ဥရောပအိမ်မြေယာဈေးကွက်

ဥရောပအိမ်မြေယာဈေးကွက် - Property News in Myanmar from iMyanmarHouse.com
9 Oct 2014 1:43 pm တွင် တင်ခဲ့သည်
1066 ကြိမ် ကြည့်ရှု့ပြီး
ဥပရောပတွင် အိမ်ယာမြေဈေးနှုန်းများသည် ပကတိအခြေအနေမှန်နှင့် ကင်းကွာလျက်ရှိသည်။ ထိုအိမ်ယာပူပေါင်းများကို အရှိန်လျော့ရန်မလွယ်လှပေ။ ဆွိဒင်နိုင်ငံ၌ ပူးတွဲ နေထိုင်ခြင်းဟူသည့်ဝေါဟာရများရှိသည်။ အိမ်ယာမြေ ဈေးနှုန်းများတက်နေသည့်ချိန်၌ ဝေါဟာရ အသစ်ပေါ်ပေါက်လာသည်။ထိုဝေါဟာရမှာ “မိခင်နှင့်အတူ နေထိုင်ခြင်း” ဟူသည့် ဝေါဟာရ ဖြစ်သည်။ အော့စလိုပြီးလျှင် စတော့ဟုမ်းသည်ဥရောပတွင် လျင်မြန်စွာ ကြီးထွားနေသော မြို့တော်ဖြစ်ပြီး ၂၀၃၀ တွင် လူဦးရေ ၅၀ ရာခိုင်နှုန်းတိုးမည်ဟုယူဆကြသည်။ သို့သော်လည်း အိမ်ယာဆောက်လုပ်နေသည့် ကရိန်းများကို အနည်းငယ်မျှသာတွေ့ရသည်။တစ်နှစ်လျှင် လူပေါင်း (၃) သိန်းခန့် ဝင်ရောက်လျက်ရှိသဖြင့် အိမ်ယာများကို အလုအယက်ရှာဖွေရယူကြရသည်။ ထိုအပြင် အတိုးနှုန်းစံချိန်တင် နိမ့်ကျမှုကြောင့် စတော့ဟုမ်းရှိ နေထိုင်သောသူများအနေဖြင့်အပေါင်နည်းဖြင့် များများစားစား ချေးငွေရယူနိုင်ကြသည်။ သို့ဖြစ်၍ ဆွိဒင်၌ အိမ်ယာဈေးနှုန်းများသည်၁၉၉၆ ခုနှစ်နောက်ပိုင်းတွင် (၃) ဆ တက်ပြီး အိမ်ထောင်စုများ၏ ကြွေးမြီသည် အခွန်ပေးဆောင်ပြီးဝင်ငွေ၏(၁၇၄) ရာခိုင်နှုန်းအထိ ရှိလာခဲ့သည်။ ထိုကြောင့် အိမ်ယာမြေဈေးနှုန်းများ ပူပေါင်းတစ်ခုလိုကြီးမားလျက်ရှိသည်။

ဆွိဒင်၌သာ ထိုသို့ဖြစ်နေသည် မဟုတ်ပေ။ ဇွန်လ၌ IMF က မူဝါဒများ ချမှတ်သူများသည်ကမ္ဘာတစ်ဝန်းတွင် နိုင်ငံအတော်များများ၌ အိမ်ယာမြေဈေးနှုန်းများ မြင့်မားနေခြင်းအတွက်ပိုမိုလုပ်ဆောင်ကြရန် ထောက်ပြခဲ့သည်။ မေလ၌ ဥရောပဗဟိုဘဏ်သည် ဘယ်လ်ဂျီယံ၊ ဖင်လန်နှင့်ပြင်သစ်တို့တွင် မြင့်မားနေသည့်ဈေးနှုန်းများကို ညွှန်ပြခဲ့ပြီး ဇူလိုင်လတွင် ဗြိတိန်၌ပူပေါင်းပေါက်မည့်အလားအလာများ တွေ့နေရသည်ဟု ဆိုသည်။ ထို နိုင်ငံအတော်များများသည် ဘဏ္ဍာရေးအကြပ်အတည်းမှအပြည့်အဝ ပြန်လည်ဦးမော့ခြင်း မရှိသေးပေ။

