အခွန်စနစ်နှင့်အတူ တရားဥပဒေ စိုးမိုးမှုဆိုင်ရာ အားနည်းချက်များက အိမ်ခြံမြေဈေးကစားမှုနှင့် ဈေးနှုန်းအလွန်အ

အခွန်စနစ်နှင့်အတူ တရားဥပဒေ စိုးမိုးမှုဆိုင်ရာ အားနည်းချက်များက အိမ်ခြံမြေဈေးကစားမှုနှင့် ဈေးနှုန်းအလွန်အ - Property News in Myanmar from iMyanmarHouse.com
27 Oct 2014 10:44 am တွင် တင်ခဲ့သည်
834 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံတွင် အခွန်စနစ်နှင့်အတူ တရားဥပဒေစိုးမိုးမှု အားနည်းချက်များက အိမ်ခြံမြေဈေး ကစားမှုများနှင့် ဈေးနှုန်းအလွန်အမင်း မြင့်တက်နေမှုတို့ကို ထိန်းချုပ်၍မရနိုင်သော အကြောင်းရင်းများ ဖြစ်နေကြောင်း စီးပွားရေးပညာရှင်များနှင့် ဥပဒေပညာရှင်များက သုံးသပ်ကြသည်။

အိမ်ခြံမြေဈေး ကစားမှုများနှင့် ဈေးနှုန်းအလွန်အမင်း မြင့်တက်မှုများကို နိုင်ငံတကာတွင် အခွန်စနစ်နှင့် ထိန်းချုပ်သော်လည်း မြန်မာနိုင်ငံ၏ လက်ရှိအခွန်စနစ်သည် အိမ်ခြံမြေဈေးနှုန်း ကြီးမြင့်မှုအား ဖြေရှင်းနိုင်ခြင်း မရှိကြောင်း၊ ထို့အတွက် ကောင်းမွန်ပြီး စနစ်ကျသည့် အခွန်စနစ်တစ်ရပ် ပေါ်ထွက်လာရန် လိုအပ်နေကြောင်း သုံးသပ်မှုများ ထွက်ပေါ်နေသည်။ လက်ရှိတွင် မြန်မာနိုင်ငံ၏ မြေဈေးများ မြင့်တက်နေခြင်းသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်လာချိန်၌ ဈေးကစားမှုများရှိနေပြီး ထိုဈေးကစားမှုများကို အခွန်စနစ်ဖြင့် ထိရောက်အောင် မထိန်းချုပ်နိုင်သည့်အတွက် ယင်းကဲ့သို့ မြင့်တက်နေခြင်းဖြစ်ကြောင်း၊ ကမ္ဘာပေါ်တွင် နယူးယောက်၊ မင်ဟက်တန်၊ တိုကျိုနှင့် စင်ကာပူနိုင်ငံတို့ပြီးပါက မြန်မာနိုင်ငံသည် မြေဈေးအကြီးမြင့်ဆုံးဖြစ်နေပြီး World Class တွင် ဘာစီလိုနာနှင့် တစ်တန်းတည်းကျနေကြောင်း သိရသည်။

