အိမ်ခြံမြေ ဈေးကစားလျှင် အရေးယူမည်

အိမ်ခြံမြေ ဈေးကစားလျှင် အရေးယူမည် - Property News in Myanmar from iMyanmarHouse.com
29 Oct 2014 9:23 am တွင် တင်ခဲ့သည်
497 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေအရောင်းအ ၀ယ်များတွင် ရင်းနှီးလုပ်ကိုင်နေ သည့် ငွေများမှာ တရားဝင်ငွေများ ဖြစ်ပြီး ငွေမည်းဖြင့် ၀ယ်ယူပြီး အိမ်ခြံမြေကို ဈေးကစားပါက အ ရေးယူနိုင်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးက အောက်တို ဘာလ ၂၇ ရက်တွင် အမျိုးသား လွှတ်တော်အစည်းအဝေး၌ ပြော ကြားသည်။

အိမ်ခြံမြေအရောင်းအ၀ယ် ပြုလုပ်ရာတွင် ဈေးကစားသူများ ကို ဖော်ထုတ်ပြီး ထိရောက်သော အရေးယူမှုများ ဆောင်ရွက်နိုင် ခြင်းရှိ၊ မရှိမေးခွန်းကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက် တာ မြတ်ဉာဏစိုးက မေးမြန်းရာ ဒုဝန်ကြီးက ပြန်လည်ဖြေကြား သွားခြင်း ဖြစ်သည်။

သို့သော် အိမ်ခြံမြေဈေး ကစားသူများကို ထိရောက်စွာ ဖော်ထုတ်အရေးယူ ဆောင်ရွက်နိုင်ခြင်းရှိ၊ မရှိ မေးခွန်းအပေါ် ဒုဝန်ကြီးက ဖြေကြားရာတွင် ကိုက်ညီမှု မရှိခဲ့ ပေ။ တရားမ၀င်ငွေဖြင့် အရောင်းအ၀ယ် ပြုလုပ်သူများ၊ အခွန်မ ဆောင်သူများကို အစိုးရက အရေး ယူထားသည့် အရေအတွက်ကိုမူ ထုတ်ဖော်ပြောဆိုသွားခြင်း မရှိ ပေ။

အိမ်ခြံမြေအရောင်းအ၀ယ် ပြုလုပ်ရာ၌ ၀င်ငွေခွန်ကို တိမ်း ရှောင်ခြင်း၊ တရားမ၀င်ရရှိသော ငွေများကို အသုံးပြု၍ အိမ်ခြံမြေ အရောင်းအ၀ယ် ပြုလုပ်သူများရှိပါက ဥပဒေအရ အရေးယူနိုင်ကြောင်း ဒုဝန်ကြီးက ဆိုသည်။

မြန်မာနိုင်ငံ၌ အိမ်ခြံမြေဈေး ကစားမှုနှင့် ပတ်သက်ပြီး အရေး ယူနိုင်သည့် ဥပဒေပြဋ္ဌာန်းထား ခြင်းမရှိသော်လည်း ၂၀၁၄ တွင် ငွေကြေးခ၀ါချမှု တိုက်ဖျက် ရေး ဥပဒေအရ အရေးယူနိုင် ကြောင်း ဒုဝန်ကြီးက ပြောသည်။

‘‘အများစုက အခွန်ဆောင် ပြီး အရောင်းအ၀ယ်လုပ်နေတာ ချည်းပဲ’’ဟု စိုင်းခွန်နောင် အိမ်ခြံ မြေအကျိုးဆောင်လုပ်ငန်းရှင် ဦး စိုင်းခွန်နောင်က ပြောသည်။

ဈေးကွက်သဘောတရားအ ရ အရောင်းရှိပါက အ၀ယ်ရှိနေ သည့်ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ ၏ အိမ်ခြံမြေဈေးနှုန်းကြီးမြင့်နေ ခြင်းဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းများအားလုံးထဲတွင် အိမ်ခြံမြေ ကဏ္ဍမှာ ယခုအချိန် အမြတ်အများဆုံး ဖြစ်နေသည့် ကဏ္ဍဖြစ်သောကြောင့် ဈေးနှုန်းများ မြင့်တက်နေ ခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

‘‘ငွေမည်းသမားတွေအတွက်ငွေဖြူလုပ်ချင်ရင် ဒီဈေးကွက်က အကောင်းဆုံးပဲ’’ ဟု စီးပွားရေး ပညာရှင် ဦးလှမောင်က ဆိုသည်။ဈေးကစားမှုနှင့် အခွန်ရှောင် မှုများ မဖြစ်ပေါ်စေရန်ဆိုကာအစိုးရက ယခုလ ပထမပတ်မှ စ၍ကြိုပွိုင့်စနစ်ဖြင့် အိမ်ခြံမြေတိုက်ခန်းများ အရောင်းအ၀ယ်ဖြစ်ပါက ချက်ချင်း အခွန်ထမ်းဆောင်ရမည်ဖြစ်ပြီး နောက်ကျမှ အခွန်ထမ်းဆောင်မည်ဆိုပါက ကာလတန်ဖိုးအတိုင်း အခွန်စည်းကြပ်မှု ခံယူရမည်ဖြစ်ကြောင်း အခွန်စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

လက်ရှိ ပြည်တွင်းအိမ်ခြံမြေ ဈေးကွက်တွင် တန်ဖိုးကြီးအိမ်မြေ များမှာ အရောင်းအ၀ယ်မဖြစ်ဘဲ တန်ဖိုးနည်းအိမ်မြေများသာ အ နည်းငယ် အရောင်းအ၀ယ် ရှိ ကြောင်း အိမ်ခြံမြေအကျိုးဆောင် များထံမှ စုံစမ်းသိရသည်။

ပြည်တွင်း အိမ်ခြံမြေဈေး ကွက်သည် နိုင်ငံတော်အစိုးရ၏ စီမံကိန်းရှိသော နေရာများမှအပ ကျန်ဧရိယာတွင် တစ်နိုင်ငံလုံးအ တိုင်းအတာဖြင့် အရောင်းအ၀ယ် အေးနေကြောင်း မြန်မာနိုင်ငံအိမ် ခြံမြေအကျိုးဆောင်အသင်းမှ သိ ရသည်။

Credit: 7 Day Daily

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင

ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ

[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ

ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V

Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service