အကြပ်အတည်းမဖြစ်မီက စန်းပွင့်သည့်ဈေးကွက်ကို ကြုံတွေ့ရပြီးနောက်ဥရောပရှိ အိမ်ယာမြေဈေးကွက်၌ လမ်း ကြောင်းနှစ်ခုကို တွေ့ရသည်။ ဒိန်းမတ်၊ ဂရိ၊ အိုင်ယာလန်၊နယ်သာလန်၊ ပေါ်တူဂီနှင့် စပိန်တို့၌ အိမ်ယာမြေဈေးနှုန်းများ ကျဆင်းခဲ့ပြီး အချို့နိုင်ငံများ၌ဆက်လက်၍ ကျဆင်းနေဆဲဖြစ်သည်။ ဘယ်လ်ဂျီယံ၊ ဗြိတိန်၊ နော်ဝေနှင့် ဆွီဒင်တို့သည် ပြန်လည်ဦးမော့ခြင်း၊ အရှိန်ပြင်းပြင်းဦးမော့ခြင်းမပြုမီ အနည်းငယ်ကျဆင်းခဲ့သည်။ အိမ်ယာဈေးနှုန်းများနှင့်ငှားခတို့၏ အချိုးအစားသည် နော်ဝေ၌ ယခင်ကာလများ၏ ပျှမ်းမျှထက် (၆၅) ရာခိုင်နှုန်း၊ ဖင်လန်၌(၄၄) ရာခိုင်နှုန်းနှင့် ဗြိတိန်၌ (၄၃) ရာခိုင်နှုန်း မြင့်မားခဲ့သည်။ ဝင်ငွေများက အိမ်ယာဈေးနှုန်းကိုမှီအောင်မလိုက်နိုင်ပေ။ ဈေးနှုန်းနှင့် ဝင်ငွေအချိုးအစားသည် ဘယ်လ်ဂျီယံ၌ ကာလရှည်ပျှမ်းမျှနှုန်းထက်(၄၆) ရာခိုင်နှုန်းနှင့် ပြင်သစ်နိုင်ငံ၌ (၂၇) ရာခိုင်နှုန်းမြင့်မားနေသည်ကို တွေ့ရသည်။အချိုနိုင်ငံများ၌ ပို၍ဆိုးသည်။ စတော့ဟုမ်း၌ လွန်ခဲ့သည့်နှစ်တွင် အိမ်ခန်းများ၏ဈေးနှုန်းသည်(၁၁) ရာခိုင်နှုန်း တက်ခဲ့ရာ ယခင် ၁ နှစ်ကျော်က (၉) ရာခိုင်နှုန်းသာ တက်သည်ထက် ပို၍မြင့်မားလာခဲ့သည်။လန်ဒန်၌ နိုင်ငံခြားဈေးကစားသူများကြောင့် အိမ်ခန်းဈေးနှုန်း (၁၉) ရာခိုင်နှုန်း တက်ခဲ့သည်။

အိမ်ထောင်စုများ၏ ကြွေးမြီမှာလည်း စံချိန်တင်လောက်အောင် မြင့်မားလာခဲ့သည်။အိမ်များကို အပေါင်စနစ်ဖြင့် ဝယ်ယူခြင်းကြောင့် ကြွေးမြီများ မြင့်မားလာခြင်းဖြစ်သည်။နော်ဝေ၌ အိမ်များ၏ဈေးနှုန်းသည် ၁၉၉၅ ခုနှစ် နောက်ပိုင်းတွင် (၄) ဆ တက်လာပြီး အိမ်ထောင်စုများ၏အခွန်ဆောင်ပြီးဝင်ငွေ၏(၂) ဆ ကြွေးတင်လျက်ရှိသည်။

