ယခုဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းအတွင်း မြေတစ်ပေပတ်လည် ကျပ်လေးသိန်းဖြင့် ဗဟန်းမြို့နယ်နှင့် မြို့နယ်လေးခုတွ

ယခုဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းအတွင်း မြေတစ်ပေပတ်လည် ကျပ်လေးသိန်းဖြင့် ဗဟန်းမြို့နယ်နှင့် မြို့နယ်လေးခုတွ - Property News in Myanmar from iMyanmarHouse.com
10 Oct 2014 11:32 am တွင် တင်ခဲ့သည်
1572 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများ၏ တစ်ပေပတ်လည် ဈေးနှုန်းများအား ယခုဘဏ္ဍာနှစ်အတွက် ထုတ်ပြန်ခဲ့ပြီး အမြင့်ဆုံးမြေဈေးနှုန်းအဖြစ် တစ်ပေပတ်လည်လျှင် ကျပ်လေးသိန်းဖြင့် ဗဟန်းမြို့နယ်၊ ကမာရွတ်မြို့နယ်၊ စမ်းချောင်းမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်များတွင် အမြင့်ဆုံးသတ်မှတ်ခဲ့ပြီး တစ်ပေပတ်လည် တိုက်ခန်းဈေးနှုန်းများအား မြို့တွင်း ခြောက်မြို့နယ်၌ ကျပ် ၁၀၁၅၀၀ ဖြင့် အမြင့်ဆုံးသတ်မှတ်ခဲ့ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့မှ အောက်တိုဘာ ၇ ရက်က ထုတ်ပြန်ခဲ့သည်။

မြို့တွင်း ခြောက်မြို့နယ်ဖြစ်သည့် လမ်းမတော်၊ ပန်းဘဲတန်း၊ လသာ၊ ဗိုလ်တထောင်၊ ဒဂုံ၊ စသည့်မြို့နယ်များတွင် အနိမ့်ဆုံး ကျပ် ၁၇၅၀၀၀မှ အမြင့်ဆုံး ကျပ်လေးသိန်းအထိ သတ်မှတ်ထားပြီး လမ်းအနေအထား၊ လုံးချင်းအိမ်ရာ၊ စီးပွားရေးလုပ်ဆောင်ရန် ကောင်းမွန်သောနေရာ အစရှိသည်ဖြင့် နေရာအနေအထားအလိုက် မြေတစ်ပေပတ်လည် ဈေးနှုန်းများအား သတ်မှတ်ပေးခဲ့ပြီး အဆိုပါနေရာများ၏ ဈေးကွက်အမှန်ပေါက်ဈေးမှာ တစ်ပေပတ်လည်လျှင် ကျပ် ငါးသိန်းခန့်မှ ကျပ် ၁၀ သိန်းအကြား နေရာအလိုက် ဈေးကွက်ပေါက်ဈေးများ ဖြစ်ပေါ်နေသည်။

တစ်ပေပတ်လည်လျှင် ကျပ်လေးသိန်းဖြင့် ဗဟန်းမြို့နယ်၊ ကမာရွတ်မြို့နယ်၊ စမ်းချောင်းမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်များတွင် အမြင့်ဆုံးသတ်မှတ်ခဲ့ပြီး အဆိုပါနေရာများတွင် တစ်ပေပတ်လည် ဈေးနှုန်းမှာ အနိမ့်ဆုံး ကျပ် ၈၀၀၀၀ အတွင်းသာ သတ်မှတ်ထားကြောင်း သိရသည်။ တစ်ပေပတ်လည် တိုက်ခန်းများ၏ ဈေးနှုန်းများ သတ်မှတ်ရာတွင် မြို့တွင်း ခြောက်မြို့နယ်အပါအ၀င် မြို့နယ်အများစုတွင် လမ်းမကြီးများရှိ စီးပွားရေးအချက်အချာကျ နေရာများ၊ လူနေထိုင်ရာနေရာများအတွက် တစ်စတုရန်းပေလျှင် ကျပ် ၇၅၀၀၀ မှ ကျပ် ၁၅၀၀၀၀ အထိ သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး လမ်းကျယ်များနှင့် အတွင်းတွင်မူ ကျပ် ၆၅၀၀၀ မှ ကျပ် ၁၀၀၀၀၀ အကြား သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး အနိမ့်ဆုံးနှုန်းအဖြစ် ကျပ် ၁၈၀၀၀ သာ သတ်မှတ်ခဲ့ပြီး အထပ်မြင့်အနေအထားအလိုက် သတ်မှတ်ချက် လျော့ကျခဲ့ကြောင်း သိရသည်။

