မန္တလေးမြို့၊ ပုသိမ် ကြီးမြို့နယ်ရှိ ရေတံခွန်တောင် ဂေါက်ကွင်းတွင် အဆင့်မြင့်အိမ် ရာများ၊ ဟိုတယ်များ၊ ကလေးက စားကွင်းများ တည်ဆောက်သွား မည်ဟု သတင်းရရှိသည်။
ရေတံခွန်တောင်ဂေါက်ကွင်းအတွင်း တည်ဆောက်မည့်လုပ် ငန်းများအတွက် ဆောက်လုပ်ရေးကုမ္ပဏီများအား ရက်ပိုင်းအတွင်း တင်ဒါခေါ်ယူမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီမှ တွဲဖက်အတွင်း ရေးမှူး ဦးသက်နိုင်ထွန်းက ပြော သည်။ ‘‘ရေတံခွန်တောင် ဂေါက် ကွင်းစလုပ်ကတည်းက ဒီစီမံကိန်း တွေက ပါပြီးသားပါ။ ဂေါက်ကွင်းထဲက စည်ပင်ပိုင်တဲ့ နေရာတွေမှာတည်ဆောက်မှာပါ’’ဟု ဦးသက် နိုင်ထွန်းက ပြောသည်။
အဆင့်မြင့်အိမ်ရာ၊ ဟိုတယ် နှင့် ကလေးကစားကွင်းများတည် ဆောက်ခြင်းအပြင် လက်ရှိဂေါက် ကွင်းကိုလည်း အဆင့်မြှင့်တင်မှု များ ပြုလုပ်မည်ဟု ဆိုသည်။ အ ဆိုပါ ရေတံခွန်တောင်ဂေါက်ကွင်းနေရာကို ၁၉၉၂ ခုနှစ်က ပုသိမ် ကြီးမြို့နယ်၊ ရေကြည်ညောင်ပင် ကျေးရွာမှ တောင်သူ၇၀ကျော်၏ မြေဧကပေါင်း (၆၀၀) ကျော်အား သိမ်းဆည်းခဲ့ခြင်းဖြစ်ပြီး တောင်သူများမှ ၎င်းတို့မြေယာများ ပြန်လည်ရရှိရန် နိုင်ငံတော် အကြီးအ ကဲများထံသို့ တင်ပြခဲ့ဖူးသည်။ သီးနှံလျော်ကြေးအဖြစ် တစ်ဧကလျှင် ကျပ်ငါးထောင်သာ ရရှိခဲ့ ကြောင်း ဒေသခံများက ပြော သည်။
ထို့ကြောင့် ရေတံခွန်တောင် ဂေါက်ကွင်းမှ မြေယာများ ပြန် လည်ရရှိရန် ဒေသခံများက သြ ဂုတ်လကုန်ပိုင်းက သတင်းစာရှင်း လင်းပွဲတစ်ခုပြုလုပ်ခဲ့ပြီး တောင်း ဆိုခဲ့ကြသည်။ မန္တလေးမြို့တော် စည်ပင်သာယာ တာဝန်ရှိသူများကမူ ယခုစီမံကိန်းကို စည်ပင် သာယာပိုင်မြေများတွင်သာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြား သည်။
ရေတံခွန်တောင်ဂေါက်ကွင်းသည် မန္တလေးနန်းမြို့ ကျုံး၏ အ ရှေ့ဘက် ပုသိမ်ကြီးမြို့နယ်တွင် တည်ရှိသည်။ ဂေါက်ကွင်းအတွင်းစီမံကိန်းများအပြင် ပုသိမ်ကြီးမြို့ နယ်ကိုလည်း ၂၀၁၅ ခုနှစ်အတွင်း မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ နယ်နိမိတ်အတွင်း ထည့်သွင်းရန် နှစ် (၃၀)စီမံကိန်း ၌ ရေးဆွဲထားသည်။
Credit: 7 Day Daily