.လက်ရှိ အသက်အလွန်ကြီးနေကာအစိုးရပေးသောအိမ်ယာမှာနေနေရ သူမျိုးများ.) ၀န်ထမ်းများကတော့ ဒီတသက် တိုက်ခန်းနှင့်နေရစရာအကြောင်းမရှိ။ နေနေ ပိုင်နေပါသည်ဆိုလျှင် ဘိုးဘွားမိဘ ချမ်းသာ၍ (သို့ဟုတ်ထီပေါက်၍(သို့) မသမာနည်းဖြင့်လာဘ်စားခိုးစား ရ၍သာ ဖြစ်တော့မည်။မြန်မာပြည် မြေအိမ်ဈေးများကို မည်သူတွေကစားနေသနည်း။ အမှန်တကယ်အိမ်မြေတန်ဘိုး တက်နေသည်မဟုတ်ပါ။ ကန်ထရိုက်တာများလောဘကြီးလွန်းပါသည်။ မျှမျှတတဖြစ်အောင် ဆောင်ရွက်ကြစေချင်ပါသည်။
Credit: အိမ်ခြံမြေ Condo flat room Rent or Sale Yangon Myanmar