အိမ်ခြံမြေ ဝယ်ယူ ရာတွင် ရောင်းချသူ၏ နိုင်ငံသားစိစစ်ရေးကတ်ကို တိုက်ဆိုင်စိစစ်ရန်လိုအပ်ခြင်း

အိမ်ခြံမြေ ဝယ်ယူ ရာတွင် ရောင်းချသူ၏ နိုင်ငံသားစိစစ်ရေးကတ်ကို တိုက်ဆိုင်စိစစ်ရန်လိုအပ်ခြင်း - Property Knowledge in Myanmar from iMyanmarHouse.com
23 Oct 2014 11:46 am တွင် တင်ခဲ့သည်
1962 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

ဝယ်ယူသူ အနေဖြင့်ဖြစ်စေ ၊ အကျိုးဆောင် အနေဖြင့်ဖြစ်စေ ၊ အိမ်ခြံမြေ အရောင်းအဝယ် အရပ်စာချုပ် ရေးသားချုပ်ဆိုကြရာတွင် ပိုင်ရှင်ဖြစ်သူ ရောင်းချသူ ၏အမည် မှတ်ပုံတင်လိပ်စာကို ၎င်း၏ပြောပြချက်အရသာ ရေးသားဖော်ပြလေ့ရှိပြီး အဆိုပါ ပိုင်ရှင်ဖြစ်သူ ၊ ရောင်းချသူ ၏အမည်နှင့် ၎င်းကိုင်ဆောင်သည့် မှတ်ပုံတင်ကို တိုက်ဆိုင်စိစစ်ရန် ဝန်လေတတ် သတိမထားမိတတ် ဖြစ်တတ်ကြပါသည်။

များသောအားဖြင့် ရောင်းချသူ ၊ ပိုင်ဆိုင်သူ၏ အမည်နှင့်၎င်းမှတ်ပုံတင်ကို တိုက်ဆိုင်စစ်ဆေးခြင်းမရှိဘဲ အိမ်ခြံမြေ အရောင်းအဝယ်စာချုပ် ရေးသားချုပ်ဆိုလေ့ ရှိကြပါသည် ။

ရောင်းသူနှင့်ဝယ်သူအချင်းချင်းသိကျွမ်းရင်းနှီးပြီးသား ဖြစ်လျှင်အကြောင်းမဟုတ်သော်လည်း ရင်းနှီးသိကျွမ်းသူများ မဟုတ်လျှင် အမှန်တကယ် ပိုင်ရှင်ဟုတ်၊ မဟုတ် သေချာစေရန်အတွက် ၎င်း၏ မှတ်ပုံတင်နှင့် တိုက်ဆိုင်စစ်ဆေးရန် လွန်စွာအရေးကြီးပေသည်။

ပိုင်ရှင်ဖြစ်သူ ၊ ရောင်းချသူအနေဖြင့်လည်း အမှန်တကယ်ပိုင်ဆိုင်သူဖြစ်ကြောင်း ဖော်ပြနိုင်ရန်အတွက် ဝန်လေးခြင်း ၊ စိတ်ကွက်ခြင်းမပြုဘဲဝတ္တရားအရ မိမိကိုင်ဆောင်သည့် မှတ်ပုံတင်ကို ပြသစိစစ်ခံရန် လိုအပ်ပါသည်။

တာဝန်ယူ ရေးသားချုပ်ဆိုပေးသူများအနေဖြင့် တာဝန်ကျေရန် အမှားအယွင်း ချို.ယွင်းမှုမရှိအောင် အထူးသတိပြုရမည့်အချက်ဖြစ်သကဲ့သို. ဝယ်သူအနေဖြင့်လည်း နစ်နာဆုံးရှူံးမှု မဖြစ်ပေါ်စေရေးအတွက် သတိထားရမည့်အချက် ဖြစ်ပါသည်။

စာချုပ်စာတမ်းများမှာ အစစ်အမှန်များဖြစ်သော်လည်း တစ်ခါတစ်ရံအဆိုပါစာရွက်စာတမ်းများမှာ ခေတ္တပေါင်းနှံထား၍သော်လည်းကောင်း ၊ ယုံကြည်အပ်နှံခြင်းဖြင့် လည်းကောင်း အကြောင်းအမျိုးမျိုးဖြင့်တခြားတစ်စုံ တစ်ယောက်ထံ ရောက်ရှိနေတတ်ရာ စာချုပ်စာတမ်းအစစ်များပြတိုင်း ပိုင်ရှင်အစစ်အမှန်ဟု တစ်ထစ်ချမပြောနိုင်ပေ ။

တစ်စုံတစ်ယောက်က အဆိုပါစာရွက်စာတမ်း စာချုပ်စာတမ်းများရယူ၍ရယူ၍ ပိုင်ရှင်အစစ်အမှန်ဟန်ဆောင်ကာ လက်ညှိုးထိုး လမ်ညာရောင်းချခြင်းများရှိတတ်သဖြင့်စာချုပ်စာတမ်းအစစ်အမှန်များ ပြသသော်လည်း ရောင်းချသူသည် ပိုင်ရှင်အစစ်အမှန်ဟုတ်၊ မဟုတ် မှန်၊ မမှန် စိစစ်ရန် အထူးအရေးကြီးပေသည်။

အဆိုပါ ရောင်းချသူ၏မှတ်ပုံတင်ကို တောင်းယူစိစစ်ကြည့်ရန် လိုအပ်ပါကြောင်း ၊အရောင်းအဝယ်ညှိနှိုင်းစဉ် အပြန်အလှန် သဘောတူညီမှုများ ဆွေးနွေးစဉ်ကပင် ကြိုတင်အသိပေး ပြောဆိုညှိနှိုင်းထားရန် လိုအပ်ပါသည်။ ဝယ်သူအနေဖြင့် အရောင်းအဝယ် စရန်မပေးချေမီတွင်ပင် အဆိုပါရောင်းချသူ၏မှတ်ပုံတင်စိစစ်ရန်ကိစ္စကို ဆောင်ရွက်ရန် လိုအပ်ပါသည်။

Credit: winningland

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
အပတ်စဉ် အိမ်ခြံမြေဥပဒေအရေး ဆွေးနွေးအဖြေရှာ...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
စုပေါင်းပိုင်ကွန်ဒို လုပ်ငန်းလိုင်စင်လျှောက်ထားခြင်းနှင့် တည်ထောင်ခွင့်ပြုမိန့်လျှောက်ထားခြင်းအကြောင်း...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
လယ်ယာမြေ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှါးရမ်းခြင်းနှင့် စပ်လျဉ်း၍ လိုက်နာရမည့်အချက်အလက်များ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ...
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
အိမ်ခြံမြေအရေး သိလိုသမျှမေး ...
ခေါင်မိုးဧရိယာတွက်နည်း
ခေါင်မိုးဧရိယာတွက်နည်း
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service