အမေရိကန် လူမျိုးများသည် ဥရောပတိုက်သားများထက် ပို၍အကြွေးတင်ကြသည်။သို့သော်လည်း အမေရိကန်သည် အခွန်ဆောင်ပြီးဝင်ငွေ၏ (၁၀၅) ရာခိုင်နှုန်းအောက်၌သာ အကြွေးတင်ပြီးယူရိုဇုန်၌ (၁၁၀) ရာခိုင်နှုန်းအထိ အကြွေး တင်နေကြောင်းတွေ့ရသည်။ ပူပေါင်းထဲ ရောက်နေသည် မရောက်နေသည်ကို မသိနိုင်သော်လည်း ကြွေးမြီများအလွန်များနေပြီဟုဆိုနိုင်ကြောင်း ဆွီဒင်ဗဟိုဘဏ်၏ ဥက္ကဋ္ဌဟောင်းကဆိုသည်။ သို့သော်လည်း အတိုးနှုန်း သက်သာစွာဖြင့်ဆက်လက်၍ ချေးယူနိုင်ကြပြီး အိမ်သစ်များ တိုးပွားမှုနှုန်း နည်းလာခြင်းကြောင့် ဈေးနှုန်းများဆက်လက် မြင့်မားနေဦးမည်ဖြစ်သည်။

ဗဟိုဘဏ်များက အိမ်ယာဈေးနှုန်းများ ကျဆင်းစေရန်အတွက် အတိုးနှုန်းကိုအသုံးပြု ဖြေရှင်းနိုင်ခြင်းမရှိပေ။ ဆွီဒင်က ၂၀၁၀ တွင် အတိုးနှုန်းကိုသုံး၍ ဖြေရှင်းရန်ကြိုးစားရာအောင်မြင်မှုမရဘဲ ဆိုးကျိုးများသာရရှိခဲ့သည်။ အလုပ်လက်မဲ့ ကျဆင်းမှု ရပ်သွားပြီး နိုင်ငံသည်ငွေကျုံ့တွမှုနှင့် ကြုံတွေ့ခဲ့ရသည်။ ထိုကြောင့် ၂၀၁၁ ခုနှစ်တွင် အတိုးနှုန်းကို ပြန်လည်လျှော့ချခဲ့ရသည်။ ငွေကြေးမူဝါဒကြောင့် ယူရိုဇုံတွင် အိမ်ယာဈေးနှုန်းများကို ထပ်မံ၍မြင့်မားစေပုံရသည်။ အဘယ်ကြောင့်ဆိုသော် ဥရောပဗဟိုဘဏ်က အတိုးနှုန်းများ ကျဆင်းစေရန်ရည်ရွယ်ချက်ဖြင့်ငွေချေးစာချူပ်များကို ပြန်လည်၍ဝယ်ရန် စဉ်းစားနေခြင်းကြောင့် ဖြစ်သည်။ ဘဏ်များနှင့်ငွေချေးသူများအား ထိန်းချူပ်သည့်နည်းလမ်းသည် ပျော့ပြောင်းသည့် နည်းလမ်းတစ်ခုဖြစ်သည်။လူအများ ချေးယူနိုင်သည့် ငွေကြေးပမဏကို ကန့်သတ်ခြင်း၊ ထိုမှတဆင့် ၄င်းတို့၏ အိမ်ထောင်စုဝင်ငွေကိုကန့်သတ်ခြင်းအားဖြင့် အိမ်ယာ ဝယ်ယူသူများအနေဖြင့် ဈေးကြီးပေးဝယ်ယူမှုကို ဟန့်တားနိုင်သည်။အပေါင်ခံချေးယူမှုများကို တားဆီးရန်အတွက် ဘဏ်များ၏လက်ဝယ်၌ ကိုင်ထားရမည့် ငွေကြေးပမာဏမြှင့်တင်သည့် နည်းကိုလည်း အသုံးပြုသည်။ နယ်သာလန်နိုင်ငံ၌ ထိုနည်းလမ်းများကို တင်းတင်းကြပ်ကြပ်ကျင့်သုံးရာ ထိရောက်သော အကျိုးသက်ရောက်မှုကိုလည်း ရရှိခဲ့သည်။ ၂၀၁၁ ခုနှစ်၌ယူရိုအကြပ်အတည်း အပြည့်အဝဖြစ်နေစဉ် အိမ်ယာ အပေါင်ခံငွေချေးမှုများသည် အိမ်ယာ ဈေးနှုန်း၏(၁၁၂) ရာခိုင်နှုန်းမျှအထိ ရှိသည်။ ထိုကြောင့်အိမ်ထောင်စုများ၏ ကြွေးမြီသည် ဥရောပတွင်အမြင့်ဆုံးအထိ ရောက်ရှိခဲ့သည်။