“ဈေးကွက်မှာ ဈေးကစားတာတွေကို အခွန်စနစ်နဲ့ ထိန်းချုပ်နိုင်ဖို့လိုပါတယ်။ အချို့နိုင်ငံတွေမှာ အိမ်တစ်လုံးကနေ နှစ်လုံးဆိုရင် Property Gain Tax ကို ကောက်လေ့ရှိပါတယ်။ မြေကွက်တစ်ခုကနေ နှစ်ခုရှိလာပြီ၊ မြေကွက်လပ်တွေကို လက်ဝယ်ပိုင်ဆိုင်ထားပြီဆိုရင် Idle Tax ကောက်လေ့ရှိပါတယ်။ အဲဒါက ဈေးကစားလို့မရအောင် လုပ်တဲ့သဘောပါ။ Idle Tax ကို ငါးရာခိုင်နှုန်းလောက်အထိ ကောက်လေ့ရှိတယ်။ ဆိုတော့ မြေကွက်တွေ ယူထားပြီးတော့ ဘာမှမလုပ်ဘဲ ထားတဲ့သူတွေအတွက် အခွန်ပေးရတဲ့အတွက် သူက လက်ထဲမထားတော့ဘဲ ပြန်ထုတ်လေ့ရှိတယ်။ ဆိုပါတော့ သိန်း ၁ဝဝဝ တန်မြေကွက်ကို နှစ် ၂ဝ ပစ်ထားရင် အစိုးရကို သိန်း ၁ဝဝဝ ထပ်ပေးရမယ်။ သူတို့နိုင်ငံတွေမှာက မြေဈေးတက်တယ်ဆိုတာက ပျမ်းမျှအားဖြင့် ငါးရာခိုင်နှုန်းမကျော်ဘူး။ ဒါကြောင့် အဲဒီမြေကွက်ကို ငှားရင်ငှား၊ မငှားရင် ရောင်းပစ်ရတယ်။ အကြာကြီးကိုင်ထားလို့ မရဘူး။ မြန်မာနိုင်ငံမှာက မြေတွေကို ကိုင်ထားကြတယ်။ ဒီကိုင်ထားတဲ့ မြေတွေကိုလည်း အခွန်ထိထိရောက်ရောက် မကောက်နိုင်ဘူး ဖြစ်နေတာ။ ဒါကြောင့် ဈေးကစားမှုတွေ ရှိနေတာပါ” ဟု မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနမှ အငြိမ်းစားညွှန်ကြားရေးမှူးတစ်ဦးက ပြောကြားသည်။

ထို့အတူ မြန်မာနိုင်ငံတွင် စီမံကိန်းများရှိပါက မြေဈေးများမြင့် တက်လေ့ရှိကြောင်း၊ အဆိုပါစီမံကိန်းကြောင့် မြေဈေးမြင့်တက်သည်ဆိုပါက မြင့်တက်လာသည့် မြေဈေးနှုန်းကိုလည်း အခွန်တိတိကျကျ ကောက်ယူနိုင်ရန် အရေးကြီးကြောင်း၊ နိုင်ငံတကာတွင် စီမံကိန်းတစ်ခုခုကြောင့် မြေဈေးနှုန်းကြီးမြင့်ပါက အစိုးရအား ကာလပေါက်ဈေး၏ ၆ဝ ကျော် ရာခိုင်နှုန်း ၇ဝ အား Betterment Tax ပေးဆောင်ရကြောင်း သိရသည်။

အခြားတစ်ဖက်တွင်လည်း ဥပဒေပိုင်းဆိုင်ရာ အားနည်းချက်များ ရှိနေကြောင်း၊ မြန်မာနိုင်ငံ၌ နိုင်ငံခြားသား မြေပိုင်ခွင့် မရှိသော်လည်း အမည်ခံများဖြင့် နိုင်ငံခြားသားများက ဝယ်ယူနေကြကြောင်း၊ ယင်းအနက် တရုတ်နိုင်ငံသားတို့၏ ဝယ်ယူမှုများစွာ မြင့်တက်ခဲ့ကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံရှိ ဘဏ်များတွင် ချေးငွေအား အတိုးနှုန်း တစ်ရာခိုင်နှုန်းဖြင့် ချေးခွင့်ရပြီး မြန်မာနိုင်ငံရှိ ဘဏ်များတွင် အပ်နှံပါက အတိုးနှုန်း ရှစ်ရာခိုင်နှုန်းကျော် ရရှိနေသည့်အတွက် အိမ်ခြံမြေဈေးကွက်အတွင်းသို့ ဝင်ရောက်လာသော ငွေများရှိနေပြီး ဈေးနှုန်းကြီးမြင့်မှုကို တွန်းအားပေးနေကြောင်း သိရသည်။ အခြားတစ်ဖက်တွင်လည်း အစိုးရအနေဖြင့် ငွေမည်းများဝင်ရောက်လာမှုအား မထိန်းချုပ်နိုင်ခြင်း၊ ယခင်က ကားဈေးကွက်၊ ရွှေဈေးကွက်များတွင် ရင်းနှီးမြှုပ်နှံသော ငွေကြေးများအား ရွှေဈေးအေးနေခြင်းနှင့် ကားဈေးနှုန်းများ ကျဆင်းလာခြင်းကြောင့် အိမ်ခြံမြေဈေးကွက်အတွင်းသို့ စုပုံဝင်ရောက်လာကြောင်း သိရသည်။