တစ်ဧကလျှင် ကျပ် သိန်း ၃၀၀၀ မှ ကျပ်သိန်း ၈၀၀၀ အထိ ပေါက်ဈေးရှိနေသည့် လှိုင်သာယာရှိ ရွှေလင်ဗန်းစက်မှုဇုန်တွင် တစ်ဧက ကျပ်သိန်း ၂၀၀၀ နှင့် ကျပ် သိန်း ၁၉၀၀ အကြား အမြင့်ဆုံးသတ်မှတ်ခဲ့ပြီး ကျန်စက်မှုဇုန်များတွင်မူ တစ်ဧကလျှင် ကျပ် သိန်း ၁၀၀၀ မှ ကျပ်သိန်း ၁၃၀၀ အကြားသာ အမြင့်ဆုံးသတ်မှတ်ခဲ့ကြောင်း သိရသည်။

၂၀၁၃ ခုနှစ် အောက်တိုဘာအတွင်း ထုတ်ပြန်ခဲ့သည့် အိမ်၊ ခြံ၊ မြေဈေးနှုန်းများသည် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် ဈေးနှုန်းများထက် သိသာစွာလျော့နည်းခဲ့ပြီး အမြင့်ဆုံးသတ်မှတ်ချက်အဖြစ် တစ်ပေပတ်လည်လျှင် ကျပ် ၃၂၅၀၀၀ မှ အနိမ့်ဆုံး ကျပ် ၃၅၀၀၀ အတွင်းသာ သတ်မှတ်ခဲ့သည့် ဗဟန်းမြို့နယ်ဖြစ်နေပြီး စည်ပင်သာယာနယ်နိမိတ်ပြင်ပဖြစ်သည့် ခရမ်းမြို့နယ်တွင် တစ်ပေပတ်လည်ဈေးနှုန်းအား ကျပ် ၂၀၀ မှ ကျပ် ၁၁၀၀ သာ သတ်မှတ်ပေးခဲ့ကြောင်း သိရသည်။

လက်ရှိထုတ်ပြန်ခဲ့သည့် နှုန်းထား များသည်လည်း ဈေးကွက်ပေါက်ဈေးထက် သိသာစွာနိမ့်ပါးနေသည့် နှုန်းထားများသာ ဖြစ်နေဆဲဖြစ်ကြောင်း သိရသည်။ အောက်တိုဘာ ၈ ရက်တွင် ထုတ်ပြန်ပေးမည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်၊ ခြံ၊ မြေရောင်းဝယ်မှုများ ပြုလုပ်ရာတွင် ယခင်သတ်မှတ်ထားသည့် ဈေးနှုန်းများအစား လက်ရှိတိုးမြှင့်လာသည့် ဈေးနှုန်းများအတိုင်း ပြင်ဆင်သတ်မှတ်သည့် မြေစံနှုန်းများကို ရန်ကုန်တိုင်းဒေသကြီး ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ရုံးနှင့် ကျောက်တံတား မြို့နယ် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် ကြေညာပေးထားမည်ဖြစ်ကြောင်း သိရသည်။ တန်ဖိုးသတ်မှတ်ရာတွင် စံနှုန်းပါ သတ်မှတ်တန်ဖိုးများနှင့် အခွန်ထမ်းတင်ပြသည့် တန်ဖိုးအနက် များရာတန်ဖိုးကို စံတန်ဖိုးအဖြစ် သတ်မှတ်သွားမည်ဖြစ်ကြောင်း သိရသည်။


Credit: Eleven
ယခုဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းအတွင်း မြေတစ်ပေပတ်လည် ကျပ်လေးသိန်းဖြင့် ဗဟန်းမြို့နယ်နှင့် မြို့နယ်လေးခုတွ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
Mark Zuckerberg နဲ့ Jay-Z တို့လို ဒိတ်ဒိတ်ကြဲ အမေရိကန်ဘီလျံနာသူဌေးတွေ ဘာကြောင့် အိမ်ခြံမြေချေးငွေနဲ့ အိမ်ဝယ်ကြတာလဲ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
Emerald Bay Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service