အာဏာပိုင်များကတားဆီးသည့် နည်းလမ်းအမျိုးမျိုးကို ကျင့်သုံးခဲ့သည်။ ဝယ်ယူသည့် ဈေးနှုန်း၏ ရာခိုင်နှုန်းမည်မျှကိုသာချေးယူရမည်ဟူသော ကန့်သတ်ချက်ပြုလုပ်ထားသည်။

၂၀၁၂ ခုနှစ်တွင် (၁၀၆) ရာခိုင်နှုန်းဟူ၍သတ်မှတ်ခဲ့ရာ ၂၀၁၈ တွင် (၁၀၀) ရာခိုင်နှုန်းသို့ ကျဆင်းသွားမည်။ ဘဏ်များ ကိုင်ဆောင်ထားသည့်အရင်းအနှီးလိုအပ်ချက်ကိုလည်း မြှင့်တင်ခဲ့သည်။ အစိုးရက အပေါင်ချေးငွေများအတွက် အခွန်ကင်းလွတ်ခွင့်ကာလကိုလည်း လျှော့ချခဲ့သည်။ ထိုသို့ဆောင်ရွက်သည့်နည်းလမ်းများအပြင် စီးပွားရေးကျဆင်းမှုကြောင့်(၃) နှစ် အတွင်း အိမ်ယာမြေဈေးနှုန်းကို (၂၀) ရာခိုင်နှုန်းကျဆင်းရန် ဆောင်ရွက်နိုင်ခဲ့သည်။သို့သော်လည်း နယ်သာလန် နိုင်ငံနှင့် အလားတူအိမ်ယာဈေးနှုန်းများတက်နေသောဘယ်ဂျီယံ၌ ၂၀၁၀ထိ အစိုးရကလက်ရှောင်သည့် မူဝါဒကို ကျင့်သုံးခဲ့သည်။ သို့ဖြစ်၍ နယ်သာလန်၌ အိမ်ယာဈေးနှုန်းများကျဆင်းနေချိန်တွင်ဘယ်ဂျီယံ၌ (၁၁) ရာခိုင်နှုန်းတက်ခဲ့သည်။ ဘယ်ဂျီယံ၏ ဈေးကွက်သည် ဈေးကြီးနေခဲ့သည်။