“ကျွန်တော့်အမြင်ကတော့ မြန်မာပြည်မှာ လူတွေရဲ့ပိုင်ဆိုင်မှုက လုံးဝအချိုးမညီပါဘူး။ တချို့မိသားစု ၁ဝ စုပေါင်းလို့ အိမ်တစ်လုံး မပိုင်ပေမယ့် တချို့က တစ်ယောက်တည်း ၁ဝ လုံး၊ ၁၁ လုံး၊ ၁၂ လုံးလောက် ပိုင်နေကြတယ်။ မြေကွက်တွေဆိုလည်း ဒီလိုပါပဲ။ ဒါကြောင့် ပိုင်ဆိုင်မှုတွေကို ပြန်ပြီးစိစစ်သင့်ပါတယ်လို့ မြင်ပါတယ်” ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ အသုံးချဘောဂဗေဒဌာနမှ အငြိမ်းစားပါမောက္ခ ဒေါက်တာမောင်မောင်စိုးက ပြောကြားသည်။

“မြန်မာနိုင်ငံမှာ အခုဖြစ်နေတဲ့ အနေအထားတွေက မြေယာသန်းခေါင်စာရင်းလည်း ကောက်သင့်တယ်လို့ မြင်ပါတယ်။ ဒါဆိုရင် ဘယ်သူဘယ်လောက်ပိုင်တယ်ဆိုတာ ထွက်လာပါလိမ့်မယ်။ အဲဒီတော့မှ သတ်သတ်မှတ်မှတ် အခွန်ကောက်သင့်ပါတယ်။ အခု အချို့အဆောက်အအုံတွေရဲ့ ငှားရမ်းခတွေဆိုရင် တစ်လတစ်လကို ဒေါ်လာသိန်းနဲ့ချီ ရနေတာတွေရှိတယ်။ အဲဒါတွေက အခွန်ရောဆောင်ရဲ့လား။ ဘာမှလည်း မသိရပါဘူး။ ဒါကြောင့် အခွန်စနစ်က ထိရောက်ဖို့လိုတယ်။ နောက်တစ်ခုကတော့ legal ပိုင်းမှာလည်း Law enforcement အားကောင်းဖို့လိုတယ်။ ဒါမှလည်း ဝင်လာတဲ့ငွေမည်းတွေ ထိန်းချုပ်နိုင်မှာပါ။ ငွေမည်းတွေ မထိန်းချုပ်နိုင်ရင် အိမ်ခြံမြေဈေးနှုန်းကလည်း ကျမှာမဟုတ်ဘူး” ဟု စီးပွားရေးပညာရှင်တစ်ဦးက ပြောကြားသည်။

လက်ရှိ အခွန်ကောက်ခံသည့်စနစ်ကို ပြန်လည်သုံးသပ်ပါက အားနည်းချက်များရှိနေကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်ခြံမြေဈေးနှုန်း များ၏ တစ်ပေပတ်လည် ဈေးနှုန်းများအား ယခုနှစ်ဘဏ္ဍာနှစ်အတွက် ထုတ်ပြန်ခဲ့ပြီး အမြင့်ဆုံး မြေဈေးနှုန်း အဖြစ် တစ်ပေပတ်လည်လျှင် ကျပ်လေးသိန်းဖြင့် ဗဟန်းမြို့နယ်၊ ကမာရွတ်မြို့နယ်၊ စမ်းချောင်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်များတွင် အမြင့်ဆုံးသတ်မှတ်ခဲ့ပြီး တစ်ပေပတ်လည် တိုက်ခန်းဈေးနှုန်းအား မြို့တွင်းခြောက်မြို့နယ်တွင် ကျပ် ၁ဝ၁၅ဝဝ ဖြင့် အမြင့်ဆုံးသတ်မှတ်ခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန၊ ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့မှ အောက်တိုဘာ ၇ ရက်က ထုတ်ပြန်ခဲ့သည်။

