ရန်ကုန်အိမ်ခြံမြေ အခွန်တိုးကောက်ဖို့ ပြင်

ရန်ကုန်အိမ်ခြံမြေ အခွန်တိုးကောက်ဖို့ ပြင် - Property News in Myanmar from iMyanmarHouse.com
8 Oct 2014 1:58 pm တွင် တင်ခဲ့သည်
1306 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်အလိုက်တစ်စတုရန်းပေ အကျယ်အဝန်း မြေကွက် ဈေးနှုန်းတွေရဲ့ တန်ဖိုး ကို အရင်ထက် တိုးပြီး သတ်မှတ်ဖို့ ရန်ကုန်တိုင်း အခွန်ဦးစီးဌာန အိမ်ခြံမြေ ကာလတန်ဖိုးစိစစ်ရေးအဖွဲ့က ပြင်ဆင်နေပါတယ်။

ပြည်တွင်းအခွန်ဦးစီးဌာနအိမ်ခြံမြေကာလတန်ဖိုးစိစစ်ရေးအဖွဲ့က နေ ရန်ကုန်တိုင်းဒေသကြီး မြို့နယ်အလိုက် တစ်စတုရန်းပေ အကျယ်အဝန်း မြေကွက်ဈေးနှုန်း တွေကို အရင်ကထက်ထက်ဝက်လောက်တိုးမြှင့်သတ်မှတ်မယ်ဆိုပြီးအိမ်ခြံမြေလုပ်ငန်းရှင် တွေကိုအကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။
အခု ထုတ်ပြန်မယ်လို့ ပြင်ဆင် နေတဲ့အိမ်ခြံမြေ ဈေးနှုန်းတွေ အရ တစ်စတုရန်းပေ မြေအကျယ်အဝန်း ဟာ ဗဟန်း၊ ကမာရွတ် ၊ စမ်းချောင်း မြို့နယ်တွေ မှာ ငွေကျပ် (၄)သိန်းလောက် အထိ ဈေးပေါက် နေတာပါ။ ဒီလို လုပ်တာ ဟာ အိမ်ခြံမြေ ရောင်းဝယ် နေသူတွေ အနေနဲ့ အခွန်လိမ်လို့ မရအောင်လုပ်တာဖြစ်ပြီးဒါကြောင့်လည်းအိမ်ခြံမြေ ဈေးနှုန်း မြင့်တက်လာမှာ မဟုတ်ဘူးလို့ ဘဏ္ဍဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောပါတယ်။ တကယ်တမ်း ပြည်တွင်း အိမ်ခြံမြေ ဈေးကွက် မှာ အရောင်းအဝယ် လုပ်တဲ့သူတွေ ဟာ ကြိုက်ရောင်း ကြိုက်ဝယ်ဈေးနဲ့ လုပ်နေတာ ဖြစ်ပြီး အခု သတ်မှတ်တဲ့ နှုန်းထားတွေ က တကယ်တမ်း ဈေးကွက်မှာ အရောင်းအဝယ် ဖြစ်နေတဲ့ ဈေးနှုန်းတွေ ထက်တော့ နည်းနေ ပါသေးတယ်။

ဒါပေမယ့်လည်းဒီသတ်မှတ်တဲ့တစ်ပေပတ်လည် ဈေးနှုန်းပေါ် မူတည်လို့ အခွန်အခတွေ တိုးကောက်တဲ့ အတွက် အိမ်ခြံမြေအရောင်း၊အဌား ဈေးနှုန်းတွေတက်လာပြီး ဈေးကွက် ကို ထိခိုက်စေတယ် လို့ စိုင်းခွန်နောင် အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီရဲ့ မန်နေဂျင်းဒါရိုက်တာဦးစိုင်းခွန်နောင် က ပြောပါတယ်။ လက်ရှိ အိမ်ခြံမြေ ဈေးကွက် မှာတော့ ပြည်တွင်းအခွန်ဦးစီးဌာနကိုအရောင်းအဝယ်ဖြစ်တဲ့ ငွေကြေးပမာဏပေါ် မူတည်ပြီး အခွန်ဆောင် ရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အိမ်ခြံမြေ အရောင်းအဝယ် လုပ်သူတွေ ဟာ တကယ်တမ်း ရတဲ့ ဈေးနှုန်းထက် လျှော့ပြီး အခွန်ပေးဆောင်နေသလို လုပ်ငန်းရှင်ကြီးတွေရဲ့ အိမ်ခြံမြေ ဈေးကွက်ထဲဝင်ရောက်အရောင်အဝယ်လုပ် ဈေးနှုန်းကစားမှုတွေနဲ့ အခွန်ရှောင်တိမ်းမှုတွေ ကလည်း ရှိနေပါတယ်။

Credit :ဘီဘီစီ(မြန်မာပိုင်း)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေဆုံး...

ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ်မှာ အနှိမ်ခံရတဲ့အကြောင်း၊ လူသွားစင်္ကြန်လမ်းမှာ အိပ်ရတဲ့အကြောင်း ပြောပြလာ...

တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင်ခုံလေးနှင့် ပြန်လည်ဆုံစည်းသည့်ဖြစ်ရပ်...

သူဌေးဖြစ်ချင် အလွယ်လေး ပြဿနာတွေ ဖြေရှင်းပေး (သို့မဟုတ်) DoorDash ၏ ဝက်ဝက်ကွဲအောင်မြင်မှုကြီး

ဟိုတယ်ခန်း ကြမ်းပြင်ပေါ် ဘောင်းဘီချွတ်ကာ အီးပါချခဲ့ပြီး လက်ဖြင့်ကိုင်ကာ နံရံတွင် လိုက်သုတ်ခဲ့သော အရွတ်တကာ့ထိပ်ခေါင် ရော့ခ်သူရဲကောင်းကြီး အော်ဇီ အော့စဘွန်း ကွယ်လွန်ရှာ...

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်တို့ ဇနီးမောင်နှံက ၈ နှစ်အရွယ်သမီးလေးကို အရက်ဆိုင်တွင် မေ့လျော့ ထားရစ်ခဲ့ပြီး အိမ်ပြန်ရောက်မှ သိခဲ့သည့်ဖြစ်ပုံ...

အိပ်မက်အရ ထီထိုးသောအမျိုးသား ဒေါ်လာ ၁ သန်း ကံထူး

တရုတ်ပြည်ရှိ ဘိုးဘွားရိပ်သာတစ်ခုတွင် အသက် ၁၀၂ နှစ်အရွယ် အဘိုးနှင့် အသက် ၈၅ နှစ်အရွယ်အဘွားတို့ မေတ္တာမျှခဲ့ကြမှု ပြည်မကြီးလူမှုကွန်ရက်တွင် နာမည်ကြီး၊ ၎င်းတို့၏ သားသမီးများက သဘောတူကြ...

အိပ်ပျော်ရင်း နှလုံးဖောက်နေတဲ့ အမျိုးသမီးကို သူ့ကြောင်လေးက အသက်ကယ်ပေးပုံ

ဂျော့ချ်ကလူးနေးက သူငယ်ချင်း ၁၄ ဦးကို ဘယ်လိုကျေးဇူးဆပ်ခဲ့လဲ

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ အိမ်လခပေးနိုင်ရန်အတွက် အလုပ်များစွာ လုပ်ကိုင်နေရရာ နောက်ဆုံးတွင် ထိုင်းနိုင်ငံသို့ ပြောင်

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ

အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ

အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀

၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ

ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်

ERC Luxury Condo
Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service