နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြည်တွင်းသို့ ၀င်ရောက်နေသော် လည်း နိုင်ငံခြားသားများ လာ ရောက်နေထိုင်မှု နည်းလာသဖြင့် ကွန်ဒိုတိုက်ခန်း ငှားရမ်းခလျော့ ကျလာကြောင်း မြန်မာနိုင်ငံ အိမ် ခြံမြေ၀န်ဆောင်မှု လုပ်ငန်းရှင် များ အသင်းမှ သတင်းရရှိသည်။
‘‘နိုင်ငံခြားသားတွေက ထင် သလောက် မလာတော့ ဈေး လျော့လာတာပေါ့’’ ဟု မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင်မှ မန်နေဂျင်းဒါရိုက်တာ ဦးသန်းဦးက ပြောသည်။
ပြည်တွင်းမှ ကွန်ဒိုအငှား ဈေးကွက်သည် နိုင်ငံခြားသားများ ကို ဦးတည်ထားရာတွင် လက်ရှိ အချိန်၌ ထုတ်ကုန်လုပ်ငန်းများ နှင့် သက်ဆိုင်သော ကျွမ်းကျင် ၀န်ထမ်းများ၊ ပညာရှင်များ လာ ရောက်နိုင်ခြင်း မရှိသဖြင့် ဈေး လျှော့ချကာ ငှားရမ်းလာသည်ဟု ဆိုသည်။‘‘အငှားကတော့ သီတင်း ကျွတ်နောက်ပိုင်းမှာ ပိုလာတယ်။ ပြည်တွင်း အငှားတွေပါ’’ ဟု ကြယ်စင်လင်း အိမ်ခြံမြေအကျိုး ဆောင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပြည်တွင်းအိမ်ခြံမြေ ဈေး ကွက်တွင် အိမ်ခန်းအငှားများကို အခွန်ကောက်ခံရန် စီစဉ်ပြီး နောက် ငှားရမ်းခဈေးနှုန်းများ မြင့်တက်လာမည်ကို ပြည်သူများ စိုးရိမ်နေကြသည်။
လက်ရှိ ပြည်တွင်းအိမ်ခြံမြေ ဈေးကွက်တွင် တန်ဖိုးကြီးအိမ်မြေ များမှာ အရောင်းအ၀ယ် မဖြစ်ဘဲ တန်ဖိုးနည်းအိမ်မြေများသာ အနည်းငယ် အရောင်းဝယ်ရှိ ကြောင်း အိမ်ခြံမြေအကျိုးဆောင် များထံမှ စုံစမ်းသိရသည်။
ပြည်တွင်း အိမ်ခြံမြေဈေး ကွက်သည် နိုင်ငံတော်အစိုးရ၏ စီမံကိန်းရှိသော နေရာများမှအပ ကျန်ဧရိယာတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အရောင်းအ ၀ယ်အေးနေကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေအကျိုးဆောင်အသင်း မှ သိရသည်။
Credit: 7 Day Daily