အိမ်ခြံမြေ ဈေးကစားမှုများအပေါ် အရေးယူမှုများရှိကြောင်းနှင့် အခွန်တိမ်းရှောင်မှုများရှိပါက တည်ဆဲဥပဒေများနှ

အိမ်ခြံမြေ ဈေးကစားမှုများအပေါ် အရေးယူမှုများရှိကြောင်းနှင့် အခွန်တိမ်းရှောင်မှုများရှိပါက တည်ဆဲဥပဒေများနှ - Property News in Myanmar from iMyanmarHouse.com
28 Oct 2014 4:55 pm တွင် တင်ခဲ့သည်
882 ကြိမ် ကြည့်ရှု့ပြီး
အိမ်ခြံမြေဈေး ကစားမှုများအပေါ် အရေးယူခဲ့မှုများရှိကြောင်း၊ အခွန်တိမ်းရှောင်မှုများရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က အောက်တိုဘာ ၂၇ ရက်အမျိုးသားလွှတ်တော်၌ဆိုပါသည်။

ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က "ဒီအိမ်ခြံမြေဈေးကစားမှုနဲ့ပတ်သက်ပြီးတော့ အရေးယူခဲ့တဲ့အမှုတွေရှိပါတယ်။ အမှုအရေအတွက်တော့ အတိအကျမသိပေမယ့် ဂျပန်နိုင်ငံသားတစ်ဦးဟာ အိမ်ခြံမြေရောင်းဝယ်
ဈေးကစားမှုအတွက် ကျွန်တော်တို့နိုင်ငံအတွင်းမှာ ကျွန်တော်တို့နိုင်ငံသားများနဲ့ ပြည်သူတွေ၊ အကြံပေးတဲ့ဥပဒေပညာရှင်တွေ တိုင်ပင်ပြီးတော့ အိမ်ခြံမြေဈေးကစားမှုတွေကိုဖော်ထုတ်ပြီး အရေးယူခဲ့တာရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး အမှုစီရင်တဲ့အခါမှာ ကျူးလွန်တဲ့သူတွေကိုလည်း စီရင်ချက်ချမှတ်ပြီးဖြစ်ပါတယ်။

အိမ်ခြံမြေဈေးကစားတဲ့သူတွေကို နောက်အဆောက်အုံတွေ၊ နောက်သက်ဆိုင်ရာစိုက်ပျိုးမြေတွေ၊နောက်သက်ဆိုင်တဲ့ ၀ယ်ယူထားတဲ့ပစ္စည်းတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းပြီးလည်းဖြစ်ပါတယ်။ နိုင်ငံတော်အတွက် အခွန်တိမ်းရှောင်ပြီးတော့ နိုင်ငံရဲ့ဘဏ္ဍာရေးဆောင်ရွက်ချက်များကို ထိခိုက်စေတဲ့ကိစ္စမျိုးဆိုရင်တော့ ထုတ်ပြန်ထားတဲ့တည်ဆဲဥပဒေများနဲ့ အရေးယူမှာဖြစ်ပါတယ်" ဟု ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ် (၄) မှ ဒေါက်တာမြတ်ဥာဏစိုးက အိမ်ခြံမြေဈေး ကစားဆောင်ရွက်နေသူများကိုဖော်ထုတ်၍ ထိရောက်သောအရေးယူမှုများ ဆောင်ရွက်နိုင်ခြင်း ရှိ မရှိနှင့် အိမ်ခြံမြေပါမစ် များချထားပေးရာ၌ အမှန်တကယ်နေထိုင်ခြင်းမရှိဘဲ အမြတ်ယူ တစ်ဆင့်ပြန်လည်ရောင်းချသူများကို ဖော်ထုတ်အရေးယူဆောင်ရွက်နိုင်ခြင်း ရှိ မရှိ မေးမြန်းမှုအား ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဒေါက်တာမြတ်ဥာဏစိုးက "ဒုဝန်ကြီးဖြေသွားတဲ့အထဲမှာ ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေးဥပဒေ၊ ၀င်ငွေခွန်ဥပဒေအပါအ၀င် ဥပဒေတွေရှိနှင့်ပြီးတော့ ဈေးကစားတဲ့သူတွေကို အရေးယူဆောင်ရွက်နိုင်ပါတယ်လို့ ဖြေကြားသွားတာရှိပါတယ်။ အဲဒီတော့ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအပါအ၀င် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွေအနေနဲ့ ဒီလိုဥပဒေတွေရှိနေပြီးတော့ ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မှု ဘယ်နှမှုရှိပါသလဲ။ ဆောင်ရွက်မယ့်အစီအစဉ်ရောရှိပါသလား။ ဆောင်ရွက်မယ့်အစီအစဉ် ဘယ်လိုချမှတ်ထားသလဲဆိုတာကို သိချင်ပါတယ်" ဟု မေးမြန်းခဲ့ခြင်းဖြစ်သည်။