စက်မှုဇုန်များနှင့်ပတ်သက်၍မူ တစ်ဧကလျှင် ကျပ်သိန်း ၃ဝဝဝ မှ ကျပ်သိန်း ၈ဝဝဝ ဈေးအထိ ပေါက်ဈေးရှိနေသည့် လှိုင်သာယာရှိ ရွှေလင်ပန်းစက်မှုဇုန်တွင် တစ်ဧက ကျပ်သိန်း ၂ဝဝဝ နှင့် ကျပ်သိန်း ၁၉ဝဝ အကြား အမြင့်ဆုံးသတ်မှတ်ခဲ့ပြီး ကျန်စက်မှုဇုန်များတွင်မူ တစ်ဧကလျှင် ကျပ်သိန်း ၁ဝဝဝ မှ ကျပ်သိန်း ၁၃ဝဝ ကြားသာ အမြင့်ဆုံးသတ်မှတ်ခဲ့ကြောင်း သိရသည်။

အလားတူ အလုံ၊ တာမွေ၊ ကြည့်မြင်တိုင်၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ လှိုင်၊ ရန်ကင်းနှင့် အင်းစိန်မြို့နယ်များတွင်မူ တိုက်ခန်း၊ ကွန်ဒို ရောင်းဝယ်ခြင်းများအပေါ် စည်းကြပ်မည့်နှုန်းထားများ (၂ဝ၁၄-၂ဝ၁၅) မှာ မြေညီထပ် (လမ်းအတွင်း) တစ်စတုရန်းပေ ကျပ် ၄၅ဝဝဝ၊ ပထမထပ် (လမ်းကျယ်) တစ်စတုရန်းပေ ကျပ် ၄၅ဝဝဝ၊ ဒုတိယထပ် (လမ်းမ) တစ်စတုရန်းပေ ကျပ် ၄၆ဝဝဝ၊ သတ္တမထပ် (လမ်းမ) တစ်စတုရန်းပေ ကျပ် ၁၈ဝဝဝ၊ ကွန်ဒို (Commercial Area) တွင် တစ်စတုရန်းပေ ကျပ် ၉ဝဝဝဝ မှ ကျပ် ၁ဝဝဝဝဝ၊ Residence တစ်စတုရန်းပေလျှင် ကျပ် ၆၅ဝဝဝ မှ ကျပ် ၇၅ဝဝဝ စသည်ဖြင့် သတ်မှတ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ၂ဝ၁၃ အောက်တိုဘာလအတွင်း ထုတ်ပြန်ခဲ့သည့် အိမ်ခြံမြေဈေးနှုန်းများသည် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် ဈေးနှုန်းများထက် သိသာစွာလျော့နည်းခဲ့ပြီး အမြင့်ဆုံးသတ်မှတ်ချက်အဖြစ် တစ်ပေပတ်လည် ကျပ် ၃၂၅ဝဝဝ မှ အနိမ့်ဆုံး ၃၅ဝဝဝ အတွင်းသာ သတ်မှတ်ခဲ့သည့်မြို့နယ်မှာ ဗဟန်းမြို့နယ်ဖြစ်ပြီး Down Town ဧရိယာ၏ ပြင်ပဖြစ်သော မရမ်းကုန်းမြို့နယ်တွင် တစ်ပေပတ်လည် ဈေးနှုန်းအား ကျပ် ၂ဝဝ မှ ၁၁ဝဝ သာ သတ်မှတ်ခဲ့ကြောင်း သိရသည်။ လက်ရှိထုတ်ပြန်သော နှုန်းများသည်လည်း ဈေးကွက်ပေါက်ဈေးထက် သိသာစွာနိမ့်ပါးနေသည့် ဈေးများဖြစ်ကြောင်း သိရသည်။