မူဝါဒချမှတ်သူများအနေဖြင့်အခက်အခဲကြုံရခြင်းမှာ ဥရောပ၏အိမ်ယာမြေ ဈေးကွက်သည် အဓိကမြို့ကြီးများ၌ ဈေးတက်နေခြင်းဖြစ်ပြီးကျန်သည့် ဒေသများက တိုးတက်မှု နှေးကွေးနေခြင်းကြောင့်ဖြစ်သည်။ အိုင်ယာလန်တွင် လူမနေသည့် အိမ် အများအပြားကို တွေ့ရသည်။တစ်နှစ်လျှင် အိမ်ယာ (၈၀၀၀) ခန့်လိုအပ်သော ဒဗ္ဗလင်၌ ယခင်နှစ်က (၁၄၀၀) ခန့်သာဆောက်ခဲ့သည်။ထိုကြောင့် ပြည်တွင်းအိမ်ယာဈေးနှုန်းထက် ဒေသအိမ်ယာဈေးနှုန်းများ လွန်ခဲ့သည့်နှစ်က(၂၃) ရာခိုင်နှုန်းတက်သွားစေသည်။ နိုင်ငံ၏ ကျန်ဒေသများ၌အိမ်ယာဈေးနှုန်းသည် (၅) ရာခိုင်နှုန်းခန့်တက်သည်ကိုတွေ့ရသည်။ ဥရောပ အရှေ့ပိုင်း တိုးတက်နေသော မြို့ကြီးများ၌ အိမ်ယာဆောက်လုပ်မှုအသစ်များသည် ဆောက်လုပ်မှု ကန့်သတ်ချက်များနှင့် တွေ့ကြုံနေရသည်။ နိုင်ငံရေးနည်း လမ်းများဖြင့်ဖြေရှင်းမှသာ ထိုကန့်သတ်ချက်များကို ဖြေရှင်းနိုင်မည်ဖြစ်သည်။ ဥရောပသမဂ္ဂ၌ တိုးပွားလာသည့်ဆောက်ပြီးသွားသည့် အိမ်သစ်သည် ၂၀၁၁ ခုနှစ်နှင့် ၂၀၁၃ ကြားတွင် သုံးပုံတစ်ပုံကျဆင်းခဲ့သည်။ဗြိတိန်၊ ဘယ်ဂျီယံနှင့် ဂျာမဏီဟူသော သုံးနိုင်ငံ၌သာ လွန်ခဲ့သည့်နှစ်ထပ်ပို၍ အိမ်များဆောက်နိုင်ခဲ့သည်။ပြင်သစ်၌ အိမ်ယာသစ်များ နည်းပါးသဖြင့် ဗွီဒီယိုရုံများ၊ ကားရုံများ၌ပင် တရားမဝင်နေထိုင်ကြရသည်ဟူသည့်သတင်းများ ပေါ်ထွက်လျက်သည်။

အချို့နိုင်ငံများကအိမ်ယာမြေလိုအပ်ချက်ကို လိမ္မာပါးနပ်စွာဖြေရှင်းနိုင်ခဲ့သည်။ ဗြိတိန်ဗဟိုအစိုးရက ရုံးခန်းများမှအစအကျဉ်း ထောင်များအဆုံး မြေယာများ အဆောက်အဦးများ အားလုံးကို မြေပုံဆွဲပြပြီး အများပြည်သူတို့အနေဖြင့်ထိုမြေများကို ထိထိ ရောက်ရောက် အသုံးပြုနိုင်ရန်အတွက် အကြံပေးကြရန် ဖိတ်ခေါ်ခဲ့သည်။လောလောဆယ်မရှိသင့်၊ မရှိထိုက် သည့် အိမ်ယာမှန်သမျှကို ထုတ်ရောင်းမည်ဟု ကြေညာခဲ့သည်။အခြားနည်းလမ်းတစ်ခုမှာ အသုံးမပြုသည့်ရုံးများ၊ ဆိုင်များကို အိမ်ယာများ အဖြစ် ပြောင်းလဲရန်ဖြစ်သည်။

ဆွိဒင်နိုင်ငံတွင်အထူးခြားဆုံးသော အိမ်ယာဈေးကွက်ကိုတွေ့ကြုံရသည်။ ဇူလိုင်လက မြေပိုင်ဆိုင်သူများအား၎င်းတို့ဥယျာဉ်အတွင်း၌ ခွင့်ပြုချက်မလိုဘဲ အိမ်ငယ်များ ဆောက်လုပ်ခွင့်ပြုခဲ့သည်။ (၂၅)စတုရန်းမီတာထက်မကြီး (၄) မီတာထက်မမြင့်သည့် အိမ်ယာများကိုခွင့်ပြုချက်မလိုဘဲဆောက်လုပ်နိုင်သည်။ထို
အိမ်ယာသည် သေးငယ်သော်လည်း မိခင်နှင့်နေထိုင်စရာမလိုသည့် အိမ်ယာဖြစ်သည်။

Credit: မောင်သက်မွန် (ငါန်းဇွန်)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ
ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
Magical World Apartment
Emerald Bay Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service