ဒုတိယ၀န်ကြီးက "အိမ်ခြံမြေအရောင်းအ၀ယ် ဈေးကွက်ကြီးထွားလာပြီး ဈေးနှုန်းမြင့်တက်လာခြင်းနဲ့ပတ်သက်ပြီးတော့ အခြားခိုင်မာတဲ့ စီးပွားရေးလုပ်ငန်းတွေ ဖြစ်ထွန်းအောင်မြင်လာပါက အိမ်ခြံမြေဈေးကွက်မှာ ဈေးကစားခြင်းလျော့နည်းသွားနိုင်ပါတယ်။ သာမန်အားဖြင့်တော့ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ကိုင်နေတဲ့ နိုင်ငံသားတွေနဲ့ပတ်သက်ပြီးတော့ အရေးယူတဲ့ ဥပဒေပြဋ္ဌာန်းထားခြင်း မရှိပါဘူး။ တည်ဆဲဥပဒေတွေမှာလည်း နိုင်ငံသားတစ်ဦးရဲ့ အိမ်ခြံမြေပိုင်ဆိုင်မှုအရေအတွက်ကို ကန့်သတ်ထားခြင်းမရှိပါဘူး" ဟုပြောကြားသည်။

ဆက်လက်၍ ဒုတိယ၀န်ကြီးက အိမ်ခြံမြေရောင်းဝယ်နေသူများ ရင်းနှီးလုပ်ကိုင်သည့်ငွေကြေးမှာ တရားဝင်ငွေများဖြစ်ပြီး ၎င်းတို့ရရှိသည့် မြတ်စွန်းငွေများအပေါ် ၀င်ငွေခွန်ဥပဒေနှင့်အညီ အခွန်ပေးဆောင်ထားပါက အဆိုပါအိမ်ခြံမြေရောင်းဝယ်သူများအား အရေးယူဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ သို့ရာတွင် တရားမ၀င်သောနည်းလမ်းဖြင့် ရရှိသည့်ငွေကြေးအသုံးပြုကာ အိမ်ခြံမြေ၀ယ်ယူခြင်း၊ အိမ်ခြံမြေရောင်းဝယ်ရာတွင် ပေးဆောင်ရသည့် ၀င်ငွေခွန်များအား တိမ်းရှောင်ခြင်း၊ နိုင်ငံတော်၏ဘဏ္ဍာရေးဆောင်ရွက်ချက်နှင့် စီမံချက်များကို ထိခိုက်စေရန် ကြံရွယ်ပြုလုပ်ခြင်းများကျူးလွန်ပါက အိမ်ခြံမြေရောင်းဝယ်သူများအား တည်ဆဲဥပဒေများဖြင့် အရေးယူနိုင်မည်ဟုဆိုသည်။

အိမ်ခြံမြေကွက် များအား ပါမစ် ချထားပေးရာတွင် အငြိမ်းစားများအပါအ၀င် ၀န်ထမ်းများနှင့် အိမ်ရာမြေစီမံကိန်းများအရ ပြောင်းရွှေ့ပေးသူများအား နေရာချထားပေးခြင်းဖြစ်ကြောင်း၊ မြေကွက်များချထားပေးရာတွင် အချို့မှာ အိမ်ရာဆောက်လုပ်နေထိုင်ကြသော်လည်း အချို့မှာ ငွေကြေးအခက်အခဲအပါအ၀င် အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ရောင်းချမှုများရှိကြောင်း၊ ထိုသို့ရောင်းချရာတွင် ၎င်းတို့ တရားဝင်ပိုင်ဆိုင်ခွင့်ရရှိထားသော ပုဂ္ဂလိကပိုင်အိမ်ခြံမြေများကို လွတ်လပ်စွာ ရောင်းချခြင်းဖြစ်သည့်အတွက် မူလမြေကွက်ချထားပေးစဉ်က ကန့်သတ်ချက်များအား ဖောက်ဖျက်ခြင်းမရှိပါက အရေးယူဆောင်ရွက်ရန်မရှိကြောင်း ဒုတိယ၀န်ကြီးက ပြောကြားသည်။

Credit: eleven

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
ဘရွတ်ကလင်း ဘက်ခမ်း (ဒေးဗစ်ဘက်ခမ်း၏ သား) နှင့် နီကိုလာ ပက်ဇ်တို့စုံတွဲက ၎င်းတို့၏အိမ်ကို အရှုံးခံရောင်းချကာ ဘီဗာလီဟေးလ်မှ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Emerald Bay Condo
ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service