“အိမ်ခြံမြေဈေးဆိုတာက အခွန်ဆောင်လို့ကောင်းအောင် သတ်မှတ်ပေးထားတာ။ ဆောင်တယ်မဆောင်ဘူးဆိုတာက ရောင်းသူဝယ်သူအပေါ်ပဲ မူတည်တာ။ ဈေးကွက်အရောင်းအဝယ် ဆိုတာကလည်း ရောင်းသူနဲ့ ဝယ်သူအပေါ်ပဲ မူတည်တယ်” ဟု အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောကြားသည်။ “အခွန်စနစ်က အားနည်းတယ်။ တိတိကျကျ အခွန်ကောက်သင့်တယ်လို့ ပြောတာက သာမန်တိုက်ခန်း အငှားအရောင်းလေးတွေကို ပြောတာမဟုတ်ဘူး။ တကယ့် လက်ကြီးသမားတွေ၊ ဈေးကစားတဲ့သူတွေကို ထိထိရောက်ရောက်ကိုင်တွယ်ဖို့ ပြောတာပါ။ တကယ်လို့ ဒီသာမန်တိုက်ခန်း အငှားအရောင်းလေးတွေ အပေါ်မှာ ပိုက်စိပ်တိုက်ပြီး လိုက်ကောက်မယ်ဆိုရင် အဲဒါကို စားသုံးသူကပဲ ကျခံရမှာ။ အဲဒါဆို စနစ်က Counterproductive ဖြစ်သွားလိမ့်မယ်” ဟု ဥပဒေပညာရှင်တစ်ဦးက ဆိုသည်။ “ဒီကိစ္စကို ဖြေရှင်းဖို့က လွယ်လွယ်လေးပါ။

အိမ်ခြံမြေဈေးကွက်ထဲကို တရားမဝင်ငွေကြေးတွေ ဝင်ရောက်လာတာကို ဘယ်လိုဖြေရှင်းမလဲဆိုရင် ဒီလောက်များတဲ့ ငွေကြေးတွေကို သူဘယ်ကရလဲဆိုတာ လိုက်လိုက်ရုံပဲ။ ဥပမာ-ဝန်ထမ်းဆိုပါတော့။ ဝန်ထမ်းရဲ့လခနဲ့ ဒီလောက်ငွေကြေးကို ဘယ်နှနှစ်ရှာမှ ရနိုင်မလဲ တွက်ကြည့်လိုက်။ ဥပမာ-အသက် ၂ဝ လောက်နဲ့ လူတစ်ယောက်က သိန်းလေးငါးခြောက်ထောင် ဝယ်တယ်ဆိုတာ ဖြစ်နိုင်မလား။ ဝင်ငွေရလမ်း ဖော်ပြနိုင်တယ်ဆိုရင် ဘယ်လိုရလာလဲ။ ဥပမာ-သွင်းကုန်ထုတ်ကုန်လုပ်ပြီး ရထားတယ်ဆိုတဲ့ အထောက်အထား ရှိသလား။ ထီပေါက်ပြီး ရထားတာလား။ ဒီခေတ်မှာ လွယ်လွန်းလို့ပါ။

