ရုရှားနိုင်ငံမှာရှိတဲ့ နေအိမ် တစ်လုံးဟာ ထူးခြားတဲ့ ပုံစံဖြစ်နေတာမို့ အံ့အားသင့် စရာ ဖြစ်ခဲ့ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီအိမ် ပုံစံဟာ ပြောင်းပြန် အနေအထား ဖြစ်နေလို့ပါပဲ။ ကမ္ဘာ မြေကြီးရဲ့ ဆွဲငင်အားကို ဆန့်ကျင်တဲ့ သဘောတရားပြသတဲ့ အနေနဲ့ အိမ်ကို ပြောင်းပြန်ပုံစံ ဖန်တီး ထားခြင်း ဖြစ်ပါတယ်။ ဒါကို အနုပညာ တစ်ရပ် အနေနဲ့ ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။
ရုရှားနိုင်ငံ၊Volgograd မြို့မှာ ထူးခြား တဲ့ အိမ်ပုံစံဒီဇိုင်းကို ဖန်တီးထားခြင်း ဖြစ်ပါ တယ်။ နေအိမ်ကို ပြောင်းပြန်လှန်ထားတဲ့ ပုံစံ ပြုလုပ် ထား တာမို့ ကြည့်ရသူတွေ အဖို့ အမြင်တစ်မျိုး ဖြစ်စေပါတယ်။ ဒါ့အပြင် နေအိမ်အတွင်းမှာ ထားရှိထားတဲ့ ပစ္စည်းတွေကလည်း ပြောင်းပြန် အနေအထားမျိုး ဖြစ်နေပါတယ်။ အိမ်ထဲကို ရုတ်တရက် ၀င်လိုက်လို့ ရှိရင် အရာရာဟာ ပြောင်းပြန် အနေအထားမျိုး မြင်တွေ့ ရမှာ ဖြစ်တာမို့ ထူးခြားတဲ့ ခံစားမှုကို ရရှိ သွားစေမှာ ဖြစ်ပါတယ်။
ထိုင်ခုံ၊ ရေနွေးခရား၊ အိုးအစရှိတဲ့ အရာဝတ္ထုတွေ အားလုံးဟာ ပြောင်းပြန် အနေအထားနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ရေခဲသေတ္တာ၊ အ၀တ်လျှော်စက် စတဲ့ အရာတွေ ဟာလည်း ပြောင်းပြန် ပုံစံမျိုး ဖြစ်နေပါတယ်။
ဒီလိုမျိုး ဖြစ်အောင် တမင်သက်သက် ဖန်တီးထားခြင်း ဖြစ်ပြီး လာရောက် ကြည့်ရှု သူတွေ အများအပြား ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီလို အနုပညာ ဖန်တီးမှုကို ပထမဆုံး အကြိမ် ပြုလုပ်ခဲ့ခြင်း မဟုတ်ပါဘူး။ အရင် ကလည်း ရုရှားနိုင်ငံမှာ အရာဝတ္ထု ပစ္စည်းတွေကို ပြောင်းပြန် ပုံစံမျိုး ဖြစ်အောင် ဖန်တီးပြသခဲ့ဖူးတယ်လို့ ဆိုထားပါတယ်။
Credit : Messenger