ဥပမာ-အမည်ပေါက်မဟုတ်ဘဲနဲ့ ဝယ်တာကျတော့လည်း သူ့ကိုဆက်လိုက်လို့ရှိရင် နာမည်အရင်းနဲ့ ဘယ်သူဝယ်လဲဆိုတာ ပေါ်လာမှာပဲ။ ဥပမာ-ငွေမဲပိုင်တဲ့ သူတစ်ယောက်က သူကိုယ်တိုင်မဝယ်ဘူး။ သူ့တပည့်နာမည်နဲ့ဝယ်မယ်။ ဆိုရင် သူ့တပည့်ကိုစစ်လိုက်။ ပေါ်လာမှာပဲ” ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းမောင်(စစ်တွေ)က ပြောကြားခဲ့သည်။ လက်ရှိမြန်မာနိုင်ငံ၏ အနေအထားသည် တရားဥပဒေစိုးမိုးမှု အားနည်းနေသည့်အတွက် ယင်းကဲ့သို့ ငွေမည်းများ ဝင်လာခြင်းဖြစ်ကြောင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းနေမှုနှင့် ပတ်သက်ပြီး ယင်းပြဿနာများ ဖြစ်ပေါ်နေသော်လည်း ဖြေရှင်း၍မရသည့် အကြောင်းတရားများ မဟုတ်ကြောင်း၊ ထို့ကြောင့် တရားဥပဒေစိုးမိုးမှုမှာလည်း အခွန်စနစ်ကဲ့သို့ အရေးကြီးကြောင်း ၎င်းက သုံးသပ်ခဲ့သည်။

ငွေကြေးခဝါချသူများအား သတင်းအတိအကျရပါက လာရောက်တိုင်ကြားနိုင်ကြောင်း၊ မြန်မာနိုင်ငံတွင် အချိန်တိုတိုအတွင်း ကြီးပွားချမ်းသာသူများ၏ နောက်ကွယ်တွင် မည်သည့်လုပ်ငန်းများ လုပ်ကိုင်နေသည်ကို စုံစမ်းဖော်ထုတ်သွားမည်ဖြစ်ကြောင်း ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့(FIU) မှ ဒုတိယတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ဝင်းသိန်းက ဩဂုတ် ၂၂ ရက် ရန်ကုန်မြို့ ကုန်သည်များနှင့် စက်မှုလက်မှုအသင်းချုပ်တွင် ကျင်းပသော ငွေကြေးခဝါချမှုတိုက်ဖျက်ရေး ဆွေးနွေးပွဲတွင် ပြောကြားသည်။

“ကျွန်တော့်အထင်ကတော့ အခုဖြစ်နေတာတွေက တရားဥပဒေရဲ့ အားနည်းချက်နဲ့ ပတ်သက်နေတယ်လို့ ထင်ပါတယ်။ တရားဥပဒေရဲ့ ကိုင်တွယ်မှုမှာ No one above the Law လို့ပြောတယ်။ ဆိုလိုတာကတော့ တရားဥပဒေရဲ့အထက်မှာ တစ်ယောက်မှ မရှိရဘူးပေါ့။ အပေါ်မှာလည်း တစ်ယောက်မှမရှိဘူး။ အောက်ကြည့်တော့လည်း တစ်ယောက်မှမရှိဘူးဆိုတဲ့ သဘောဖြစ်နေတယ်” ဟု ဒေါက်တာမောင်မောင်စိုးက ပြောကြားသည်။


Credit: eleven

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
ထိတ်လန့်စရာ ! ငွေလာချေးကြမှာစိုးရိမ်လို့ အွန်လိုင်းက မရပ်မနားဈေးဝယ်တဲ့ အမျိုးသမီးကြီး နောက်ဆုံးရွေးချယ်လိုက်ရတဲ့ ထူးဆန်းသောနည်းလမ်း...
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
အံ့ဖွယ် လယ်သမားကြီး ! အသက် ၆၀ ကျော် လယ်သမားကြီးရဲ့ လက်လုပ် ရေငုပ်သင်္ဘော
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
ဒေလီမြို့က သရဲခြောက်တဲ့ညောင်ပင်ကြီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
တရုတ်ပြည်တွင် ရေနေဇီဝမျိုးကွဲတို့ကို ထိန်းသိမ်းရန်အတွက် ဆည်ပေါင်း ၃၀၀ ဖျက်သိမ်းပြီးစီး
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
ရိုးမရိပ်သာ တန်ဖိုးနည်းအိမ်ရာ အခန်းနေရာမဲနှိုက်ခြင်းကို ဇွန်လ ၂၆ ရက်မှ ၂၈ ရက်အထိ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service